ဒီတစ်ခေါက်တော့ Transmission and Distribution System တွေမှာ အသုံးပြုတဲ့ Insulator များနဲ့ ပတ်သက်ပြီး ရှာဖွေလေ့လာမိသမျှ ရေးသားဖော်ပြလိုက်ရပါတယ်။ ၁၁, ၃၃, ၆၆, ၁၃၂, ၂၃၀, ၅၀၀ ကေဗွီ စတဲ့ မြန်မာနိုင်ငံမှာ အသုံးပြုနေတယ်လို့ သိရတဲ့ ဗို့အားစနစ်တွေမှာ အသုံးပြုတဲ့ Insulator များ အကြောင်းဖြစ်ပါတယ်။
Insulator များဟာ လျှပ်စစ်အသုံးပြုတဲ့နေရာတိုင်းမှာ
မရှိမဖြစ် အဓိကလိုအပ်တဲ့ပစ္စည်းတစ်ခု ဖြစ်ပါ တယ်။ အထက်က ဗို့အားစနစ်တွေမှာအသုံးပြုတဲ့
Insulator များကတော့ ကြွေသီး (Porcelain)၊ ဖန်သီး(Glass)၊ ပိုလီမာ(Polymer) နဲ့ ပေါင်းစပ်ပိုလီမာ
(Composite) တို့ပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အနေနဲ့ ကြွေသီး(Porcelain) ကို (၄၅ %)၊
ပေါင်းစပ်ပိုလီမာ (Composite) ကို (၃၀%)၊ ဖန်သီး(Glass) ကို (၁၅%) နဲ့ ပိုလီမာ(Polymer)ကိုတော့
(၁၀%) လောက်သုံးနေကြပါတယ်။ Insulator တွေကို ဒီဇိုင်း လုပ်ရာမှာတော့ သူတို့ရဲ့ပုံသဏ္ဍန်၊
အရွယ်အစား နဲ့ Creepage Distance စတာတွေကို သုံးမယ့်ဗို့အား စနစ်နဲ့ Flashover ဖြစ်ပေါ်မှု
ကာကွယ်နိုင်မှုတို့ကို ထည့်သွင်းစဉ်းစားတွက်ချက် ဆောင်ရွက်ရပါတယ်။
အထက်ကဖော်ပြခဲ့တဲ့ ဗို့အားစနစ်များမှာအသုံးပြုမယ့်
Insulator များနဲ့ပတ်သက်လို့ IEC Standard အရ Flashover Voltage နဲ့ Creepage
Distance တန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
Voltage Level (kV) |
Basic Impulse Level (BIL) (kV) |
Switching Impulse Withstand (SIW)
(kV) |
Minimum Creepage Distance (mm) |
11 |
95 |
70 |
320 |
33 |
200 |
170 |
840 |
66 |
350 |
330 |
1520 |
132 |
650 |
550 |
2800 |
230 |
1050 |
950 |
4600 |
500 |
2000 |
1700 |
8500 |
Insulator များနဲ့ပတ်သတ်လို့
ဒီဇိုင်းပြုလုပ်ရာမှာ အထက်ပါ Flashover Voltage များအရ Creepage Distance ကို တွက်ချက်ခြင်းကလည်း
အရေးကြီးသည့် ကဏ္ဍတစ်ခုမှာပါဝင်ပါတယ်။ အဲဒီအတွက် ခန့်မှန်းမိအောင် ၆၆ ကေဗွီ စနစ်အတွက်
Creepage Distance တွက်ချက်ပုံလေး အောက်မှာဖော်ပြပေး လိုက်ရပါတယ်-
Pollution Severity Factor
for Medium Pollution: 0.20
Altitude Factor for 100
meters: 1.0
Voltage Factor for 66 kV:
1.1
Now, calculate: Creepage
Distance = Pollution Severity Factor x Altitude Factor x Voltage Factor= 0.20 x
1.0 x 1.1 = 0.22 meters (220 mm)
ဒါကတော့ medium-pollution
area မှာ ၆၆ ကေဗွီ ဗို့အားအတွက် လိုအပ်တဲ့ Creepage Distance ကို တွက်ချက်တာ ဖြစ်ပါတယ်။
တကယ်က အပေါ်ကတွက်ချက်တာမှာ
Safety Margin မပါသေးပါဘူး။ Safety Margin ကို 1.5 ယူဆပြီးတွက်ကြည့်ရင် Creepage
Distance= 220 mm x 1.5 = 330 mm ဖြစ်ပါတယ်။
ယခုတွက်ခဲ့တာကတော့ Rated
Voltage အတွက် တွက်တာဖြစ်ပြီးတော့ အပေါ်ဇယားမှာ ပြထားတာကတော့ Flashover Voltage များပါ
ထည့်သွင်းစဉ်းစားထားတဲ့ တန်ဖိုးဖြစ်ပါတယ်။
Insulator များဟာ ပုံမှန်ထိန်းသိမ်းပြုပြင်မှုဆောင်ရွက်ရန်လိုအပ်ပြီး
ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိဓာတ်အား ကွန်ယက်၏ ကြံခိုင်မှုနဲ့ ယုံကြည်စိတ်ချရမှု အဆင့်ကို
ပိုမိုတိုးတက်စေနိုင်ပါတယ်။ ပုံမှန်ဆောင်ရွက် ရမယ့် ထိန်းသိမ်းပြုပြင်မှုများကတော့
အမှုန်ညစ်ပေမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် အခြားသက် ရောက်မှုများကြောင့် Insulator
များ ညစ်ညမ်းမှုများကို Deionized Water နှင့် Brush ပျော့ပျော့တို့ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊
ကွဲအက်ခြင်း၊ အစပဲ့ခြင်းနှင့် မျက်နှာပြင်ပျက်စီးခြင်း စသည်တို့ကို မျက်မြင်ပုံမှန်
စစ်ဆေးပြုပြင်ခြင်း၊ အစိုဓာတ်နှင့် ညစ်ညမ်းမှုကို ကာကွယ်နိုင်သော Hydrophobic
Coating များ အသုံးပြုခြင်း၊ လိုအပ်ပါက အသစ်လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
နှစ်စဉ်မျက်မြင် စစ်ဆေးခြင်း၊ ညစ်ညမ်းဧရိယာအတွင်းကျရောက်သော Insulator များကို (၆)
လ တစ်ကြိမ် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ (၂) နှစ်လျှင် (၁) ကြိမ် Coating သုတ်လိမ်းခြင်း၊ (၃) လ (၁) ကြိမ် ညစ်ပေမှုများ ဖယ်ရှားခြင်း၊
လိုအပ်ချက်နှင့်အညီ လဲလှယ်ခြင်းတို့ကို မဖြစ်မနေဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
Insulator များ ယုံကြည်စိတ်ချစွာဖြင့်
အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်သူများသာမက
ဝယ်ယူသူများ ကလည်း သက်ဆိုင်ရာ Sample Insulator များကို ရယူ၍ စမ်းသပ်မှုများကို မဖြစ်မနေဆောင်ရွက်ရန်
လိုအပ်ပါသည်။ စမ်းသပ်ရာတွင် Routine Test အနေဖြင့် တပ်ဆင်ရာတွင် ကြံခိုင်မှုလိုအပ်ချက်
မှီ/ မမှီ သိရှိနိုင်ရန်အတွက် Mechanical tests (tensile and compressive
strength), အမြင်တင့်တယ်မှု စစ်ဆေးခြင်းအတွက် Visual inspections for surface
imperfections, ဒီဇိုင်းနှင့်ကိုက်ညီမှုရှိ/ မရှိ စိစစ်ရန်အတွက် Dimensions and
tolerances checks, သက်ဆိုင်ရာ ဖော်ပြချက်များမှန်/ မမှန် စစ်ဆေးရန်အတွက် Verification
of markings and labeling. များကိုလည်းကောင်း၊ Type Test အနေဖြင့် lightning impulses ခံနိုင်ရည်စမ်းသပ်သည့်
Basic Impulse Level (BIL) test, Power Frequency Voltage အခြေအနေများအတွက် Power
Frequency Dry Withstand Voltage (PFDWV) test in dry conditions နှင့် Power
Frequency Wet Withstand Voltage (PFWWV) test under wet conditions, ရေဒီယိုလှိုင်းနှောက်ယှက်မှုပမာဏ
စစ်ဆေးသည့် Radio Influence Voltage (RIV) test, အပူချိန်ပြောင်းလဲမှုအရ Insulator
၏ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးသည့် Thermal-Mechanical Performance(TMP) test တို့ကိုလည်းကောင်း
Special Test အနေဖြင့် ညစ်ညမ်းသည့်အခြေအနေတွင် Insulator ၏ ကြံ့ခိုင်မှု၊ စွမ်းဆောင်နိုင်မှုကို
ဆားမှုန့်ဖြန့်ကျဲချ သည့်အခန်းတွင်း စစ်ဆေးသည့် Pollution performance tests, တိုက်စားမှုခံနိုင်ရည်စစ်ဆေးသည့်
Tracking and erosion tests, တပ်ဆင်မည့် ဒီဇိုင်းဝန်အားများခံနိုင်ရည်ရှိ/ မရှိ စမ်းသပ်သည့်
Mechanical load tests under varying conditions, သက်တမ်းခံနိုင်ရည် စမ်းသပ်သည့် Long-term aging
tests to assess insulator durability စသည်တို့ ဖြစ်ပါသည်။
ဈေးကွက်ထဲမှာရှိတဲ့ Insulator
များကို အသုံးပြုဖို့စဉ်းစားတဲ့အခါ အနည်းဆုံးကြည့်ရမယ့် စံချိန်စံညွန်း တွေကတော့ Creepage
Distance, Material Quality, Coating, UV Resistance Value, Radio Influence
Voltage နဲ့ Mechanical Strength တို့ပဲ ဖြစ်ပါတယ်။
IEC Standard အရ
Pollution Level သတ်မှတ်ချက်ကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်-
Light Pollution:
Low pollution levels, common in urban and non-industrial areas.(ကျေးလက်ဒေသနှင့်
စက်မှုဇုန်မရှိသည့်နေရာဒေသများ)
Medium Pollution:
Moderate pollution levels, typical in suburban and semi-industrial areas.(မြို့နှင့်
စက်မှုဇုန်အချို့ရှိသည့်နေရာဒေသများ)
Heavy Pollution:
High pollution levels, found in industrial and coastal regions.(စက်မှုဇုန်ဧရိယာနှင့်
ပင်လယ်ကမ်းခြေဒေသများ)
Severe Pollution:
Extremely high pollution levels, prevalent in highly industrialized areas and
coastal regions with salt contamination. (ညစ်ညမ်းမှုများလွန်းသည့် စက်မှုဇုန်များနှင့်
ဆားဓာတ်များလွန်းသည့် ပင်လယ်ကမ်းခြေဒေသများ)
နောက်ဆုံးအနေနဲ့ ဖြည့်စွက်ဖော်ပြလိုတာကတော့
သဘာဝပတ်ဝန်းကျင်သက်ရောက်မှုဖြစ်ပါတယ်။ အပူချိန်မြင့်မားခြင်း၊ လေထုစိုထိုင်းဆ မြင့်မားခြင်း၊
UV သက်ရောက်မှုပမာဏများခြင်း တွေကလဲ Insulator များကို ကြီးမားတဲ့သက်ရောက်မှုရှိတာမို့
မိမိအသုံးပြုမယ့်ဒေသရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ အပေါ်မူတည်ပြီး Factor များကို လိုအပ်သို့
ထည့်သွင်းစဉ်းစားတွက်ချက်ရမှာဖြစ်ပါတယ်။
တစ်စုံတစ်ခု အသုံးဝင်မယ်လို့ယူဆပါတယ်၊
ကျန်းမာချမ်းသာကြပါစေဗျာ……….
https://www.facebook.com/profile.php?id=100086014254358,
https://eleverse.blogspot.com/,
တို့မှာလည်း Electrical Power နဲ့ပတ်သက်တာတွေ သိသမျှ၊ လေ့လာမိသမျှတွေကိုရေးပါတယ်။ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်………..
No comments:
Post a Comment