Saturday, September 2, 2023

Transmission and Distribution Insulator များအကြောင်း

 

ဒီတစ်ခေါက်တော့ Transmission and Distribution System တွေမှာ အသုံးပြုတဲ့ Insulator များနဲ့ ပတ်သက်ပြီး ရှာဖွေလေ့လာမိသမျှ ရေးသားဖော်ပြလိုက်ရပါတယ်။ ၁၁, ၃၃, ၆၆, ၁၃၂, ၂၃၀, ၅၀၀ ကေဗွီ စတဲ့ မြန်မာနိုင်ငံမှာ အသုံးပြုနေတယ်လို့ သိရတဲ့ ဗို့အားစနစ်တွေမှာ အသုံးပြုတဲ့ Insulator များ အကြောင်းဖြစ်ပါတယ်။

Insulator များဟာ လျှပ်စစ်အသုံးပြုတဲ့နေရာတိုင်းမှာ မရှိမဖြစ် အဓိကလိုအပ်တဲ့ပစ္စည်းတစ်ခု ဖြစ်ပါ တယ်။ အထက်က ဗို့အားစနစ်တွေမှာအသုံးပြုတဲ့ Insulator များကတော့ ကြွေသီး (Porcelain)၊ ဖန်သီး(Glass)၊ ပိုလီမာ(Polymer) နဲ့ ပေါင်းစပ်ပိုလီမာ (Composite) တို့ပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အနေနဲ့ ကြွေသီး(Porcelain) ကို (၄၅ %)၊ ပေါင်းစပ်ပိုလီမာ (Composite) ကို (၃၀%)၊ ဖန်သီး(Glass) ကို (၁၅%) နဲ့ ပိုလီမာ(Polymer)ကိုတော့ (၁၀%) လောက်သုံးနေကြပါတယ်။ Insulator တွေကို ဒီဇိုင်း လုပ်ရာမှာတော့ သူတို့ရဲ့ပုံသဏ္ဍန်၊ အရွယ်အစား နဲ့ Creepage Distance စတာတွေကို သုံးမယ့်ဗို့အား စနစ်နဲ့ Flashover ဖြစ်ပေါ်မှု ကာကွယ်နိုင်မှုတို့ကို ထည့်သွင်းစဉ်းစားတွက်ချက် ဆောင်ရွက်ရပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ ဗို့အားစနစ်များမှာအသုံးပြုမယ့် Insulator များနဲ့ပတ်သက်လို့ IEC Standard အရ Flashover Voltage နဲ့ Creepage Distance တန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

Voltage Level (kV)

Basic Impulse Level (BIL) (kV)

Switching Impulse Withstand (SIW) (kV)

Minimum Creepage Distance (mm)

11

95

70

320

33

200

170

840

66

350

330

1520

132

650

550

2800

230

1050

950

4600

500

2000

1700

8500

 

Insulator များနဲ့ပတ်သတ်လို့ ဒီဇိုင်းပြုလုပ်ရာမှာ အထက်ပါ Flashover Voltage များအရ Creepage Distance ကို တွက်ချက်ခြင်းကလည်း အရေးကြီးသည့် ကဏ္ဍတစ်ခုမှာပါဝင်ပါတယ်။ အဲဒီအတွက် ခန့်မှန်းမိအောင် ၆၆ ကေဗွီ စနစ်အတွက် Creepage Distance တွက်ချက်ပုံလေး အောက်မှာဖော်ပြပေး လိုက်ရပါတယ်-

Pollution Severity Factor for Medium Pollution: 0.20

Altitude Factor for 100 meters: 1.0

Voltage Factor for 66 kV: 1.1

Now, calculate: Creepage Distance = Pollution Severity Factor x Altitude Factor x Voltage Factor= 0.20 x 1.0 x 1.1 = 0.22 meters (220 mm)

ဒါကတော့ medium-pollution area မှာ ၆၆ ကေဗွီ ဗို့အားအတွက် လိုအပ်တဲ့ Creepage Distance ကို တွက်ချက်တာ ဖြစ်ပါတယ်။

တကယ်က အပေါ်ကတွက်ချက်တာမှာ Safety Margin မပါသေးပါဘူး။ Safety Margin ကို 1.5 ယူဆပြီးတွက်ကြည့်ရင် Creepage Distance= 220 mm x 1.5 = 330 mm ဖြစ်ပါတယ်။

ယခုတွက်ခဲ့တာကတော့ Rated Voltage အတွက် တွက်တာဖြစ်ပြီးတော့ အပေါ်ဇယားမှာ ပြထားတာကတော့ Flashover Voltage များပါ ထည့်သွင်းစဉ်းစားထားတဲ့ တန်ဖိုးဖြစ်ပါတယ်။

Insulator များဟာ ပုံမှန်ထိန်းသိမ်းပြုပြင်မှုဆောင်ရွက်ရန်လိုအပ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိဓာတ်အား ကွန်ယက်၏ ကြံခိုင်မှုနဲ့ ယုံကြည်စိတ်ချရမှု အဆင့်ကို ပိုမိုတိုးတက်စေနိုင်ပါတယ်။ ပုံမှန်ဆောင်ရွက် ရမယ့် ထိန်းသိမ်းပြုပြင်မှုများကတော့ အမှုန်ညစ်ပေမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် အခြားသက် ရောက်မှုများကြောင့် Insulator များ ညစ်ညမ်းမှုများကို Deionized Water နှင့် Brush ပျော့ပျော့တို့ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကွဲအက်ခြင်း၊ အစပဲ့ခြင်းနှင့် မျက်နှာပြင်ပျက်စီးခြင်း စသည်တို့ကို မျက်မြင်ပုံမှန် စစ်ဆေးပြုပြင်ခြင်း၊ အစိုဓာတ်နှင့် ညစ်ညမ်းမှုကို ကာကွယ်နိုင်သော Hydrophobic Coating များ အသုံးပြုခြင်း၊ လိုအပ်ပါက အသစ်လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နှစ်စဉ်မျက်မြင် စစ်ဆေးခြင်း၊ ညစ်ညမ်းဧရိယာအတွင်းကျရောက်သော Insulator များကို (၆) လ တစ်ကြိမ် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ (၂) နှစ်လျှင် (၁) ကြိမ် Coating  သုတ်လိမ်းခြင်း၊ (၃) လ (၁) ကြိမ် ညစ်ပေမှုများ ဖယ်ရှားခြင်း၊ လိုအပ်ချက်နှင့်အညီ လဲလှယ်ခြင်းတို့ကို မဖြစ်မနေဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

Insulator များ ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ရန်အတွက်  ထုတ်လုပ်သူများသာမက ဝယ်ယူသူများ ကလည်း သက်ဆိုင်ရာ Sample Insulator များကို ရယူ၍ စမ်းသပ်မှုများကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါသည်။ စမ်းသပ်ရာတွင် Routine Test အနေဖြင့် တပ်ဆင်ရာတွင် ကြံခိုင်မှုလိုအပ်ချက် မှီ/ မမှီ သိရှိနိုင်ရန်အတွက် Mechanical tests (tensile and compressive strength), အမြင်တင့်တယ်မှု စစ်ဆေးခြင်းအတွက် Visual inspections for surface imperfections, ဒီဇိုင်းနှင့်ကိုက်ညီမှုရှိ/ မရှိ စိစစ်ရန်အတွက် Dimensions and tolerances checks, သက်ဆိုင်ရာ ဖော်ပြချက်များမှန်/ မမှန် စစ်ဆေးရန်အတွက် Verification of markings and labeling. များကိုလည်းကောင်း၊  Type Test အနေဖြင့် lightning impulses ခံနိုင်ရည်စမ်းသပ်သည့် Basic Impulse Level (BIL) test, Power Frequency Voltage အခြေအနေများအတွက် Power Frequency Dry Withstand Voltage (PFDWV) test in dry conditions နှင့် Power Frequency Wet Withstand Voltage (PFWWV) test under wet conditions, ရေဒီယိုလှိုင်းနှောက်ယှက်မှုပမာဏ စစ်ဆေးသည့် Radio Influence Voltage (RIV) test, အပူချိန်ပြောင်းလဲမှုအရ Insulator ၏ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးသည့် Thermal-Mechanical Performance(TMP) test တို့ကိုလည်းကောင်း Special Test အနေဖြင့် ညစ်ညမ်းသည့်အခြေအနေတွင် Insulator ၏ ကြံ့ခိုင်မှု၊ စွမ်းဆောင်နိုင်မှုကို ဆားမှုန့်ဖြန့်ကျဲချ သည့်အခန်းတွင်း စစ်ဆေးသည့် Pollution performance tests, တိုက်စားမှုခံနိုင်ရည်စစ်ဆေးသည့် Tracking and erosion tests, တပ်ဆင်မည့် ဒီဇိုင်းဝန်အားများခံနိုင်ရည်ရှိ/ မရှိ စမ်းသပ်သည့် Mechanical load tests under varying conditions,  သက်တမ်းခံနိုင်ရည် စမ်းသပ်သည့် Long-term aging tests to assess insulator durability စသည်တို့ ဖြစ်ပါသည်။

ဈေးကွက်ထဲမှာရှိတဲ့ Insulator များကို အသုံးပြုဖို့စဉ်းစားတဲ့အခါ အနည်းဆုံးကြည့်ရမယ့် စံချိန်စံညွန်း တွေကတော့ Creepage Distance, Material Quality, Coating, UV Resistance Value, Radio Influence Voltage နဲ့ Mechanical Strength တို့ပဲ ဖြစ်ပါတယ်။

IEC Standard အရ Pollution Level သတ်မှတ်ချက်ကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်-

Light Pollution: Low pollution levels, common in urban and non-industrial areas.(ကျေးလက်ဒေသနှင့် စက်မှုဇုန်မရှိသည့်နေရာဒေသများ)

Medium Pollution: Moderate pollution levels, typical in suburban and semi-industrial areas.(မြို့နှင့် စက်မှုဇုန်အချို့ရှိသည့်နေရာဒေသများ)

Heavy Pollution: High pollution levels, found in industrial and coastal regions.(စက်မှုဇုန်ဧရိယာနှင့် ပင်လယ်ကမ်းခြေဒေသများ)

Severe Pollution: Extremely high pollution levels, prevalent in highly industrialized areas and coastal regions with salt contamination. (ညစ်ညမ်းမှုများလွန်းသည့် စက်မှုဇုန်များနှင့် ဆားဓာတ်များလွန်းသည့် ပင်လယ်ကမ်းခြေဒေသများ)

နောက်ဆုံးအနေနဲ့ ဖြည့်စွက်ဖော်ပြလိုတာကတော့ သဘာဝပတ်ဝန်းကျင်သက်ရောက်မှုဖြစ်ပါတယ်။ အပူချိန်မြင့်မားခြင်း၊ လေထုစိုထိုင်းဆ မြင့်မားခြင်း၊ UV သက်ရောက်မှုပမာဏများခြင်း တွေကလဲ Insulator များကို ကြီးမားတဲ့သက်ရောက်မှုရှိတာမို့ မိမိအသုံးပြုမယ့်ဒေသရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ အပေါ်မူတည်ပြီး Factor များကို လိုအပ်သို့ ထည့်သွင်းစဉ်းစားတွက်ချက်ရမှာဖြစ်ပါတယ်။

တစ်စုံတစ်ခု အသုံးဝင်မယ်လို့ယူဆပါတယ်၊ ကျန်းမာချမ်းသာကြပါစေဗျာ……….

https://www.facebook.com/profile.php?id=100086014254358, https://eleverse.blogspot.com/, တို့မှာလည်း Electrical Power နဲ့ပတ်သက်တာတွေ သိသမျှ၊ လေ့လာမိသမျှတွေကိုရေးပါတယ်။ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်………..

Sunday, August 27, 2023

Electrical Power သမားများအတွက် မြို့ပြအင်ဂျင်နီယာပညာအကြောင်း

 မြို့ပြအင်ဂျင်နီယာအပိုင်းကလဲ ဘာသာရပ်သီးသန့်ရှိပြီး ကျယ်ပြန့်လို့ ၎င်းအင်ဂျင်နီယာများလိုတော့ မသိပါဘူး။ ဒါပေမယ့် Electrical Power သမားတစ်ယောက်အနေနဲ့တော့ သိထားသင့်တယ်ထင်တာ လေးတွေကို ရှာဖွေလေ့လာမိသလောက် စုစည်းတင်ပြလိုက်ရပါတယ်။

မြို့ပြအပိုင်းအနေနဲ့ Site Surveying, Foundation နဲ့ Structure အပိုင်းတွေက အဓိကအားဖြင့် ပါဝင်ပါတယ်။

Foundation ဒီဇိုင်းဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်ရမယ့်အဆင့်တွေက ဘူမိဗေဒနည်းပညာဆိုင်ရာ အချက်အလက်များကောက်ယူဆန်းစစ်ခြင်း (Geotechnical Investigation)၊ ဝန်အားသက်ရောက်မှု ဆန်းစစ်ခြင်း (Load Analysis)၊ အုတ်မြစ်အမျိုးအစားရွေးချယ်ခြင်း (Foundation Type Selection)၊ ဒီဇိုင်းနှင့် အရွယ်အစားပမာဏ တွက်ချက်ပြုလုပ်ခြင်း (Design and Sizing)၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆန်းစစ်လေ့လာခြင်း(Structure Analysis)၊ တည်ဆောက်ရေးပြုလုပ်နိုင်ရန် သုံးသပ်ပြင်ဆင်ခြင်း (Construction Consideration) တို့ပဲဖြစ်ပါတယ်။

ဘူမိဗေဒနည်းပညာဆိုင်ရာ အချက်အလက်များကောက်ယူဆန်းစစ်ခြင်း (Geotechnical Investigation) ပြုလုပ်ခြင်းဆိုသည်မှာ မိမိတည်ဆောက်လိုသော အဆောက်အဦ၊ ဆည်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအလိုက် တည်ဆောက်မည့်နေရာရှိ မြေသားကို နမူနာယူပြီး စမ်းသပ်ရတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ Foundation အမျိုးအစား၊ Bearing Capacity လိုအပ်ချက်၊ မြေသား (သို့) မြေလွှာ အပြောင်းအလဲ၊ လက်ရှိအခြေအနေအရ ရရှိနိုင်တဲ့အချက်အလက်များ မှန်ကန်မှုအဆင့် (level of accuracy) စသည်တို့အပေါ်မူတည်၍ မြေသားနမူနာ မည်သည့်အတိုင်းအတာ အနက်ပမာဏကို ယူရမည်ကို ဆုံးဖြတ်ပါသည်။ တည်ဆောက်လိုသည့် စီမံကိန်းအမျိုးအစားအလိုက် ဘူမိဗေဒလိုအပ်ချက် အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါသည်။

မြေသားနမူနာများရပါက laboratory tests များအနေဖြင့် မြေသားတွင် Particle အရွယ်အစား မည်မျှဖြင့် ဖွဲ့စည်းထားသည်ကို စိစစ်သည့် Particle Size Analysis ပြုလုပ်ခြင်း၊ Water Content အရ မြေသား မာ၊ စေး၊ ပျော့နိုင်သည့် အကန့်အသတ်အခြေအနေ Atterberg Limits စမ်းသပ်ခြင်း၊ မြေသား၏ Deformation ခုခံနိုင်မှုနှင့် ဝန်ခံနိုင်ရည် Shear Strength စမ်းသပ်ခြင်း၊ ရေဖြတ်သန်းနိုင်မှုနှုန်း Permeability စမ်းသပ်ခြင်းများကို ပြုလုပ်ရပါသည်။

Site Test အနေဖြင့်လည်း မြေသား၏ သိပ်သည်းဆ၊ တင်းမာမှု၊ ခုခံမှု စသည်တို့ကို သိရှိနိုင်ရန် In-Situ Testing ကို Penetration Test (PT) များ ပြုလုပ်ရပါသည်။

၎င်းအပြင် Geophysical Surveys အဖြစ် မြေငလျင်ဆိုင်ရာအချက်အလက်များအပါအဝင် ယခင်က စီမံကိန်းဧရိယာတွင် အခြားဖြစ်နိုင်ချေရှိသော သက်ရောက်မှု ဆိုင်ရာအချက်အလက်များကိုလည်း ကောက်ယူရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဌာနများ၏ သဘောထားများ နှင့် ယခင်မိမိစီမံကိန်း ဝန်းကျင်အနီး ဆောင်ရွက်ခဲ့ဖူးသည့် အခြားစီမံကိန်းများ၏ အချက်အလက်များကိုပါ ရရှိနိုင်ပါက ကောက်ယူသင့်ပါသည်။

ဝန်အားသက်ရောက်မှု ဆန်းစစ်ခြင်း (Load Analysis) မှာတော့ မြေဆွဲအားသက်ရောက်မှုကို ထည့်သွင်း စဉ်းစားသော Vertical Load(Live Load and Dead Load)၊ ဘေးတိုက်ပြင်ပသက်ရောက်မှုကို ထည့်သွင်း စဉ်းစားသော Lateral Load or Horizontal Load(Wind Load and Seismic Load)၊ အေးခဲဒေသ များအတွက် Ice Load၊ လေ၊ မော်တော်ယာဉ်နှင့် Fault စသည်တို့ကြောင့် ဖြစ်ပေါ်နိုင်သည့် Dynamic Load၊ ၊ ဓာတ်အားလိုင်းများတွင် တိုင်တစ်ဖက်မှ ကြိုးပြတ်ခြင်းကဲ့သို့ Eccentric Loads or Longitudinal Load စသည်တို့ကို အပူချိန်၊ လေတိုက်နှုန်း၊ Icing စသည့် သဘာဝအခြေအနေ သက်ရောက်မှုများ အလိုက် တွက်ချက်ဆန်းစစ်၍ မိမိတည်ဆောက်မည့် Structure၊ အဆောက်အဦးနှင့် ၎င်းမှတဆင့် Foundation သို့ သက်ရောက်နိုင်မှု Loading ပမာဏများကို ဆန်းစစ်တွက်ချက်ရပါသည်။

အုတ်မြစ်အမျိုးအစားရွေးချယ်ခြင်း (Foundation Type Selection) ကို ဆောင်ရွက်ရာမှာ အထက်က ဘူမိဗေဒအချက်အလက်များအရ မြေသားခံနိုင်ရည်အခြေအနေ Bearing Capacity နဲ့ တည်ဆောက်မည့် အရာ၏ Load Analysis အရ ရရှိလာသော သက်ရောက်ဝန်အားများကို နှိုင်းယှဉ်၍ သင့်တော်သည့် အုတ်မြစ်ဒီဇိုင်းကိုရွေးချယ်ကြရပါသည်။ Standard Bearing Capacity အနေနဲ့တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

(၁) Cohesive (Clay) Soil: Around 100 kN/m² (2,000 psf) to 300 kN/m² (6,000 psf)

(၂) Non-Cohesive (Sand) Soil: Around 150 kN/m² (3,000 psf) to 400 kN/m² (8,000 psf)

(၃) Rock: Above 400 kN/m² (8,000 psf)

မြေသားကောင်း၍ ပေါ့ပါးသော Structure များအတွက် Spread Footing, Multiple Load Point သက်ရောက်မှုရှိသည့် Structure များအတွက် Mat Foundation(Raft Foundation)၊ နံရံ နှင့် Column Line များအတွက် Strip Footing၊ တိုင်တစ်ခုတည်း Footing များအတွက် Isolated Footing၊ မြေသားညံ့ခြင်း၊ Water Table မြင့်မားခြင်း စသည့်အခြေအနေများအတွက် Drilled Shafts (Drilled Piers or Caissons) Footing၊ Pile Foundation၊ Helical Piles(Screw-like Piles)၊ Caisson Foundations၊ Pier Foundations၊ Well Foundations၊ Floating Foundation၊ မြေထိန်းနံရံများ၊ ခြံစည်းရိုးများအတွက် Trench Foundation စသည်ဖြင့် အမျိုးမျိုးရှိရာ လိုအပ်သလို ရွေးချယ်အသုံးပြုရ ခြင်းဖြစ်ပါသည်။

အရွယ်အစားပမာဏ တွက်ချက်ပြုလုပ်ခြင်း (Design and Sizing) တွင် မြေစမ်းသပ်ရရှိမှုနှင့် သက်ဆိုင်ရာ ဝန်အားတွက်ချက်ရရှိမှု အခြေအနေများအရ တည်ဆောက်ရမည့် အုတ်မြစ်ပါအစိတ်အပိုင်း များ၏ လိုအပ်သောအတိုင်းအတာ၊ မြေဝင်အနက်၊ အရွယ်အစားများကို တွက်ချက်ရပါသည်။ အထက် ဖော်ပြပါ Foundation အမျိုးအစားများအလိုက် သက်ဆိုင်ရာ ဒီဇိုင်းပြုလုပ်ရသည့်နည်းလမ်းနှင့် တွက်ချက်မှုများ ကွဲပြားမှု ရှိပါသည်။ Reinforcement ဒီဇိုင်းအနေဖြင့် အားသက်ရောက်မှုများကြောင့် Tensile Strength ခံနိုင်ရည်ရှိစေရန်နှင့် Concrete သား ဖွဲ့စည်းမှုကြံ့ခိုင်စေရန်၊ Concrete သားများ ကွဲအက်ခြင်း (Cracking)၊ ပုံပျက်ယွင်းခြင်း(Deformation) စသည်တို့ ဖြစ်ပေါ်ခြင်းကို ထိန်းချုပ်ပေး နိုင်ရန် စသည်တို့အတွက် သံကူစနစ် (Rebar System) ကို ပြုလုပ်၍အသုံးပြုကြပါသည်။

ဖွဲ့စည်းတည်ဆောက်ပုံဆန်းစစ်လေ့လာခြင်း (Structure Analysis) မှာတော့ သက်ရောက်မယ့်အားတွေ (Bearing Pressure) အရ Foundation ကနေ မြေသားကို အားတွေ ဘယ်လိုခွဲဖြန့်သက်ရောက်နိုင်တယ် ဆိုတာ အသေးစိတ် တွက်ချက်ရတာဖြစ်ပါတယ်။ သက်ရောက်တဲ့အားတိုင်းက မြေသားရဲ့ခံနိုင်ရည် သတ်မှတ်ချက်ကို မကျော် လွန်စေဖို့ စိစစ်ရပါတယ်။ ၎င်းအပြင် လေနှင့် မြေငလျင်များကြောင့် Lateral Load များ သက်ရောက်၍ Shear(ပြတ်ထွက်ခြင်း) နဲ့ Moment (ကွေးခြင်း) အားများ သက်ရောက်နိုင်မှု အခြေအနေများ၊ အားသက်ရောက်မှုများကြောင့် သတ်မှတ် အခြေခိုင်မြဲမှု ပမာဏဘောင်အတွင်း ရှိရမည့် အခြေအနေများ၊ မြေသားနှင့် Foundation အပြန်အလှန် သက်ရောက်မှုအခြေအနေများ စသည်တို့ ကိုလည်း တွက်ချက်ရပါသည်။ သုံးမယ့်ကွန်ကရစ်ရဲ့ ပါဝင်ပစ္စည်း၊ ရောစပ်မှုနဲ့ Rebar တွေရဲ့ Material Properties တွေကိုလည်း စိစစ်ရပါတယ်။

အဲဒီက ရွေးချယ်လိုက်တဲ့ Foundation မှာ အားတွေခွဲဖြန့် သက်ရောက်မှု (Stress Distribution), အားကြောင့် Foundation နဲ့ မြေသားတွေ ရွေ့ပြတ်နိုင်မှု (Displacement) နဲ့ ပုံပျက်နိုင်မှု (Deformation) စသည်တို့ကိုလည်း တွက်ချက်စိစစ်ရတာ ဖြစ်ပါတယ်။ ထိုသို့တွက်ချက်ရာတွင် သက်ဆိုင်ရာ ပြဌာန်း ထားသည့် Code, Standard နှင့် Guideline များကိုလည်း Reference ပြုလုပ်တွက်ချက်ရန် လိုအပ်ပါသည်။ Electrical Design များကဲ့သို့ လိုအပ်ပါက ရရှိသည့် Result များအပေါ် အပြန်ပြန် အလှန်လှန်သုံးသပ် တွက်ချက်ရနိုင်သော အင်ဂျင်နီယာဒီဇိုင်းလုပ်ငန်းလည်း ဖြစ်ပါသည်။ ဒါတွေပြီး ရင်တော့ Foundation ဒီဇိုင်းပုံထုတ်ခြင်း ဆက်လုပ်ကြရပါတယ်။ ဒါတွေကို Bentley Staad Pro Software နဲ့ Structure ရော၊ Foundation အတွက်ရော တပြိုင်တည်း တွက်ချက်နိုင်ပါတယ်။ Etab Software နဲ့တွက်တာလည်းရှိပါတယ်။

တည်ဆောက်ရေးပြုလုပ်နိုင်ရန် သုံးသပ်ပြင်ဆင်ခြင်း (Construction Consideration) မှာတော့ လက်တွေ့တည်ဆောက်ရေးပိုင်း ဖြစ်သွားပါပြီ။ လုပ်ငန်းခွင်မှာလုပ်ရမယ် ဧရိယာရှင်းလင်းခြင်း၊ အဝင် လမ်းဖောက်လုပ်ခြင်း၊ ဒီဇိုင်းလိုအပ်ချက်အရ မြေတူးခြင်း၊ မြေပြင်ခြင်း၊ သံကူစနစ်ပြုလုပ်ခြင်း၊ ကွန်ကရစ် လောင်းထည့်မည့် ပုံစံပြုလုပ်ခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ ကွန်ကရစ်လောင်စဉ် တပြိုင်နက် ထည့်ရန်လိုအပ်သည့် Anchor Bolt (သို့) အခြားလိုအပ်သည့် Structure များ ပြင်ဆင်ထည့်သွင်းခြင်း၊ မြေဖို့ခြင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်သက်ရောက်မှုများ မဖြစ်စေရန်ကာကွယ်ခြင်း၊ ဒီဇိုင်းပုံများ ပြင်ဆင်ပံ့ပိုးခြင်း၊ အရည်အသွေးစောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းခွင်လိုအပ်ချက်များကို ကြိုတင် သုံးသပ်စိစစ်လျာထားဆောင်ရွက်တာ ဖြစ်ပါတယ်။

တစ်စုံတစ်ခု အသုံးဝင်မယ်လို့ယူဆပါတယ်၊ ကျန်းမာချမ်းသာကြပါစေဗျာ……….

Monday, August 7, 2023

Lighting Design ပြုလုပ်ခြင်း

 

Lighting Design ပြုလုပ်ဖို့ Course တစ်ခုက Baisc လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

ပထမဦီးဆုံးတစ်ခုကတော့ အလင်းလှိုင်းဖြစ်တဲ့ Luminous Flux (ᵩ)= Q/ t အကြောင်းပါ။ အလင်းထုတ်ပေးတဲ့ အရာဝတ္ထုတစ်ခုကနေ အချိန်ကာလတစ်ခု (t) အတွင်းမှာ ထုတ်လွှတ်လိုက်တဲ့ အလင်းအရေအတွက် (Q) ကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒါကိုတိုင်းတာတဲ့ယူနစ်ကို Lumens (သို့) Lm လို့ခေါ်ပါတယ်။

အလင်းတောက်ပမှုလို့ခေါ်တဲ့ Illumination (E) = ᵩ/A ကတော့ တစ်စတုရန်းဧရိယာ (A) အပေါ်ကို ကျရောက်တဲ့ Lumens (သို့) Lm (ᵩ) အရေအတွက်ပမာဏကို ဆိုလိုပါတယ်။ အဲဒါကိုတိုင်းတာတဲ့ ယူနစ်ကို Lux လို့ခေါ်ပါတယ်။

အမှတ်တစ်ခုသို့ သက်ရောက်တဲ့ အလင်းတောက်ပမှု Eo = (I/ h2) Cos3 Ө ကတော့ အမှတ်တစ်ခုကို အလင်းပြင်းအား(I) သက်ရောက်မှု ပမာဏကို ဆိုလိုပါတယ်။ အလင်းပြင်အားကိုတော့ I = ᵩ/4π နဲ့တွက်ယူပါတယ်။ Lumen ဘယ်လောက်ရောက်လဲပေါ့။

အလင်းထွက်အချိုး (Light Output Ratio- LOR)= ᵩ actual/ ᵩ ideal ကတော့ ထုတ်လုပ်သူကပြတဲ့ Lumens နဲ့ တကယ်ရတဲ့ Lumens ကြားအချိုးဖြစ်ပါတယ်။

Lamp efficiency သို့ Lamp efficacy “ɳ” = ᵩ /Pele  ကတော့ ပေးလိုက်ရတဲ့ လျှပ်စစ် စွမ်းအား(Watt) နဲ့ ပြန်ရတဲ့ Lumen ကို အချိုးကို ဆိုလိုပြီး ယူနစ်ကတော့ Lm/ Watt ဖြစ်ပါတယ်။

အခု စာသင်ခန်းတစ်ခုရဲ့ Lighting System တစ်ခုကို ဒီဇိုင်းလုပ်ကြည့်ပါမယ်။

E Area = ᵩ x N x LLF x UF ဆိုတဲ့ ဖော်မြူလာနဲ့လုပ်ပါတယ်။

LLF = LLD x LDD x LDF x RSDD x LBO x VVF

LLF = Light Loss Factor (အလင်းလျော့စေတဲ့ Maintenance Factor ဖြစ်ပါတယ်)

LLD = Lamp Lumen Depreciation (မီးချောင်း၏ အလင်းလျော့ကျမှု)

LDD = Laminar Dirt Depreciation (အခန်းတွင်းရှိ အရာများကြောင့် အလင်းလှိုင်း လျော့ကျစေမှု)

LDF = Lamp Dirt Factor (မီးချောင်းညစ်ပတ်လာမှုကြောင့် အလင်းလျော့ကျမှု)

LBO = Lamp Burn Out (မီးချောင်း ကျွမ်းလောင်ခြင်း)

VVF = Voltage Variation Factor (ဗိုအားပြောင်းလဲမှု)

UF = Utilization Factor (အခန်းတွင်း အလင်းကျရောက်မှုပမာဏနှင့် မီးချောင်းကထုတ်လွှတ်တဲ့ အလင်းပမာဏကြားအချိုး)

Light Loss Factor (LLF) ကိုတော့ ပုံမှန် ထိန်းသိမ်းမှုလုပ်တဲ့ နေရာတွေအတွက် ၀.၇၆ နဲ့ ၀.၉ အကြားထားပြီး ပုံမှန်ထိန်းသိမ်းမှု မလုပ်တဲ့နေရာတွေမှာတော့ ၀.၆ နဲ့ ၀.၇၅ အကြားထားပြီး တွက်ပါတယ်။

Utilization Factor (UF) ကိုတော့ ဂျာမနီ Standard မှာ ၀.၅ ထားပါတယ်။

ဥပမာ- အလျား(L)= 9 m, အနံ (W)= 6.5 m, အမြင့် (h)= 3 m, LLF Factor= 0.8, UF= 0.5

          3900 Lm ရှိတဲ့ မီးချောင်းကို သုံးမယ်လို့ယူဆပါမယ်။

         E တန်ဖိုးကတော့ CIE Standard အရ 300 Lx ယူရပါမယ်။

         



          Reference: Handbook of Lighting Design by Rüdiger Ganslandt, Harald Hofmann

          N= (E x Area)/ (ᵩ x LLF x UF) = (300 x 6.5 x 9)/ (3900 x 0.8 x 0.5) = 11.25 ≈ 12 Nos

          မီးချောင်း (၁၂) ချောင်း လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကတော့ Hand Calculation ပဲဖြစ်ပြီး Intenational မှာ သုံးတဲ့ပုံစံပါ။

အခန်းတွင်း လိုချင်တဲ့ Lumen ပမာဏကို နေရာတိုင်းအတွက် စစ်ဆေးပြီး တွက်ချက်ချင်ရင်တော့ DIALux ဆိုတဲ့ Software နဲ့ AutoCad Drawing တို့ကို တွဲဖက်ပြီးအသုံးပြုပါတယ်။

တစ်စုံတစ်ခုအသုံးဝင်မယ်လို့ ယူဆပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေဗျာ……….

Thursday, July 27, 2023

ဓာတ်အားလိုင်းအူကြောင်း ဆာဗေးပြုလုပ်ခြင်း (Line Route Survey)

 

ဓာတ်အားလိုင်းဆာဗေးပြုလုပ်ရာတွင် ကနဦးလိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်း (Preliminary Route Surveying) နှင့် အသေးစိတ်လိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်း (Detailed Route Surveying) ဟူ၍ (၂) ဆင့် ဆောင်ရွက်ရပြီး ကနဦးလိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်းကို ဓာတ်အားလိုင်းအကောင်အထည်ဖော်တည် ဆောက်ရန် အကန့်အသတ်များ(မြေမျက်နှာသွင်ပြင်၊ အဆောက်အဦ၊ လမ်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ သစ်တော၊ ရေဝပ်မြေ၊ ရှေးဟောင်းအမွေအနှစ်မြေ စသည်) မည်မျှရှိနေသည်ကို သိရှိရန်နှင့် ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ရပါသည်။ ၎င်းအချက်အလက်များကို စိစစ်၍ တိုင်၊ အုတ်မြစ်နှင့်ဓာတ်အားလိုင်းကြိုး လိုအပ်ချက်များကို ခန့်မှန်းတွက်ချက်ရပါသည်။

အသေးစိတ်လိုင်းအူကြောင်း ဆာဗေးပြုလုပ်ခြင်းကို ဓာတ်အားလိုင်းအား စီးပွားရေးအရ တွက်ချေကိုက် အကောင်အထည်ဖော်တည်ဆောက်နိုင်ရန်၊ လျှပ်စစ်အန္တရာယ် ကင်းလွတ်အကွာအဝေး၊ လေတိုက်ဒဏ်ခံအကွာ အဝေး (Wind Span)၊ အလေးချိန်ဒဏ်ခံအကွာအဝေး (Weight Span)၊ လိုင်းအူကြောင်းပြောင်းလဲမှု ထောင့်ချိုး ပမာဏ (Angles of deviation) စသည့် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကိုက်ညီစေရန်၊ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ပစ္စည်းသယ်ယူပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ဖြစ်နိုင်ချေရှိသော အထက်အပိုဒ်ပါ အကန့်အသတ်များ မြေပြင်တွင်အနည်းဆုံးဖြစ်စေရန်၊  ထိန်းသိမ်းပြုပြင်ခြင်းများ အဆင်ပြေလွယ်ကူစွာဆောင်ရွက် နိုင်ရန်တို့အတွက် အသေးစိတ် လက်တွေ့အချက်အလက်များကို ရရှိနိုင်ရန် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ကနဦးလိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်းကို Google Earth, ArcGIS Earth အစရှိသော ဂြိုလ်တုစနစ်သုံး ကောင်းကင်ဓာတ်ပုံများရိုက်ယူဆောင်ရွက်လေ့ရှိကြပြီး အချို့နိုင်ငံများတွင် ဓာတ်အားလိုင်းသုံး လေယာဉ်ငယ်များ၊ ရဟတ်ယာဉ်များ၊ Drone များ အသုံးပြု၍ ရိုက်ယူကြရပါသည်။ ၎င်းမှတဆင့် အချက်အလက်များရရှိပါက လူမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဖြစ်ပေါ်နိုင်သောနေရာများကို ရှောင်ရှား၍ ကုန်ကျစရိတ်အနည်းဆုံးဖြစ်သည့် အသင့်တော်ဆုံးလိုင်းအူကြောင်းကို ရွေးချယ်ရပါသည်။ ၎င်းကို 1: 10 000 စကေးရှိသော မြေပုံတွင် ရေးဆွဲဖော်ပြ ရပါမည်။ ရွေးချယ်ရရှိသော လိုင်းအူကြောင်းအကွာအဝေးအရ သယ်ယူမည့်ဓာတ်အားပမာဏပေါ် မူတည်၍ သင့်တော်သည့် ဗို့အားပမာဏ ရွေးချယ်ခြင်း၊ ဗို့အားအရ အသုံးပြုနိုင်မည့် ကြိုးအရွယ်အစားရွေးချယ်ခြင်းများ ဆောင်ရွက်ရပါသည်။ ၎င်းနောက် ဓာတ်အားလိုင်းတိုင်များပြုစုနိုင်ရန် ပျမ်းမျှအကွာအဝေး(Ruling Span) ကို ရွေးချယ်သတ်မှတ်ရပါသည်။

တစ်ဘက်တွင်လည်း အသင့်တော်ဆုံးလိုင်းအူကြောင်း ရွေးချယ်ပြီးစီးသည်နှင့်တစ်ပြိုင်နက် ကနဦးရွေးချယ်ထား သော လမ်းကြောင်းတစ်လျောက် အသေးစိတ်လိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်းကို မြေပုံများ၊ GPS၊ သံလိုက် အိမ်မြောင်၊ မှန်ဘီလူး၊ Theodolite၊ တူ၊ သုတ်ဆေး၊ Peg ငုတ်ရိုက်တံများ၊ Ranging rods တိုင်များကို တပါတည်း ယူဆောင်၍ ပြုလုပ်ကြရပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်း၏ အသေးစိတ်အချက်အလက်များ ဖြစ်သော မြေမျက်နှာပြင် အနိမ့်အမြင့်အချက်အလက်များ၊ လိုင်းလမ်းအူကြောင်း(Right of Way or Wayleave) ရရှိနိုင်ခြင်းရှိ/ မရှိကို လည်းကောင်း၊ ရရှိနိုင်ရေး လိုအပ်ချက်သည် ဓာတ်အားလိုင်းတန်ဖိုးထက် ပိုမိုနေခြင်းရှိ/ မရှိကို လည်းကောင်း၊ လိုင်းအူကြောင်းသို့သွားရောက်၍ ရ/မရကို လည်းကောင်း၊ မြေပြင်အခြေအနေ အရ တိုင်စိုက်ထူ၍ ရ/ မရကို လည်းကောင်း၊ လူနေထိုင်မှုအခြေအနေကို လည်းကောင်း၊  ညစ်ညမ်းမှုအဆင့် (Pollution Level) အခြေအနေကိုလည်းကောင်း၊ တည်ဆောက်ရန်လွယ်ကူသော်လည်း ထိန်းသိမ်းပြုပြင်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်း ရှိ/ မရှိ ကိုလည်းကောင်း၊ အများအားဖြင့် လိုင်းအူကြောင်းဖြောင့်တန်းနေခြင်း ရှိ/ မရှိ ကို လည်းကောင်း၊ လိုင်းအူကြောင်းအနီး အခြား ဓာတ်ငွေ့ပိုက်လိုင်းများ၊ ဆက်သွယ်ရေးလိုင်းများ၊ ရေပိုက်လိုင်းများ စသည်တို့နှင့် ကင်းလွတ်ခြင်းရှိ/ မရှိကို လည်းကောင်း၊ အုတ်မြစ်ချမည့်နေရာများတွင် Peg ငုတ်တိုင်များ စိုက်ထူ ခြင်းနှင့် တိုင်အမှတ်များ ရေးဆွဲခြင်းကိုလည်းကောင်း၊ စသည်တို့ကို တစ်ပါတည်း ရယူ ဆောင်ရွက်ရပါသည်။ အုတ်မြစ်ပြုလုပ်နိုင်ရန်နှင့် မြေဓာတ်ချနိုင်ရန်အတွက် မြေနမူနာရယူ စမ်းသပ်ခြင်းများကိုလည်း ဆောင်ရွက်ရန် လိုအပ်ပါသည်။

အသေစိတ်ဆာဗေးပြုလုပ်သည့်အတိုင်းအတာများ မှန်ကန်မှုလိုအပ်ချက်မှာ အလျားလိုက် ± 0.5 m နှင့် ထောင်လိုက် ± 0.1 m ဖြစ်ပါသည်။ မြေမျက်နှာပြင်အနိမ့်အမြင့်ကွာဟချက်  ± 0.3 m ထက်ပိုသော နေရာများ အားလုံးကို မှတ်သားရမည်ဖြစ်ပါသည်။ ထောက်တိုင် (Suspension) များသည် ဓာတ်အားလိုင်းတိုင်အားလုံး၏ ၈၀ ရာခိုင်နှုန်းဖြစ်ရန်လိုအပ်ပြီး နေရာချထားမှုများကိုလည်း အသင့်တော်ဆုံး(Optimize) ဖြစ်အောင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ လေတိုက်ဒဏ်ခံအကွာ အဝေး (Wind Span)နှင့် အလေးချိန်ဒဏ်ခံအကွာအဝေး (Weight Span) များသည်လည်း ဓာတ်အားလိုင်းတိုင်ဒီဇိုင်းကို များစွာသက်ရောက်စေခြင်းမရှိအောင် အသင့်တော်ဆုံး ရွေးချယ် မည်ဖြစ်ပါသည်။ ဓာတ်အားလိုင်း၏ ကောက်ကြောင်းပုံ (Profile) ရေးဆွဲရာတွင် အလျားလိုက်စကေး ၁ : ၂၀၀၀ ဖြင့်လည်းကောင်း၊ ထောင်လိုက်စကေး ၁ : ၂၀၀ ဖြင့်လည်းကောင်း ရေးဆွဲရမည်ဖြစ်ပါသည်။ ၎င်းတွင် ကြိုးအိကျမှု အခြေအနေ (Sag Curve) များကို  တပါတည်း ဖော်ပြရန်လိုအပ်ပါသည်။

အလားတူ ဓာတ်အားလိုင်းကြိုး ဆွဲသားခြင်း၊ ကြိုးတင်းခြင်း၊ ကြိုးချိတ်ခြင်း(Clipped-in)၊ စသည်တို့အတွက် ပတ်ဝန်းကျင်အပူချိန်၊ အနည်းဆုံးနှင့် အများဆုံးဖြစ်ပေါ်နိုင်သည့် အပူချိန်များအလိုက် ကြိုးအိကျမှုနှင့်  ကြိုးချိတ် ဆွဲမှုအရ အချိန်ကာလအလိုက် တအိအိဖြင့်အများဆုံး ကြိုးအိကျနိုင်မှု (Creep) တို့ကို  တွက်ချက်ဖော်ပြထားသည့် ဇယား (Sag Table) များကိုလည်း စာရင်းပြုစုရန် လိုအပ်ပါသည်။ တိုင်အမျိုးအစား၊ တိုင်နံပါတ်၊ အရေအတွက်၊ တိုင်များအကွာအဝေးနှင့် အနိမ့်အမြင့် ကိုဩဒိနိတ်များ၊ တောင်စောင်းများတွင်အနိမ့်အမြင့်မတူညီမှုကို ချိန်ညှိ ချိတ်ဆက်သည့် တိုင်ခြေဆက်များ(Leg Extensions) အတိုင်းအတာနှင့် အရေအတွက်ပမာဏများ၊ လိုင်း ထောင့်ချိုး ပမာဏများ စသည်တို့ကို ဖော်ပြသည့် တိုင်စာရင်း(Tower List) များ ပြုစုရန်လည်း လိုအပ်ပါသည်။

အထက်ပါအချက်အလက်များ ဆောင်ရွက်ခြင်းကို ကွန်ပြူတာအသုံးချ Software များဖြစ်သည့် Powerline, Powercard, PowerSite, Towerline, TowerCad, Towerlog, TowerSite, PoleLine, PoleCad, PoleLog and PoleSite, PLS-CADD စသည်တို့ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း လေ့လာသိရှိသမျှ မျှဝေလိုက်ရပါပါသည်…..






Image Sources: (Power Systems) Dr.-Ing. Friedrich Kiessling, Dipl.-Ing. Peter Nefzger, Dipl.-Ing. João Felix Nolasco, Dipl.-Ing. Ulf Kaintzyk (auth.)-Overhead Power Lines_ Planning, Design, Construction-Springer-Ver

Thursday, July 13, 2023

ဓာတ်တိုင်နှင့်သူငယ်ချင်းများ(၂) Substations

 (ဖတ်ရအဆင်ပြေအောင် တပေါင်းတည်း ပြန်တင်ပေးလိုက်ပါတယ်)

ဒီတစ်ခေါက်တော့ ဓာတ်တိုင်တို့အဖွဲ့ မနှစ်က ကျောင်းပြီးသွားသည့် စီနီယာအကိုကြီး ကိုငှက်ကြီး၏ စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိနေသည်။ “ကိုငှက်… ဖုန်းထဲပြောသလိုပဲ…လက်တွေ့လုပ်ငန်းခွင်အကြောင်းလေး သိချင်လို့ လာကြတာပါ။ စာတွေ့လေးနဲ့ ဆက်စပ်ပြီး ရှင်းပြလို့ရရင်ရှင်းပြပါအုံးဗျ” ဟု ဓာတ်တိုင်ကပြောလိုက်ရာ ကိုငှက်ကြီးက “မင်းတို့က ဓာတ်အားလိုင်းအကြောင်းသိချင်လို့လာတာ။ အခုငါတို့ Site က ဓာတ်အားခွဲရုံ တည်ဆောက်တာကွ။ အဲတာအရင်ပြောမယ်လေ။ မင်းတို့လဲ အအေးသောက်ကြပါအုံး။ လိုင်းအတွက်တော့ ငါ တခြား Site ကိုခေါ်သွားမယ်။ အဲကျမှ ရှင်းပြတာပေါ့….” ပြောရင်း မှတ်စုအချို့ကို လှမ်းယူလိုက်လေသည်။ ဓာတ်တိုင်က “ရပါတယ်ကိုငှက်… ကျွန်တော်တို့က ဘာသိရ သိရပါဗျ။ ခေါ်ရှင်းပြတာကို ပဲ ကျေးဇူးတင်နေပါပြီ။” ဟု ပြောလိုက်လေသည်။

“အေးကွ… ဓာတ်အားခွဲရုံနဲ့ပတ်သက်တာကို ကျောင်းမှာသင်ရတုန်းကတော့ ဒီလိုပြောထားတယ်ကွာ….. ပထမဦးဆုံး ကိုယ်ဓာတ်အားဖြန့်မယ့်နေရာရဲ့ Center လောက်ဖြစ်မယ့်နေရာ၊ ဓာတ်အားလိုင်းတွေအဝင်/ အထွက် လုပ်ဖို့ အဆင်ပြေမယ့်နေရာနဲ့ ကိုယ်လိုအပ်တဲ့နေရာအကျယ်အဝန်း စတာတွေကို အဓိကထားရွေးမယ်။ လူနေတဲ့ နေရာတွေနဲ့ တအားနီးလို့မရသလို ဝေးလို့လဲမရဘူး၊ Operation လုပ်မယ့်လူတွေအတွက်ရော ထည့်စဉ်းစားရတာ ပေါ့ကွာ။ နောက်တစ်ခုက ဓာတ်အားပေးစက်ရုံ၊ ဒါမှမဟုတ် ဓာတ်အားကွန်ယက်ကနေယူမယ်ဆိုလဲ အနီးဆုံး ဓာတ်အားကွန်ယက်နေရာ စတာတွေကနေ ဘယ်လိုဗို့အားနဲ့ ဓာတ်အားလိုင်းသွယ်ပြီး ဒီကိုရအောင်ယူမလဲ။ ဒါက ကိုဖြန့်ဖြူးမယ့်ပမာဏနဲ့ တွက်ပြီး သင်တော်တဲ့ ဗို့အားစနစ်ကို ရွေးရမယ်။ ပြီးရင်‌တော့ ဓာတ်အားခွဲရုံ အတွင်းပိုင်း ကို စစဉ်းစားရမှာပေါ့” ဟု တစ်ချက်နားရင်း ကွမ်းတစ်ယာ ထုတ်ဝါးလိုက်လေသည်။

အရှည်ကြီးက “ ကိုငှက်ကြီး… ပိတ်ရက်သာပြောတယ် ဖုန်တလုံးလုံးနဲ့ အလုပ်တွေတော့ရှိနေတာပဲနော်” ဟု မေးလိုက်ရာ ကိုငှက်ကြီးက “ဒီနေ့တော့နားတယ်ကွ… ဒါပေမယ့် ဓာတ်အားခွဲရုံပစ္စည်းတွေက ခုမှရောက်လာလို့ ပစ္စည်းချနေကြတာပါ။” ဟု ပြန်ဖြေလိုက်လေသည်။

ကိုငှက်ကြီးမှ ဆက်၍ “အစောကဟာပြန်ပြောမယ်.. ဓာတ်အားခွဲရုံရဲ့ မြေနေရာအကျယ်အဝန်းကို တွက်လို့ရဖို့ တို့က ဒီထဲမှာတပ်ဆင်မယ့် Equipment တွေ…Busbar, Transformer, Lightning Arrester, Wave Trap, Capacitive Voltage Transformer, Current Transformer, Circuit breaker, Disconnecting Switch/ Earth Switch, Station Transformer, Shunt Reactor, Shunt Capacitor စတာတွေကို ဘယ်လိုနေရာချမလဲဆိုတာကို Layout ချရမှာပေါ့ကွာ။ အဲတာတွေကို Control လုပ်မယ့် Control Building၊ Cable Duct၊ Store၊ မီးစက်ထားမယ့်နေရာ၊ လုံခြုံရေး အဆောက်အဦးစတာတွေ အကုန်ထည့်စဉ်းစား Layout နေရာချပြီးမှ အကျယ်အဝန်းရတာပေါ့ကွာ။ ဓာတ်အားခွဲရုံ Control Building ထဲမှာလဲ ကိုယ်ထည့်မယ့် Control Panel, Switchgear, Battery Bank and Charger, Communication Panel, Store, Meeting Room, Rest Room, စတဲ့ဟာတွေကိုလဲ Layout ချပြီး Control Building အရွယ်အစားတွက်ရတယ်။ အဲတာတွေကို စဉ်းစားပြီး ရင်တော့ ဓာတ်အားခွဲရုံ အကျယ်အဝန်းကို ကောင်းကောင်းတွက်လို့ရပြီပေါ့” ဟုပြောရင်း ခဏနားလိုက်လေသည်။

ပြီးမှ “တို့ကျောင်းမှာသင်တဲ့ Load Flow, Short Circuit, Transient, Insulation Coordination, Earthing, Overhead Grounding, Protection, စတာတွေကိုကို ဒီမှာ အကုန်ထည့်စဉ်းစားပြီး ဒီဇိုင်းလုပ်ရတာကွ၊ ကျောင်းစာတွေတော့ မမေ့လိုက်ကြနဲ့၊ အဲဒါတွေကိုပဲ လက်တွေ့မှာသုံးကြတာ၊ တစ်ခုတော့ရှိတာပေါ့၊ ကိစ္စရပ် တိုင်းတော့ တွက်စရာမလိုပါဘူး။ နိုင်ငံတကာမှာတော့ ကိုယ့်နေရာဒေသရဲ့ ရာသီဥတု၊ မြေအမျိုးအစား၊ မိုးကြိုးပစ် အကြိမ်ရေ၊ လေတိုက်နှုန်း၊ ပင်လယ်ရေမျက်နှာပြင်အမြင့်စတဲ့ သက်ရောက်နိုင်တဲ့ Design Condition တွေကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ ဗို့အားပမာဏ၊ သယ်ယူမယ့်ပမာဏအလိုက် Standard သတ်မှတ်ထားတော့ အဲအတိုင်း Follow လုပ်ပြီး တိုက်ရိုက်အသုံးချလို့ရတယ်။ ဒီမှာလဲ အဲလိုပါပဲ။ မြန်မာ Standard အနေနဲ့တော့ မထွက်သေးပေမယ့် တို့အင်ဂျင်နီယာလောကမှာတော့ သတ်မှတ်ပြီးသုံးတာတွေ ရှိပါတယ်။ အချိန်တိုင်း Detailed Analysis လုပ်စရာမလိုတော့ဘူးပေါ့။ မင်းတို့ဒီအထိ နားလည်လားမသိဘူး” ဟုမေးလိုက်ရာ မှန်ကြောင်က “အများကြီးပဲ ကိုငှက်…. ချက်ချင်းတော့လိုက်မမှီဘူး၊ စာတွေကလဲ ဒီနှစ်အတွက်ပဲ မှတ်ထားတာ.. ဟဲ…ဟဲ…” ဟု ပြန်ဖြေလိုက်လေရာ ကိုငှက်ကြီးက “ အေး တို့လဲအဲလိုပါပဲကွာ၊ အလုပ်ထဲရောက်မှာ စာတွေ့နဲ့လက်တွေ့ ပြန် ပေါင်းကြည့်နေရတာကွ…ဟား…ဟား…” ဟုပြောကြရင်း ခဏမျှ တိတ်ဆိတ်သွားလေသည်။ ဓာတ်တိုင်တို့ အဖွဲ့က အတွေးတွေနဲ့ အရင်ကမှတ်မိသမျှတွေဖြင့် ပုံဖော်နေကြသည်။

ကိုငှက်ကြီးမှ “မင်းတို့ကို ဒီနေရာမှာ မြို့ပြအင်ဂျင်နီယာအပိုင်းကို မပြောရသေးဘူး၊ မြို့ပြအင်ဂျင်နီယာ အပိုင်းအနေနဲ့ တို့တပ်မယ့် ပစ္စည်းတွေရဲ့အလေးချိန်၊ Busbar ကြိုးတွေရဲ့ ဆွဲအား၊ လေတိုက်နှုန်း၊ မြေငလျှင်၊ မိုးရေချိန်၊ မြေမျက်နှာပြင်အနိမ့်အမြင့်၊ မြေအမျိုးအစား စတာတွေကို အချက်အလက်ရယူပြီး မြေပြင်ခြင်း၊ Foundation ပြုလုပ်ခြင်း၊ ထရန်စဖော်မာအတွက် ဆီစုကန်ပြုလုပ်ခြင်း၊ လမ်းခင်းခြင်း၊ မြေထိန်းနံရံလိုအပ်ရင် ထည့်သွင်းပြုလုပ်ခြင်းနဲ့  ခြံစည်းရိုး၊ ရေ/ မီး စတာတွေကို လုပ်ကြရတယ်။ သူတို့လဲ လုပ်ငန်းအားလုံးကို ဒီဇိုင်းတွေ အသေးစိတ်တွက်ချက်ပြီး လုပ်ကြရတာပဲ……..နောက်ဆုံးကတော့ လူမှုပတ်ဝန်းကျင်နဲ့သဘာဝပတ်ၒန်းကျင် ထိခိုက်မှုမရှိဖို့ပေါ့။ ဒီလုပ်ငန်းတွေမစခင်ကတည်းက စီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ငန်းပမာဏ၊ လျာထားကာလ၊ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်နိုင်ခြေတွေ၊ လူထုနဲ့သဘာဝပတ်ဝန်းကျင်အတွက် စီမံဆောင်ရွက်ပေးနိုင် တာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စတာတွေကို လူထုကိုချပြရှင်းလင်းပြီး ဆောင်ရွက်ရတာပေါ့။ ကမ္ဘာက ပူးနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုတွေဖြစ်နေတာဆိုတော့ ဒီအချက်ကလည်း စဉ်းစားလုပ်ဆောင်ဖို့ လိုတဲ့ အချက်ပဲကွ….အေး… ငါပြောပြခဲ့တာတွေကတော့ တို့ဓာတ်အားခွဲရုံစီမံကိန်းနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းရှင်းပြ တာ။ မင်းတို့ သိချင်တာရှိရင်မေးပေါ့။” ဟုပြောလိုက်ရာ ဖက်တီးက “မေးစရာတွေတော့ ပုံလို့ပဲ၊ ကိုငှက်ကြီးအချိန်ရပါ့မလားလို့……တော်ကြာ ကျတော်တို့မေးတာတွေများလို့ စိတ်ညစ်သွားမယ်…” ဟု ပြန်ဖြေ လိုက်ရာ “ရပါတယ်ကွ….သိတာတွေဖြေမှာပေါ့။ မေးစရာရှိရင်မေးပါ။ အချိန်ရပါတယ်ကွာ…” ဟု ကိုငှက်ကြီးမှ ပြောလေသည်။

ဖက်တီးကဆက်၍ “Busbar ဆိုတာကနေစရမှာပဲ ကိုငှက်ကြီး၊ ကျွန်တော်တို့သင်ရတာတော့  Single bus, Double bus, double breaker, Main and transfer (inspection) bus, Double bus, single breaker, Ring bus, Breaker and a half ဆိုပြီးသင်ရတယ်၊ ကိုငှက်ကြီးတို့က ဘယ်လို Bus သုံးမှာလဲ” ဟုမေးရာ “ဟ..ဖက်တီးကဘယ်ဆိုးလို့တုန်း၊ အေး….တို့သုံးမှာက Double bus, single breaker ကိုသုံးမှာကွ။ အကောင်းဆုံးကတော့ Double bus, double breaker ပေါ့ကွာ။ ဒါပေမယ့် ဖီဒါတိုင်းမှာ Circuit Breaker တစ်လုံးပိုတော့ ဈေးပိုကြီးတာပေါ့။ Single bus ကတော့ ကုန်ကျစရိတ်သက်သာပေမယ့် Reliable မဖြစ်ဘူးကွ။ တစ်ခုခုဖြစ်ရင် ခွဲရုံတစ်ခုလုံးပိတ်ပြစ်ရမှာ။ အဲတော့ ဆက်ထားတဲ့လိုင်းတွေ Link မရှိတော့ဘူး။ ဓာတ်အားပြတ်ချိန်များတာပေါ့ကွာ။ Breaker and a half ကတော့ Double bus, double breaker ထက် ကုန်ကျစရိတ်သက်သာပေမယ့် Double bus, single breaker လောက်တော့လဲ မသက်သာပြန်ဘူး။ နှစ်ဖီဒါကို Breaker တစ်ခု အပိုပေါင်းထားတာပေါ့။ Ring bus ကတော့ တို့ Transmission မှာ သုံးခဲတယ်ကွ။ Distribution တွေ၊ ဓာတ်အားပေးစက်ရုံတွေမှာ သုံးတယ်။ Bus Section ဖြတ်ပြီး လိုသလိုလုပ်လို့ရတော့ Maintenance အတွက်တော့ ကောင်းတယ်ကွ။ နေရာတော့ယူတာပေါ့ကွာ။ Main and transfer (inspection) bus ကတော့ သူများနိုင်ငံတွေမှာသုံးတယ်ကွ။ ဒီမှာတော့ သိပ်မသုံးကြဘူး။ ဒီကောင်ကတော့ ကုန်ကျစရိတ်က Single bus ထက် နဲနဲပဲပိုကုန်ပြီး Maintenance အတွက်ပိုအဆင်ပြေတယ်။ Transfer Bus ပေါ် လိုင်းတွေ ခဏတင်ထား ချိန်တော့ Protection အခက်အခဲလေး နဲနဲရှိတာပေါ့ကွာ။ Double bus, single breaker လောက်တော့ Reliable မဖြစ်ပေမယ့် Grid ထဲက ခွဲရုံမဟုတ်ရင်တော့ သုံးသင့်တယ်ကွ။” ဟု ရှင်းပြ၏။

အညာသားက “ဒါဆိုရင် ကိုငှက်ကြီး ကြိုးကိုသုံးတဲ့ဟာနဲ့ ပိုက်ကိုသုံးတဲ့ဟာကရော ဘာကွာလဲကိုငှက်ကြီး။ ကိုငှက်ကြီးတို့ကရော ဘာသုံးမှာလဲ” ဟုမေးရာ “တို့သုံးမှာကတော့ ကြိုးကွ၊AAC လို့ခေါ်တယ်။ All Aluminum Conductor ပေါ့ကွာ။ ပိုက်ကလဲ Aluminum ပါပဲ။ အားသာချက် အားနဲချက်ကတော့ ကိုယ်စီပါပဲကွာ။ ကြိုးက တပ်ရတာ၊ လဲရတာ၊ သိမ်းဆည်းရတာ လွယ်ကူတယ်ကွ။ ပိုက်ကတော့ သူ့လောက်မလွယ်ပေမယ့် ခက်တော့မခက်ပါဘူး။ Surface Current စီးတဲ့နေရာကျတော့ ကြိုးကသာတယ်။ သူ့ကို Bus Gantry ပေါ်မှာ ကြွေသီးနဲ့ Beam တွေကြားမှာ ချိတ်တဲ့အခါ ကြိုးက ပေါ့တယ်၊ တင်းအား၊ အလေးချိန်သက်သာတယ်။ ပိုက်ကျတော့ ပိုလေးတာပေါ့ကွာ။ နောက်တစ်ခုက ဗို့အားမြင့်တွေသုံးတဲ့နေရာမှာ Corona Effect ဆိုတာရှိသေးတယ်။ အဲတာကို ကြိုးမှာ Bundle(၂ ကြိုး၊ သုံးကြိုးစသည်) များများသုံးပြီး ဖြေရှင်းလို့ရပေမယ့် ပိုက်ကို အဲလိုသုံးရင်တော့ အဆင်မပြေဘူး။ ကောင်းတာတော့ ပိုက်တွေကို ဗို့အားလတ်၊ ဗို့အားနိမ့်တွေမှာ သုံးတာကောင်းတာပေါ့ကွာ။ အဲလိုပြောလို့ ဗို့အားမြင့်မှာ မသုံးဘူးလားဆိုတော့လဲ မဟုတ်ပါဘူး။ အစောကပြောတဲ့ ဟာတွေကို ဖြေရှင်းနိုင်ရင် သုံးလို့ရပါတယ်။ သုံးလဲသုံးကြတယ်။” ဟု ပြန်လည် ရှင်းပြလေသည်။

ဓာတ်တိုင်ကဆက်၍ “ကိုငှက်ကြီး Gantry တွေ Beam တွေကျတော့ရော။ ကိုငှက်ကြီးတို့ကဘယ်လို လုပ်မှာလဲ။ အဲဒီဟာက Overhead Ground Wire၊ တိုင်ခြေမှာ Earthwire တွေတပ်သေးတယ်မို့လား။ နောက်ပြီး ကြိုးတွေချိတ်တော့ရော ဘယ်လိုတွက်ချက်ပြီး လုပ်လဲဗျ။ ရှင်းပြပါအုံး ” တောင်းဆိုလိုက်ရာ ကိုငှက်ကြီးမှ “မင်းမေးတာ ဖြေရရင်တော့ ရှည်မယ်ကွ။ Electrical ရော Mechnical အပိုင်းတွေရောပါတယ်။ တို့က Busbar တည်ဆောက်ဖို့ Gantry တွေ၊ Beam တွေ၊ ကြိုးနဲ့ Insulation Accessories တွေသုံးတဲ့အခါ (၁) ဖီဒါစာ နေရာချဖို့ Beam အကျယ် ဘယ်လောက်ထားမလဲ။ Gantry အမြင့်ကိုဘယ်လောက်ထားမလဲ ဆိုတာတွေကို တို့သုံးမယ့် ဗို့အားပမာဏ အလိုက် Electrical Clearence လို့ခေါ်တဲ့ လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေးကို စဉ်းစားရတယ်ကွ။ ဒီနေရာမှာ တို့က တို့သုံးမယ့် ဗို့အားပမာဏရဲ့ ပုံမှန် Normal အခြေအနေမှာရှိတဲ့ ဗို့အားနဲ့ ပုံမှန်မဟုတ်တဲ့ Abnormal အခြေအနေမှာ ရှိတဲ့ ဗို့အားအခြေအနေကို ပေါင်းစဉ်းစားရတယ်ကွ။ ပုံမှန်အတွက် Rated Voltage, ပုံမှန်မဟုတ်တဲ့အခြေအနေအတွက် Power Frequency Withstand Voltage, Lighting Impulse Withstand Voltage နဲ့ Switching Impulse Withstand Voltage စတာတွေကို တွက်ချက်ရတယ်ကွ။ ဒါကတော့ အသစ် စလုပ်တဲ့ ဗို့အားစနစ်တွေမှာတွက်တာပေါ့ကွာ။ ငါအရင်ပြောခဲ့သလို တို့သက်ဆိုင်ရာ Standard တွေရှိရင်၊ အရင်လုပ်ပြီးသားတွေရှိရင် အဲဒါကိုပဲ Follow လုပ်လိုက်ရုံပါပဲ။ အဲဒီဗို့အားတွေနဲ့ လွတ်တဲ့ အကွာအဝေး ကိုတွက်ပြီး Beam အရှည်ကို တွက်ရတာကွ။ ဒါကအရှည်နဲ့ Phase တစ်ခုနဲ့တစ်ခုကြား အကွာအဝေး ရတာပဲရှိသေးတယ်။ အဲဒီ Beam နဲ့ သူ့ကိုထောက်မယ့် Gantry တွေကို Sizing လုပ်ဖို့ကျတော့ Mechnical ပိုင်းပါလာပြီ။ သူ့ကို သက်ရောက်မယ့် Vertical Load, Longitudinal Load, Transverse Load ဆိုတဲ့ သက်ရောက်အားတွေကို တွက်ရတယ်ကွ။ Vertical Load(ထောင်လိုက်သက်ရောက်အား) တွက်တဲ့အခါ သူ့ Beam, Gantry ရဲ့အလေးချိန်၊ ချိတ်ဆွဲမယ့် ကြိုး၊ ကြေသီးနဲ့ Insulation Accessories တို့ရဲ့အလေးချိန်နဲ့ Installation & Maintenance လုပ်တဲ့အခါမှာ အဲအပေါ်ကို တက်မယ့်လူ၊ တင်မယ့်ပစ္စည်း စတာတွေရဲ့ အလေးချိန်ပေါင်းကို တွက်ရတယ်။ Longitudinal Load(အလျားလိုက်သက်ရောက်အား) ကိုကျတော့ သူတို့ကို သွယ်ချိတ်မယ့် ပုံမှန်အခြေအနေမှာရှိတဲ့ ကြိုးဆွဲတင်းအား၊ ပုံမှန်မဟုတ်တဲ့ တစ်ဖက်က ကြိုးပြတ်သွားတဲ့ အခြေအနေ၊ Electrical Fault ဖြစ်တဲ့အခြေအနေမှာရှိတဲ့ ဆွဲတင်းအား၊ လေတိုက်တဲ့အားနဲ့ အဲကြိုးတွေပေါ်ကို တက်ပြီး Installation & Maintenance လုပ်တဲ့အခါမှာ အဲအပေါ်ကို တက်မယ့်လူ၊ တင်မယ့်ပစ္စည်း စတာ တွေရဲ့အလေးချိန်ပေါင်းကို တွက်ရတယ်။ Transverse Load (ဘေးတိုက်သက်ရောက်အား) ကိုကျတော့ အစောကချိတ်ဆွဲထားတဲ့ ကြိုး၊ ကြေသီးနဲ့ Insulation Accessories တွေ၊ Beam, Gantry တွေကို လေတိုက်တဲ့ အားပေါ့ကွာ။ ဒီမှာ လေတိုက်အားဆိုတာက ယူတဲ့အခါ တို့က ကိုယ်တည်ဆောက်မယ့် ဧရိယာထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်အတွင်း အများဆုံးတိုက်ခဲ့ဖူးတဲ့ လေတိုက်နှုန်း ဆိုတာမျိုးကို ယူတယ်။ အဲဒါကို Reliablity စဉ်းစားတယ်ခေါ်တာပေါ့ကွာ။ နှစ်များများ ပြန်ယူရင် ပို Reliablity ဖြစ်တယ်ပေါ့။ အဲဒီအားတွေရတဲ့အခါမှ Beam တွေ Gantry တွေကို ဘယ်လောက်ကြံ့ခိုင်အားရှိတဲ့ဟာ လုပ်ရမလဲ ဆိုတာပေါ်တယ်။ Gantry တွေရဲ့အမြင့်ကို တွက်တာကျတော့ အောက်မှာထားမယ့် Electrical Equipment ရဲ့အမြင့်, အပေါ်မှာတွဲလောင်းဖြစ်နေမယ့် Busbar ရဲ့ ကြိုးအိကျမှုအရှည်၊ ချိတ်ဆွဲမယ့်ကြွေသီးတွဲရဲ့ အရှည်၊ လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေး စတာတွေပေါင်းပြီးရတဲ့ တန်ဖိုးပေါ့။ ကြိုးကို ဓာတ်အားစီးသွားတဲ့အခါ အိကျလာမယ့် အရှည်ကိုလဲ ထည့်တွက်ရ သေးတယ်။ အဲဒါဆိုရင်တော့ Gantry နဲ့ Beam အကြောင်းစုံသလောက်ဖြစ်ပြီထင်တယ်။” ဟု စိတ်ရှည်ရှည်ဖြင့် ဖြည်းဖြည်းချင်းရှင်းပြလေသည်။

“အသေးစိတ် လုပ်ရတာပဲ ကိုငှက်ကြီး… အဲဒါတွေရတော့ Gantry နဲ့ Beam တွေကို ဘယ်လိုလုပ်လဲဗျ” ဟု မှန်ကြောင်ကဆက်မေးရာ ကိုငှက်ကြီးမှ “တို့တော့မလုပ်တော့ဘူးကွ။ ပစ္စည်းထုတ်တဲ့သူတွေကို အဲဒါတွေ ပေးပြီးအပ်တာပဲ။ ဒါပေမယ့် တကယ်မဖြစ်မနေလုပ်ဖို့လိုလာရင်တော့ Structure Design Software တွေသုံးပြီး ဒီဇိုင်းလုပ်ရတာပေါ့ကွာ။ ကိုယ်လိုချင်တဲ့ပုံစံလေးကို Structure လေးလုပ်ကြည့်။ ရရင်အစောက Load တွေ ထည့်ပြီး Run ကြည့်။ မရင်ရင်ဆက်လုပ်ပေါ့။ စိတ်ကျေနပ်တဲ့ ဒီဇိုင်းရပြီး သင့်တော်တယ်ဆိုရင် အဲဒါကို ပစ္စည်းထုတ်တဲ့ဆီကိုအပ်တာပေါ့ကွာ။ ရှားတော့ရှားတယ်ကွ။ ဒီမှာက မြို့ပြအင်ဂျင်နီယာပိုင်းတွေပဲ အဲလို တွက်ကြတယ်လို့ထင်တယ်၊ Electrical က မဖွံ့ဖြိုးသေးဘူးကွ။ နောက်တော့ပေါလာမယ်ထင်ပါတယ်…” ဟု ပြန်ဖြေလေသည်။

“ဒါဆိုရင် Lattice လို့ခေါ်တဲ့ သံဘောင်တွေသုံးတာနဲ့ Pole တွေသုံးတာကျတော့ကော ဘယ်လိုကွာလဲဗျ။” ဟု ဖက်တီးကဆက်မေးရာ ကိုငှက်ကြီးက “Electrical သီးသန့်ပြောရင်တော့ မကွာပါဘူးကွ။ တပ်ဆင်ရေးပိုင်း ကျတော့ သံဘောင်တွေနဲ့က သယ်ရတာ၊ တပ်ရတာ လွယ်တာပေါ့။ Pole တွေ သုံးတာကျတော့ Heavy Mechinery တွေရှိမှ မြန်မြန်လွယ်လွယ်လုပ်နိုင်မှာ။ ရှင်းတာကတော့ Pole တွေကတော့ တိုင်ထီးထီးကြီးဆိုတော့ အမြင်ရှင်းတာပေါ့ကွာ။ သယ်ပို့ရခက်ရင်တော့ သံဘောင်လုပ်တာအကောင်းဆုံးပဲ။ Structure Design လုပ်ရမှာ၊ ဒီဇိုင်းအပ်ရမှာ အလုပ်ရှုပ်သက်သာချင်ရင်တော့လဲ Pole သုံးပေါ့ကွာ။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။ ဘယ်ဟာသုံးသုံး ရပါတယ်..” ဟုရှင်းပြလေသည်။

ကိုငှက်ကြီးမှ ဆက်၍ “မင်းတို့မေးတဲ့ Overhead Ground Wire အကြောင်းပြောရရင်တော့ အဲဒါက မိုးကြိုး ပစ်တဲ့အခါ အောက်က Equipment တွေကို မထိခိုက်အောင်ကာကွယ်ဖို့ပေါ့ကွာ။ အဲဒီကောင်ကိုတော့ ခုနောက်ပိုင်း Popular အဖြစ်ဆုံး Rolling Sphere Method နဲ့တွက်လိုက်ရင် Gantry ပေါ်မှာ ဘယ်နေရာတွေ ဆွဲထားလိုက်ရင် မိုးကြိုးကာကွယ်နိုင်တေယ်ဆိုတာပေါ်ပါတယ်။ အဆောက်အဦးအတွက်လဲ တွက်ရပါတယ်။ ကြိုး Size တွက်တာကတော့ အဲဒီဧရိယာမှာရှိတဲ့ ဖြစ်လေ့ရှိတဲ့မိုးကြိုးရဲ့ Lightning Stroke Current ကို နိုင်တဲ့ကြိုးဆို ရပါတယ်။ သုံးလေ့ရှိတာကတော့ 200 kA/s နဲ့တွက်တယ်။ အများဆုံးပေါ့ကွာ။ တို့ဆီမှာတော့ Analysis တွေ Experiment တွေ မရှိပါဘူး။ British Standard ကိုပြောတာပါ။” ဟု ရှင်းပြရင်း “ နောက်ဆုံးမေးတဲ့ Earthwire ကတော့ အပေါ်ကမိုးကြိုးကြောင့်ဖြစ်တဲ့ Current ရော၊ ဓာတ်အားခွဲရုံထဲကပစ္စည်းတွေက ထွက်လာမယ့် Current ရော မြေကြီးထဲချပစ်ဖို့ တပ်ရတာပေါ့။ သူကတော့မြေကြီးရဲ့ Soil Resitivity ကို စမ်းရသေးတယ်။ ဓာတ်အားခွဲရုံ Switchyard ရဲ့အောက်မှာ လေးထောင့်ကွက်နဲ့ Earthing Grid ခင်းရတယ်။ နီးစပ်ရာပစ္စည်းကနေ Earth ချနိုင်အောင်ပေါ့ကွာ။ အကျဉ်းအကျယ်ကတော့ ဒီဇိုင်းလုပ်ရတယ်ကွ။ Grid တစ်ခုလုံးအနေနဲ့တွက်ရသလို၊ Grid တစ်ခုလုံးမှာရှိတဲ့ Ground Potential၊ Step Voltage၊ Touch Voltage တွေကိုလည်း တွက်ယူရတယ်ကွ။ ဒီနေရာမှာ Ground Potential တွက်တာကတော့ Computer Software သုံးပြီးတွက်မှ ရတာကွ။ Node တွေကများတာကိုး။” ဟု ဆက်ရှင်းပြလေသည်။

ဓာတ်တိုင်က “ကိုငှက်ကြီးရာ၊ ဗဟုသုတလဲရပါတယ်။ ရှုပ်လဲအတော်ရှုပ်သွားပြီ။ အဆောင်ပြန်ရောက်မှ ကိုငှက်ပြောတာတွေနဲ့ စာတွေနဲ့ ပြန်ကြည့် ကြည့်အုံးမယ်ဗျာ။ ကိုငှက်ကြီးလဲမောရောပေါ့။ ဆက်မေးချင်တာတွေ တော့အများကြီးပဲ။ လောလောဆယ် ကိုငှက်ကို မြို့ထဲမှာ လိုက်ပြုစုမယ်လေဗျာ။ သွားရအောင်” ဟု ပြောလိုက်လေသည်။

ကိုငှက်ကြီးက “ဟ… ငါကအလုပ်ရှိတဲ့သူပါကွ။ ငါလိုက်ကျွေးပါ့မယ်။ သွားရအောင်လေ…..ညီလေးတို့အားလုံးပဲ …လာ… လာ..” ဟုပြောရင်း စီမံကိန်းမှ ပေးထားသောကားသော့ကို လှမ်းယူကာ ဓာတ်တိုင်တို့အဖွဲ့နှင့် ကားပေါ် တက်၍ မြို့ထဲသို့ ထွက်ခဲ့လေတော့သည်။

ကိုငှက်ကြီးနှင့် ဓာတ်တိုင်တို့အဖွဲ့ မြို့ထဲက စားသောက်ဆိုင်မှ စားသောက်ပြီး ကိုငှက်ကြီး၏ စီမံကိန်း လုပ်ငန်းခွင်သို့ ပြန်လာခဲ့လေသည်။ စီမံကိန်း၏ ရှင်းလင်းဆောင်တွင် လွတ်လွတ်လပ်လပ် ဝိုင်းဖွဲ့ထိုင်လိုက် ကြရင်း ကိုငှက်ကြီးအား သိချင်တာတွေ ဆက်၍ မေးလေသည်။

ဓာတ်တိုင်က “ကိုငှက်ကြီး……ဖီဒါ(Feeder) တစ်ခုမှာ ဘာပစ္စည်းတွေ ပါတာလည်းဗျ။ ဘယ်လိုအလုပ်လုပ် ကျတာလဲ ဆိုတာလဲ ရှင်းပြပေးပါအုံး” မေးလိုက်ရာ ကိုငှက်ကြီးက “ဖီဒါက တစ်ခုနဲ့တစ်ခုမတူဘူးကွ။ ဓာတ်အားလိုင်းအဝင် ဖီဒါတွေဆိုရင် Lightning Arrester(LA), Capacitive Voltage Transformer(CVT) သို့မဟုတ် Voltage Transformer, Line Disconnecting & Earth Switch (DS & ES), Circuit Breaker(CB), Current Transformer(CT) နဲ့ Bus Disconnecting Switch (DS) တွေပါတယ်။ ထရန်စဖော်မာ၊ Reactor, Capacitor စတဲ့ ဖီဒါကျတော့ Voltage Transformer နဲ့ Line Disconnecting Switch (DS) လိုဟာမျိုးလျှော့ထားတယ်။ Bus ကနေ Bus DS, CB, CT, LA ချိတ်ပြီးဝင်တယ်။ Bus Metering ဖီဒါမှာကျတော့ DS, CVT ဒါမမဟုတ် VT, LA တွေကိုပဲတပ်တယ်။ မင်းတို့ ဟိုမှာပြထားတဲ့ Single Line Diagram ကိုကြည့်လိုက်ရင် မြင်ပါလိမ့်မယ်” ဟု ဆိုကာ ရှင်းလင်းဆောင်နံရံတွင် ကပ်ထားသော ဓာတ်အားခွဲရုံစီမံကိန်း၏ Single Line Diagram ကို လက်ညှိုးထိုးပြလိုက်လေသည်။ ဓာတ်တိုင်တို့အဖွဲ့လည်း အားလုံးမတ်တပ်ထ၍ သွားကြည့်လိုက်ကြလေသည်။

မှန်ကြောင်က “ ကိုငှက်ကြီး တစ်ခုချင်းရဲ့အလုပ်လုပ်ပုံလေးလဲ ရှင်းပြပါအုံး” ဟု လှမ်းပြောလိုက်ရာ ကိုငှက်ကြီးက “အေး….. ဒီမှာ Lightning Arrester ဆိုတာကတော့ တို့ဓာတ်အားခွဲရုံထဲက ပစ္စည်းတွေဆီကို ဓာတ်အားလိုင်းနဲ့ခွဲရုံထဲမှာ မိုးကြိုးပစ်တာ၊ Fault ဖြစ်တာ၊ Circuit Breaker(CB) တွေ ON/ OFF လုပ်တာနဲ့ Power Swing ဖြစ်တာ စတဲ့ အချိန်တွေမှာ ဖြစ်လာတက်တဲ့ High Voltage Surge တွေ မဝင်အောင်လို့ တားထားတာပေါ့ကွာ။ အဝင်ကို လိုင်းနဲ့ချိတ်ထားပြီး အောက်က Earth ချထားတယ်။ ဒီဇိုင်းလုပ်ရင်တော့ Phase Voltage Maximum ကို သူ့ရဲ့ Rated Voltage အနေနဲ့ထားတာပေါ့။ Capacitive Voltage Transformer(CVT) နဲ့ Current Transformer(CT) ကတော့ မီတာတွေအတွက်နဲ့ Protection အတွက်ပေါ့။ မီတာနဲ့ Protection Relay တွေက High Voltage နဲ့ တိုက်ရိုက်မှ ချိတ်လို့မရတာကိုး။ အဲတော့ High Voltage, High Current ကို လျော့ဖို့အတွက် သုံးတာပေါ့။ ဒီဇိုင်းလုပ်ရင်တော့ မီတာနဲ့ Protection Relay က ဘယ်လောက်အထိ တိကျအောင် ယူမလဲဆိုတဲ့ Accuracy Class, Ratio Error တွေ၊ အဲဒါတွေနဲ့သွယ်မယ့်ကြိုးရဲ့ ဝန်အားသုံးစွဲမှု Burden တွေကို အဓိကတွက်ရတယ်။ သုံးမယ့် Metering နဲ့ Protection အမျိုးအစားအရေအတွက် ပေါ်မူတည်ပြီး Secondary Core ကို ဘယ်နှစ်ခုထားမလဲ ဆိုတာလဲ တွက်ရတယ်။ Line Disconnecting & Earth Switch (DS & ES) နဲ့ Bus Disconnecting Switch (DS) တွေကတော့ တို့ဓာတ်အားခွဲရုံကို မောင်းနှင်တဲ့အခါ ထိန်းသိမ်းပြုပြင်ရေးတွေ လုပ်ဖို့လိုရင် မီးရှိတဲ့ဘက်နဲ့ မရှိတဲ့ဘက်ကို ခြားထားဖို့သုံးတာပေါ့ကွာ။ Earth Switch ကတော့ Conductor တွေပေါ်လူတွေ တက်အလုပ်လုပ်ရတဲ့အခါ ဓာတ်မလိုက်အောင်မြေဓာတ်ချတာ….။ လျှပ်စစ်ကထူးဆန်းတယ်ကွ မှန်ကြောင်ရ.. တခါတလေလိုင်းကို ပိတ်ထားရင်တောင် အဲအပေါ်မှာ မီးရှိနေတက်တယ်ကွ။ မင်းတို့လဲသိမှာပါ… တို့ကမ္ဘာကြီးက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို Magnetic Flux တွေဖြစ်နေတယ်ဆိုတာ။ တို့မြေကြီးက နေအထက် မီတာအလိုက် ဗို့အားတွေရှိနေတယ်ဆိုတာတွေလေ… အဲဒီ Effect တွေက တို့လိုင်းကို မီးပိတ်ထားလဲ လျှပ်စစ်ကစီးတယ်ကွ။ နောက်တစ်ခုက တို့လိုင်းရဲ့ အောက်တို့၊ ဘေးတို့မှာ မီးရှိတဲ့ ဓာတ်အားလိုင်းရှိနေရင် တို့လိုင်းကို Induce ဝင်ပြီး လျှပ်စစ်စီးပြန်ရော.. ဒါကြောင့် ထိန်းသိမ်းပြုပြင်ရေးတွေလုပ်ရင် Earth ကမဖြစ်မနေ ချရတယ်ကွ” ဟု ပြောရင်း တစ်ချက်နားလိုက်လေသည်။

ကိုငှက်ကြီးမှ ဆက်၍ “Circuit Breaker(CB) ကတော့ တို့ပုံမှန်အခြေအနေ ထိန်းသိမ်းပြုပြင်ရေးလုပ်တဲ့အချိန်၊ လိုအပ်လို့ ဖွင့်ဖို့ ပိတ်ဖိုလိုလာရင် အဖွင့်/ အပိတ်လုပ်ဖို့နဲ့ ပုံမှန်မဟုတ်တဲ့ Fault ဖြစ်တဲ့အခြေအနေတွေမှာ Protection Relay တွေကနေ ဖြတ်ချဖို့သုံးတာပေါ့ကွာ။ အိမ်မှာသုံးတဲ့ Breaker နဲ့တော့ သဘောတရားအတူတူပါပဲ။ တစ်ခုပဲ အိမ်က Breaker တွေလိုတော့ Fault ဖြစ်ရင်သူ့အလိုလို မပြုတ်ဘူး။ Fault ဖြစ်တဲ့ Current နဲ့ Voltage ကို CT, VT, CVT တွေကနေ Relay ကိုရောက်……Relay ကတွက်ချက်ပြီး သတ်မှတ်ချက်ထက်ကျော်ရင် CB ကို ဖြုတ်ချ (Open) လုပ်တာပေါ့ကွာ။ ဒီ DS, DSE, CB တွေကို ဒီဇိုင်းလုပ်ရင်တော့ သူတို့ ဖြုတ်ချရမယ့် Normal Current နဲ့ Fault Current ကို တန်ဖိုးကို အဓိကကြည့်ရတာကွ။ ရှိသမျှ Equipment တွေအကုန်လုံးကတော့ အဲဒါကြည့်ရပေမယ့် CB က ကျတော့ ဖြုတ်ချမယ့် အချိန်ဘယ်လောက် မီလီစက္ကန့်ရှိရမလဲ၊ Single Pole Operation(1phase) လား၊ Three Pole Operation(3phase) လား ဆိုတာကိုပါ ကြည့်ရတယ်။ နောက် Equipment တွေအကုန်လုံးကို နောက်စဉ်းစားရတဲ့အချက်က ငါအရင်ပြောခဲ့သလိုပဲ Power Frequency Withstand Voltage, Lighting Impulse Withstand Voltage နဲ့ Switching Impulse Withstand Voltage စတာတွေကို ထည့်စဉ်းစားရတယ်ကွ…” ဟုပြောရင်း နားလိုက်လေသည်။

ဖက်တီးက “ကိုငှက်ကြီးပြောသွားတဲ့အထဲမှာ Voltage ကို ရယူတာကို CVT နဲ့ VT လို့ နှစ်မျိုးပြောသွားတယ်။ ဘာကွာတာလဲ ကိုငှက်ကြီး..” ဟုမေးရာ ကိုငှက်ကြီးက “ အဲ… ဖီဒါမှာပါတဲ့ပစ္စည်းပြောတုန်းက Wave Trap ဆိုတာ ကျန်သွားတယ်ကွ။ Voltage ကို ရယူတဲ့ Function ကတော့ CVT နဲ့ VT က အတူတူပါပဲ။ CVT မှာပိုသွားတာက Communication အတွက်ပေါ့ကွာ။ Power Line Carrier Communication လို့ခေါ်တယ်ကွ။ တို့ကျောင်းမှာ EC ဘာသာရပ်မှာသင်တဲ့ Wave Filter ပုံစံလုပ်ထားတာပေါ့ကွာ။ တို့နိုင်ငံသုံးတဲ့ ဓာတ်အားကွန်ယက်ရဲ့ Frequency 50 Hz နဲ့ Communication Frequency ကို ခွဲဖို့ Wave Trap က Inductor အနေနဲ့သုံးပြီး CVT ကတော့ Capacitor အနေနဲ့သုံးတာပေါ့” ဟု ရှင်းပြလေသည်။

“ကိုငှက်ရှင်းပြတာတွေတော့စုံနေပါပြီ။ ထရန်စဖော်မာတွေ၊ Shunt Reactor တွေ၊ Capacitor တွေ အကြောင်းလဲ ပြောပြပါအုံးဗျ” ဟု အညာသားမှ ဆက်မေးလိုက်ရာ “ကိုငှက်ကြီးမှ “ဓာတ်အားခွဲရုံထဲက ပစ္စည်းတွေကတော့ တစ်ခုချင်း အသေးစိတ်ပြောပြရင်တော့ ပြောမကုန်ပဲကွ။ တို့ ၅ နှစ်သင်ခဲ့တာတွေတောင် ကုန်မှ မကုန်ပဲ။ မင်းတို့မြင်သာအောင် ထရန်စဖော်မာရဲ့ Nameplate လေးနဲ့ပြောပြမယ်။ ဒီမှာကြည့်…ကြည့်..” ဟုဆိုကာ Google မှ Nameplate တစ်ခုကို Tablet နှင့် ပြလိုက်လေသည်။



Image Source: https://www.quora.com/Why-isn%E2%80%99t-an-autotransformer-used-instead-of-a-power-transformer

 

“ဒါက အိန္ဒိယနိုင်ငံကထုတ်တဲ့ Transformer ရဲ့ Nameplate ပေါ့။ ဒီမှာကြည့်ရင် Auto- Transformer ဆိုတာတွေ့ရမယ်။ ရိုးရိုးထရန်စဖော်မာ(Conventional Transformer) နဲ့ Auto- Transformer ရဲ့ကွာခြားချက် တော့ မင်းတို့လဲသိပြီးသားဖြစ်မှာပါ။ Primary နဲ့ Secondary ကို Coil တစ်ခုတည်းပဲ အစတွေထုတ်ပြီး သုံးတာကို Auto- Transformer လို့ ခေါ်တယ်ဆိုတာ။ နောက် ON-LOAD Tap Changer ဆိုတာလေးပြထားတယ်။ ထရန်စဖော်မာကို မီးလွှတ်ထားရင်း Tap Position ပြောင်းလို့ရတယ်ပေါ့။  OFF-LOAD Tap Changer ပဲ ပါတယ်ဆိုရင်တော့ မီးပိတ်ပြီးမှပဲ ပြောင်းလို့ရမယ်။ တပ်ဆင်အင်အား(kVA) ကို ဒီမှာ (၃) မျိုးတွေ့မှာပေါ့။ ထရန်စဖော်မာတစ်လုံးတည်းကို တပ်ဆင်အင်အား (၃) ခုဖြစ်နေရတာက သူတို့ရဲ့ အအေးခံတဲ့စနစ်တွေ (၃) မျိုးသုံးထားတာမို့ပါ။ ONAN(Oil Neutral Air Neutral), ONAF (Oil Neutral Air Force), ODAF(Oil Driven Air Force) လို့ မင်းတို့တွေ့မှာပါ။ ထရန်စဖော်မာကို Fan တွေနဲ့လှည့်ပြီးအေးအောင်လုပ်တာ၊ ထရန်စဖော်မာဆီကို မော်တာနဲ့အတွင်းအပြင်လှည့်နေတာတွေပေါ့။ ဒီမှာမပါတဲ့ ရေနဲ့လှည့်တာတို့ Gas နဲ့အအေးခံတာတို့လဲ ရှိသေးတယ်ကွ။ တို့သုံးရင်တော့ ONAN/ ONAF (၂) မျိုးလောက်ပဲ သုံးမှာပါ။ လျှပ်စစ်ရဲ့သဘောတရားအရ အပူချိန်များလာရင် Resistance ပိုများလာတတ်တာဆိုတော့ အပူကိုလျှော့၊ Resistance ကျအောင်လုပ်ပြီး Power ပိုသယ်တဲ့သဘောပေါ့ကွာ။ တပ်ဆင်အင်အား၊ ဗို့အား၊ အမ်ပီယာ ဖော်ပြတာတွေမှာ HV, MV, TV လို့ပြထား တာတွေလဲ မင်းတို့သိမယ်ထင်ပါတယ်။ High Voltage, Medium Voltage, Tertiary Voltage သုံးမျိုးပေါ့။ ဒီမှာကြည့်ရင် 400 kV နဲ့ Primary အဝင်၊ 220 kV နဲ့အထွက်၊ Step Down Transformer ပေါ့.။  33 kV ကတော့ Primary Star, Secondary Star Connection ကြားမှာ Delta Connection နဲ့ Stabilizing Winding အနေနဲ့သုံးတာကွ။ သူကတော့ Winding သပ်သပ်ပေါ့။ အဲဒီ Tertiary ကနေ ခွဲရုံအတွက်နဲ့ လိုအပ်တဲ့ တခြား Load အတွက်သုံးတယ်ကွ။ Long Distance တော့ ဓာတ်အားလွှတ်သုံးဖို့မသင့်တော်ဘူး။ Fault ဖြစ်တဲ့အခါ ထရန်စဖော်မာကို ထိခိုက်နိုင်လို့ကွ။ ဒီပုံထဲက ထရန်စဖော်မာမှာ No of Phases ကို (3) လို့ပြထားတာတွေ့မှာပေါ့။ ထရန်စဖော်မာအိုးထဲမှာ Phase သုံးခုစလုံးအတွက် Winding သုံးခုပါတဲ့ တစ်လုံးတည်းအနေနဲ့သုံးတဲ့ပုံစံပေါ့။ တချို့ကျတော့ Alternative အနေနဲ့ Single Phase (၃) လုံးကို တွဲသုံးတာလဲ ရှိတယ်ကွ။ အဲမှာတော့ အိုးတစ်လုံးကို တစ် Phase စာ Winding ပဲပါတယ်။ Star/ Delta ကို အပြင်ရောက်မှ ချိတ်တာပေါ့။ အဲတာကတော့ တစ်ခုကောင်းတာ တစ် phase ပဲ ချို့ယွင်းပျက်စီးတဲ့အခါ 3 Phase စာလုံး လဲစရာမလိုတော့ဘူးပေါ့” ဟုရှင်းပြရင်း ခဏမျှနားလိုက်လေသည်။

ဖက်တီးက “ကိုငှက်ကြီး ပြောတဲ့ Connection ဆိုတာ ဒီထဲက Connection Symbol ကို ပြောတာလားဗျ” ဟုမေးလိုက်ရာ ကိုငှက်ကြီးမှ “အေး ဟုတ်တယ်ကွ (Yna0d11) ဆိုတဲ့ဟာလေးပေါ့၊ (Yn) က Star- Earth၊ (a) က Auto-Transformer၊ (0) က Primary နဲ့ Secondary ကြား Phase Difference Zero၊ (d) က Delta နဲ့ (11) ဆိုတာကတော့ Primary, Secondary နဲ့ Tertiary ကြား Phase Difference 11 hr လို့ပြောတာကွ” ဟု ပြန်ရှင်းပြရင်း ဆက်၍ “အဲဒီအပေါ်က Impedance Voltage ကိုရောတွေ့လား၊ အဲဒါက Transformer ရဲ့ လျှပ်ဟန့်တားမှု(Impedance) ကိုပြောတာကွ။ ဒါကို ရာခိုင်နှုန်းနဲ့ပြထားတယ်။ အင်ဂျင်နီယာလိုပြောရင်တော့ Per- Unit တန်ဖိုးပေါ့ကွာ။ တို့ Power System Analysis မှာ Z တန်ဖိုးအနေနဲ့သုံးတာပေါ့၊ Positive/ Negative Sequence Value ပေါ့ကွာ။ အဲဒီအောက်က အလေးချိန်တွေ၊ ဆီပမာဏတွေနဲ့ ဆီ၊ လေ Force သုံးရင် လည်ပတ်နှုန်းတွေပေါ့။ အောက်ကဆက်ကြည့်ရင် အရင်ငါပြောတဲ့ Equipment တွေအားလုံးအတွက် Insulation Coordination စဉ်းစားရတဲ့ Switching, Lightning နဲ့ Power Frequency Voltage တွေပြထားတယ်။ တို့ System နဲ့ High Voltage Analysis တွေ လုပ်လိုက်ရင် အဲဒီတန်ဖိုးရတယ်။ နိုင်ငံတကာမှာတော့ Standard Value တွေရှိတယ်။ တို့လဲအဲဒါကိုမှီငြှမ်းရတာပါပဲ။ ဒီမှာပြထားတာကတော့ ထရန်စဖော်မာထုတ်ပြီးသွားရင် High Voltage Injection လုပ်ပြီး ရတာတွေနဲ့စမ်းထားတာကွ။ သူတို့စမ်းရတဲ့ ပမာဏကို ပြထားတာကွ။ တို့တွက်ထား၊ ခန့်မှန်းထားတာနဲ့ကိုက်ရင် ကွက်တိပေါ့ကွာ။ အောက်မှာ ဆက်ပြီး Transformer Tapping တွေနဲ့ Connection တွေပြထားတယ်။ Tap အနေနဲ့ (၁၇) ခုရှိတယ်၊ Normal Tap ကတော့ (၉) မှာထားတာပေါ့ကွာ။ Ratio အကြောင်းတော့ မပြောတော့ဘူး။ မင်းတို့သိပြီးသားဖြစ်မှာပါ။ အောက်ဆုံးမှာပြထားတာကတော့ Transformer Bushing မှာ Built-in ပါပြီးဖြစ်တဲ့ Current Transformer ရဲ့ အချက်အလက်တွေကွ။ Secondary Coil အရေအတွက်တွေ၊ Primary/ Secondary အချိုးတွေ၊ Secondary Value မှန်ကန်နိုင်မှုအဆင့် Accuracy Class တွေ၊ ခံနိုင်ရည်ဝန်အား(Burden- VA) တွေ၊ Overcurrent Saturation ပမာဏဖြစ်တဲ့ Instrument Safety Factor(ISF) တွေ၊ သူရဲ့ Voltage(Knee Point) တွေ၊ Knee Point မှာရှိမယ့် Excitation Current တွေ နဲ့ Winding ရဲ့ ခုခံမှုတွေပြထားတာကွ၊ ဒီ Name Plate မှ တစ်ခုမပါတာက Transformer Losses ကွ။ ကျန်တဲ့အပိုင်း ရိုက်မတင်ထားတော့မတွေ့ရဘူး။ Losses မှာ Core မှာဆုံးရှံးသွားတဲ့ No Load Losses နဲ့ ကွိုင်မှာ ဆုံးရှံးသွားတဲ့ Load Losses လို့ရှိတယ်။ Iron Losses နဲ့ Copper Losses လို့လဲခေါ်တာပေါ့ကွာ။” ဟု အသေစိတ်ရှင်းပြလေသည်။

ကိုငှက်ကြီးမှ ဆက်၍ “တစ်ဆက်တည်းပြောရရင် Shunt Reactor မှာ သူက အဝင်ကို HV နဲ့ဝင်ပြီး အထွက်ကို Star Point လုပ်ပြီး Earth ချလိုက်တာကွ။ သူ့ရဲ့ တပ်ဆင်အင်အားကိုတော့ MVAR နဲ့ပြတယ်၊ Primary Winding တစ်ခုတည်းပါတယ်ပေါ့ကွာ၊ Coil လို့ပြောတဲ့ အတိုင်း Milihenery(mH) တန်ဖိုးကိုလဲ ကြည့်ရတယ်ကွ။ ကျန်တာတော့ Transformer နဲ့ အတူတူပါပဲ။ သူတို့ကို Installation လုပ်တဲ့အခါ အထဲမှာ ဆီပါတော့ တစ်ခုခုဖြစ်ရင် ဆီတွေပေါက်ကျတာကို ပြန်စုလို့ရအောင် ဆီစုကန်ကို ဘေးမှာ လုပ်ထားရတယ်ကွ။ Fire Fighting System တွေကိုလဲ တပ်ရတာပဲ” ဟု ရှင်းပြလေသည်။

ကိုငှက်ကြီး၏ရှင်းပြနေမှုကို ဓာတ်တိုင်တို့အဖွဲ့နားထောင်နေကြရင်း ခပ်လှမ်းလှမ်းမှပစ္စည်းများချနေကြသော ကရိမ်းများကိုလှမ်းကြည့်၍ ဖက်တီးက “ကိုငှက်ကြီး အဲဒီ ကြိုးဘီးလုံးတွေက ဘာအတွက်လဲ။ အများကြီးပဲဗျ” ဟုမေးလိုက်ရာ ကိုငှက်ကြီးက “အော် ဟိုမှာမြင်နေရတဲ့ဘီးလုံးတွေလား။ အဲဒါတွေက Busbar လုပ်ဖို့အတွက် Conductor ကြိုးတွေ၊ Transformer အထွက် Distribution Line တွေထွက်ဖို့နဲ့ Tertiary Connection လုပ်ဖို့အတွက် Power Cable တွေနဲ့ Switchyard Equipment တွေကို Control လုပ်ဖို့ Control Cable တွေကွ။ Control Cable ဆိုလို့ အဲဒီအကြောင်းလေးဆက်ပြောပြမယ်။ Switchyard ထဲမှာရှိတဲ့ Circuit Breaker၊ Disconnecting Switch တွေကို Operation လုပ်ဖို့ အဲဒီပစ္စည်းတွေမှာပါတဲ့မောင်းတံတွေကို Operation ဖြစ်အောင် Magnetic Contactor Coil တွေကို ပစ္စည်းအောက်ခြေက Mechanism Box တွေထဲမှာ တပ်ထားတယ်ကွ။ တို့ခေါ်တာ‌တော့ Opening Coil(Tripping Coil), Closing Coil ပေါ့ကွာ။ အဲဒါတွေကို မောင်းဖို့ အဲဒီ Mechanism Box မှာ ON/ OFF ခလုတ်တွေတပ်ထားသလို Control ခန်းထဲကနေထိန်းလို့ရအောင် အစောက Control Cable တွေနဲ့ချိတ်ပြီး Control Panel တွေရဲ့ခလုတ်တွေနဲ့ချိတ်ထားတာပေါ့ကွာ။ ဒီမှာ တစ်ခုမှတ်ထားရမှာက အဲလို Control လုပ်တာကို Direct Current(DC) နဲ့လုပ်တာကွ။ ခွဲရုံထဲမှာ Battery Bank နဲ့ Charger တွေကို တပ်ဆင်ထားပြီး Control & Protection အတွက် သုံးတာကွ။ Opening Coil ကို ငါ Tripping Coil လို့ပြောတာ မင်းတို့သတိထားမိမှာပေါ့။ Tripping ဆိုတာကတော့ တို့က ON/ OFF လုပ်တာမဟုတ်ဘဲနဲ့ ဓာတ်အားလိုင်း၊ ထရန်စဖော်မာ စတဲ့ဟာတွေမှာ အပြစ်ဖြစ်လာခဲ့ရင် Protection Relay တွေနဲ့ Circuit Breaker ကို Open ဖြစ်အောင်လုပ်တာကို ပြောတာကွ။ အဲတော့ Circuit Breaker တွေကို Control ဒီဇိုင်းစဉ်းစားရင် SCADA စနစ်၊ Protection စနစ်၊ Control Panel၊ Local Mechanism Box  စတာတွေကနေ Operation လုပ်လို့ရအောင် စဉ်းစားလုပ်ရတယ်ကွ” ဟုရှင်းပြရင်း ခဏမျှနားလိုက်လေသည်။

အညာသားကဆက်၍ “ကိုငှက်ကြီး Protection စနစ်တွေက ကျောင်းမှာသင်တဲ့ဟာတွေပဲလား၊ ဘာတွေ ထပ်ပါသေးလဲဗျ” ဟုမေးရာ ကိုငှက်ကြီးမှ “အဲဒီအတိုင်းပါပဲကွာ။ အသစ်မရှိပါဘူး။ Differential Protection Relay , Overcurrent and Earth Fault Protection Relay (Directional and Non Directional), Pilot Protection Relay , Distance Protection Relay, Auto Reclose Protection relay, Over/ Under Voltage Protection Relay, Over/ Under Frequency Protection Relay, Synchronizing Relay, စတာတွေနဲ့ ထရန်စဖော်မာတွေမှာ ပိုတာက Restricted earth fault relay, Buchholz relays, Pressure Relief Valve (PRV), Winding Temperature/ Oil Temperature Protection စတာတွေပေါ့ကွာ။ Relay တွေရဲ့ Characteristic နဲ့ Coordination တွေကတော့ ကိုယ့်ရဲ့ Requirement တွေပေါ်မူတည်ပြီး သုံးရ ထားရတာကွ။ ”

“ကဲ…..ဒီလောက်ဆိုရင် မင်းတို့လည်း ခွဲရုံအကြောင်း လက်တွေ့နဲ့ စာတွေ့ တီးမိခေါက်မိတော့ဖြစ်ပြီထင်တာပဲ။ အသေးစိတ်ကတော့ ကျယ်ပြန့်တယ်ကွ။ နောက်မှ ပစ္စည်းတွေဆင်ပြီးရင် တစ်ခေါက်လာကြပေါ့။ အဲ့ကျ ပိုပြီးလက်တွေ့သုံးတဲ့ဟာတွေ ငါထပ်ရှင်းပြမယ်လေ” ဟုပြောလိုက်ရာ ဓာတ်တိုင်က “ ကျေးဇူးတင်ပါတယ် ကိုငှက်ကြီးရာ။ ကျွန်တော်တို့လဲ တော်တော်ဗဟုသုတရပါတယ်။ ကိုငှက်ကြီးပြောသလို နောက်မှထပ်လာပါ အုံးမယ်။ ကိုငှက်ကြီးလဲ နားပါအုံးဗျ။ ကျွန်တော်တို့လဲပြန်တော့မယ်” ဟုဆိုကာ ကိုငှက်ကြီး၏ စီမံကိန်းလုပ်ငန်း ခွင်မှ ဓာတ်တိုင်တို့အဖွဲ့လည်း ပြန်လာခဲ့ကြလေတော့သည်။

ဓာတ်တိုင်နှင့်သူငယ်ချင်းများ (၂-၅)- Substations

 ကိုငှက်ကြီး၏ရှင်းပြနေမှုကို ဓာတ်တိုင်တို့အဖွဲ့နားထောင်နေကြရင်း ခပ်လှမ်းလှမ်းမှပစ္စည်းများချနေကြသော ကရိမ်းများကိုလှမ်းကြည့်၍ ဖက်တီးက “ကိုငှက်ကြီး အဲဒီ ကြိုးဘီးလုံးတွေက ဘာအတွက်လဲ။ အများကြီးပဲဗျ” ဟုမေးလိုက်ရာ ကိုငှက်ကြီးက “အော် ဟိုမှာမြင်နေရတဲ့ဘီးလုံးတွေလား။ အဲဒါတွေက Busbar လုပ်ဖို့အတွက် Conductor ကြိုးတွေ၊ Transformer အထွက် Distribution Line တွေထွက်ဖို့နဲ့ Tertiary Connection လုပ်ဖို့အတွက် Power Cable တွေနဲ့ Switchyard Equipment တွေကို Control လုပ်ဖို့ Control Cable တွေကွ။ Control Cable ဆိုလို့ အဲဒီအကြောင်းလေးဆက်ပြောပြမယ်။ Switchyard ထဲမှာရှိတဲ့ Circuit Breaker၊ Disconnecting Switch တွေကို Operation လုပ်ဖို့ အဲဒီပစ္စည်းတွေမှာပါတဲ့မောင်းတံတွေကို Operation ဖြစ်အောင် Magnetic Contactor Coil တွေကို ပစ္စည်းအောက်ခြေက Mechanism Box တွေထဲမှာ တပ်ထားတယ်ကွ။ တို့ခေါ်တာ‌တော့ Opening Coil(Tripping Coil), Closing Coil ပေါ့ကွာ။ အဲဒါတွေကို မောင်းဖို့ အဲဒီ Mechanism Box မှာ ON/ OFF ခလုတ်တွေတပ်ထားသလို Control ခန်းထဲကနေထိန်းလို့ရအောင် အစောက Control Cable တွေနဲ့ချိတ်ပြီး Control Panel တွေရဲ့ခလုတ်တွေနဲ့ချိတ်ထားတာပေါ့ကွာ။ ဒီမှာ တစ်ခုမှတ်ထားရမှာက အဲလို Control လုပ်တာကို Direct Current(DC) နဲ့လုပ်တာကွ။ ခွဲရုံထဲမှာ Battery Bank နဲ့ Charger တွေကို တပ်ဆင်ထားပြီး Control & Protection အတွက် သုံးတာကွ။ Opening Coil ကို ငါ Tripping Coil လို့ပြောတာ မင်းတို့သတိထားမိမှာပေါ့။ Tripping ဆိုတာကတော့ တို့က ON/ OFF လုပ်တာမဟုတ်ဘဲနဲ့ ဓာတ်အားလိုင်း၊ ထရန်စဖော်မာ စတဲ့ဟာတွေမှာ အပြစ်ဖြစ်လာခဲ့ရင် Protection Relay တွေနဲ့ Circuit Breaker ကို Open ဖြစ်အောင်လုပ်တာကို ပြောတာကွ။ အဲတော့ Circuit Breaker တွေကို Control ဒီဇိုင်းစဉ်းစားရင် SCADA စနစ်၊ Protection စနစ်၊ Control Panel၊ Local Mechanism Box  စတာတွေကနေ Operation လုပ်လို့ရအောင် စဉ်းစားလုပ်ရတယ်ကွ” ဟုရှင်းပြရင်း ခဏမျှနားလိုက်လေသည်။

အညာသားကဆက်၍ “ကိုငှက်ကြီး Protection စနစ်တွေက ကျောင်းမှာသင်တဲ့ဟာတွေပဲလား၊ ဘာတွေ ထပ်ပါသေးလဲဗျ” ဟုမေးရာ ကိုငှက်ကြီးမှ “အဲဒီအတိုင်းပါပဲကွာ။ အသစ်မရှိပါဘူး။ Differential Protection Relay , Overcurrent and Earth Fault Protection Relay (Directional and Non Directional), Pilot Protection Relay , Distance Protection Relay, Auto Reclose Protection relay, Over/ Under Voltage Protection Relay, Over/ Under Frequency Protection Relay, Synchronizing Relay, စတာတွေနဲ့ ထရန်စဖော်မာတွေမှာ ပိုတာက Restricted earth fault relay, Buchholz relays, Pressure Relief Valve (PRV), Winding Temperature/ Oil Temperature Protection စတာတွေပေါ့ကွာ။ Relay တွေရဲ့ Characteristic နဲ့ Coordination တွေကတော့ ကိုယ့်ရဲ့ Requirement တွေပေါ်မူတည်ပြီး သုံးရ ထားရတာကွ။ ”

“ကဲ…..ဒီလောက်ဆိုရင် မင်းတို့လည်း ခွဲရုံအကြောင်း လက်တွေ့နဲ့ စာတွေ့ တီးမိခေါက်မိတော့ဖြစ်ပြီထင်တာပဲ။ အသေးစိတ်ကတော့ ကျယ်ပြန့်တယ်ကွ။ နောက်မှ ပစ္စည်းတွေဆင်ပြီးရင် တစ်ခေါက်လာကြပေါ့။ အဲ့ကျ ပိုပြီးလက်တွေ့သုံးတဲ့ဟာတွေ ငါထပ်ရှင်းပြမယ်လေ” ဟုပြောလိုက်ရာ ဓာတ်တိုင်က “ ကျေးဇူးတင်ပါတယ် ကိုငှက်ကြီးရာ။ ကျွန်တော်တို့လဲ တော်တော်ဗဟုသုတရပါတယ်။ ကိုငှက်ကြီးပြောသလို နောက်မှထပ်လာပါ အုံးမယ်။ ကိုငှက်ကြီးလဲ နားပါအုံးဗျ။ ကျွန်တော်တို့လဲပြန်တော့မယ်” ဟုဆိုကာ ကိုငှက်ကြီး၏ စီမံကိန်းလုပ်ငန်း ခွင်မှ ဓာတ်တိုင်တို့အဖွဲ့လည်း ပြန်လာခဲ့ကြလေတော့သည်။

(ပြီးပါပြီ)

ဓာတ်အားကွန်ယက်များတွင် အသုံးပြုလေ့ရှိသော WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း

  ဒီတစ်ခေါက်တော့ လျှပ်စစ်ဓာတ်အားကွန်ယက်မှာ SCADA စနစ်အပြင် အခြားသုံးတဲ့ WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း လေ့လ...