ဓာတ်တိုင်ကဆက်၍ “ကိုငှက်ကြီး Gantry တွေ Beam တွေကျတော့ရော။ ကိုငှက်ကြီးတို့ကဘယ်လို လုပ်မှာလဲ။ အဲဒီဟာက Overhead Ground Wire၊ တိုင်ခြေမှာ Earthwire တွေတပ်သေးတယ်မို့လား။ နောက်ပြီး ကြိုးတွေချိတ်တော့ရော ဘယ်လိုတွက်ချက်ပြီး လုပ်လဲဗျ။ ရှင်းပြပါအုံး ” တောင်းဆိုလိုက်ရာ ကိုငှက်ကြီးမှ “မင်းမေးတာ ဖြေရရင်တော့ ရှည်မယ်ကွ။ Electrical ရော Mechnical အပိုင်းတွေရောပါတယ်။ တို့က Busbar တည်ဆောက်ဖို့ Gantry တွေ၊ Beam တွေ၊ ကြိုးနဲ့ Insulation Accessories တွေသုံးတဲ့အခါ (၁) ဖီဒါစာ နေရာချဖို့ Beam အကျယ် ဘယ်လောက်ထားမလဲ။ Gantry အမြင့်ကိုဘယ်လောက်ထားမလဲ ဆိုတာတွေကို တို့သုံးမယ့် ဗို့အားပမာဏ အလိုက် Electrical Clearence လို့ခေါ်တဲ့ လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေးကို စဉ်းစားရတယ်ကွ။ ဒီနေရာမှာ တို့က တို့သုံးမယ့် ဗို့အားပမာဏရဲ့ ပုံမှန် Normal အခြေအနေမှာရှိတဲ့ ဗို့အားနဲ့ ပုံမှန်မဟုတ်တဲ့ Abnormal အခြေအနေမှာ ရှိတဲ့ ဗို့အားအခြေအနေကို ပေါင်းစဉ်းစားရတယ်ကွ။ ပုံမှန်အတွက် Rated Voltage, ပုံမှန်မဟုတ်တဲ့အခြေအနေအတွက် Power Frequency Withstand Voltage, Lighting Impulse Withstand Voltage နဲ့ Switching Impulse Withstand Voltage စတာတွေကို တွက်ချက်ရတယ်ကွ။ ဒါကတော့ အသစ် စလုပ်တဲ့ ဗို့အားစနစ်တွေမှာတွက်တာပေါ့ကွာ။ ငါအရင်ပြောခဲ့သလို တို့သက်ဆိုင်ရာ Standard တွေရှိရင်၊ အရင်လုပ်ပြီးသားတွေရှိရင် အဲဒါကိုပဲ Follow လုပ်လိုက်ရုံပါပဲ။ အဲဒီဗို့အားတွေနဲ့ လွတ်တဲ့ အကွာအဝေး ကိုတွက်ပြီး Beam အရှည်ကို တွက်ရတာကွ။ ဒါကအရှည်နဲ့ Phase တစ်ခုနဲ့တစ်ခုကြား အကွာအဝေး ရတာပဲရှိသေးတယ်။ အဲဒီ Beam နဲ့ သူ့ကိုထောက်မယ့် Gantry တွေကို Sizing လုပ်ဖို့ကျတော့ Mechnical ပိုင်းပါလာပြီ။ သူ့ကို သက်ရောက်မယ့် Vertical Load, Longitudinal Load, Transverse Load ဆိုတဲ့ သက်ရောက်အားတွေကို တွက်ရတယ်ကွ။ Vertical Load(ထောင်လိုက်သက်ရောက်အား) တွက်တဲ့အခါ သူ့ Beam, Gantry ရဲ့အလေးချိန်၊ ချိတ်ဆွဲမယ့် ကြိုး၊ ကြေသီးနဲ့ Insulation Accessories တို့ရဲ့အလေးချိန်နဲ့ Installation & Maintenance လုပ်တဲ့အခါမှာ အဲအပေါ်ကို တက်မယ့်လူ၊ တင်မယ့်ပစ္စည်း စတာတွေရဲ့ အလေးချိန်ပေါင်းကို တွက်ရတယ်။ Longitudinal Load(အလျားလိုက်သက်ရောက်အား) ကိုကျတော့ သူတို့ကို သွယ်ချိတ်မယ့် ပုံမှန်အခြေအနေမှာရှိတဲ့ ကြိုးဆွဲတင်းအား၊ ပုံမှန်မဟုတ်တဲ့ တစ်ဖက်က ကြိုးပြတ်သွားတဲ့ အခြေအနေ၊ Electrical Fault ဖြစ်တဲ့အခြေအနေမှာရှိတဲ့ ဆွဲတင်းအား၊ လေတိုက်တဲ့အားနဲ့ အဲကြိုးတွေပေါ်ကို တက်ပြီး Installation & Maintenance လုပ်တဲ့အခါမှာ အဲအပေါ်ကို တက်မယ့်လူ၊ တင်မယ့်ပစ္စည်း စတာ တွေရဲ့အလေးချိန်ပေါင်းကို တွက်ရတယ်။ Transverse Load (ဘေးတိုက်သက်ရောက်အား) ကိုကျတော့ အစောကချိတ်ဆွဲထားတဲ့ ကြိုး၊ ကြေသီးနဲ့ Insulation Accessories တွေ၊ Beam, Gantry တွေကို လေတိုက်တဲ့ အားပေါ့ကွာ။ ဒီမှာ လေတိုက်အားဆိုတာက ယူတဲ့အခါ တို့က ကိုယ်တည်ဆောက်မယ့် ဧရိယာထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်အတွင်း အများဆုံးတိုက်ခဲ့ဖူးတဲ့ လေတိုက်နှုန်း ဆိုတာမျိုးကို ယူတယ်။ အဲဒါကို Reliablity စဉ်းစားတယ်ခေါ်တာပေါ့ကွာ။ နှစ်များများ ပြန်ယူရင် ပို Reliablity ဖြစ်တယ်ပေါ့။ အဲဒီအားတွေရတဲ့အခါမှ Beam တွေ Gantry တွေကို ဘယ်လောက်ကြံ့ခိုင်အားရှိတဲ့ဟာ လုပ်ရမလဲ ဆိုတာပေါ်တယ်။ Gantry တွေရဲ့အမြင့်ကို တွက်တာကျတော့ အောက်မှာထားမယ့် Electrical Equipment ရဲ့အမြင့်, အပေါ်မှာတွဲလောင်းဖြစ်နေမယ့် Busbar ရဲ့ ကြိုးအိကျမှုအရှည်၊ ချိတ်ဆွဲမယ့်ကြွေသီးတွဲရဲ့ အရှည်၊ လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေး စတာတွေပေါင်းပြီးရတဲ့ တန်ဖိုးပေါ့။ ကြိုးကို ဓာတ်အားစီးသွားတဲ့အခါ အိကျလာမယ့် အရှည်ကိုလဲ ထည့်တွက်ရ သေးတယ်။ အဲဒါဆိုရင်တော့ Gantry နဲ့ Beam အကြောင်းစုံသလောက်ဖြစ်ပြီထင်တယ်။” ဟု စိတ်ရှည်ရှည်ဖြင့် ဖြည်းဖြည်းချင်းရှင်းပြလေသည်။
“အသေးစိတ် လုပ်ရတာပဲ ကိုငှက်ကြီး… အဲဒါတွေရတော့
Gantry နဲ့ Beam တွေကို ဘယ်လိုလုပ်လဲဗျ” ဟု မှန်ကြောင်ကဆက်မေးရာ ကိုငှက်ကြီးမှ “တို့တော့မလုပ်တော့ဘူးကွ။
ပစ္စည်းထုတ်တဲ့သူတွေကို အဲဒါတွေ ပေးပြီးအပ်တာပဲ။ ဒါပေမယ့် တကယ်မဖြစ်မနေလုပ်ဖို့လိုလာရင်တော့
Structure Design Software တွေသုံးပြီး ဒီဇိုင်းလုပ်ရတာပေါ့ကွာ။ ကိုယ်လိုချင်တဲ့ပုံစံလေးကို
Structure လေးလုပ်ကြည့်။ ရရင်အစောက Load တွေ ထည့်ပြီး Run ကြည့်။ မရင်ရင်ဆက်လုပ်ပေါ့။
စိတ်ကျေနပ်တဲ့ ဒီဇိုင်းရပြီး သင့်တော်တယ်ဆိုရင် အဲဒါကို ပစ္စည်းထုတ်တဲ့ဆီကိုအပ်တာပေါ့ကွာ။
ရှားတော့ရှားတယ်ကွ။ ဒီမှာက မြို့ပြအင်ဂျင်နီယာပိုင်းတွေပဲ အဲလို တွက်ကြတယ်လို့ထင်တယ်၊
Electrical က မဖွံ့ဖြိုးသေးဘူးကွ။ နောက်တော့ပေါလာမယ်ထင်ပါတယ်…” ဟု ပြန်ဖြေလေသည်။
“ဒါဆိုရင် Lattice လို့ခေါ်တဲ့ သံဘောင်တွေသုံးတာနဲ့
Pole တွေသုံးတာကျတော့ကော ဘယ်လိုကွာလဲဗျ။” ဟု ဖက်တီးကဆက်မေးရာ ကိုငှက်ကြီးက “Electrical
သီးသန့်ပြောရင်တော့ မကွာပါဘူးကွ။ တပ်ဆင်ရေးပိုင်း ကျတော့ သံဘောင်တွေနဲ့က သယ်ရတာ၊ တပ်ရတာ
လွယ်တာပေါ့။ Pole တွေ သုံးတာကျတော့ Heavy Mechinery တွေရှိမှ မြန်မြန်လွယ်လွယ်လုပ်နိုင်မှာ။
ရှင်းတာကတော့ Pole တွေကတော့ တိုင်ထီးထီးကြီးဆိုတော့ အမြင်ရှင်းတာပေါ့ကွာ။ သယ်ပို့ရခက်ရင်တော့
သံဘောင်လုပ်တာအကောင်းဆုံးပဲ။ Structure Design လုပ်ရမှာ၊ ဒီဇိုင်းအပ်ရမှာ အလုပ်ရှုပ်သက်သာချင်ရင်တော့လဲ
Pole သုံးပေါ့ကွာ။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။ ဘယ်ဟာသုံးသုံး ရပါတယ်..” ဟုရှင်းပြလေသည်။
ကိုငှက်ကြီးမှ ဆက်၍ “မင်းတို့မေးတဲ့ Overhead
Ground Wire အကြောင်းပြောရရင်တော့ အဲဒါက မိုးကြိုး ပစ်တဲ့အခါ အောက်က Equipment တွေကို
မထိခိုက်အောင်ကာကွယ်ဖို့ပေါ့ကွာ။ အဲဒီကောင်ကိုတော့ ခုနောက်ပိုင်း Popular အဖြစ်ဆုံး
Rolling Sphere Method နဲ့တွက်လိုက်ရင် Gantry ပေါ်မှာ ဘယ်နေရာတွေ ဆွဲထားလိုက်ရင် မိုးကြိုးကာကွယ်နိုင်တေယ်ဆိုတာပေါ်ပါတယ်။
အဆောက်အဦးအတွက်လဲ တွက်ရပါတယ်။ ကြိုး Size တွက်တာကတော့ အဲဒီဧရိယာမှာရှိတဲ့ ဖြစ်လေ့ရှိတဲ့မိုးကြိုးရဲ့
Lightning Stroke Current ကို နိုင်တဲ့ကြိုးဆို ရပါတယ်။ သုံးလေ့ရှိတာကတော့ 200
kA/s နဲ့တွက်တယ်။ အများဆုံးပေါ့ကွာ။ တို့ဆီမှာတော့ Analysis တွေ Experiment တွေ မရှိပါဘူး။
British Standard ကိုပြောတာပါ။” ဟု ရှင်းပြရင်း “ နောက်ဆုံးမေးတဲ့ Earthwire ကတော့
အပေါ်ကမိုးကြိုးကြောင့်ဖြစ်တဲ့ Current ရော၊ ဓာတ်အားခွဲရုံထဲကပစ္စည်းတွေက ထွက်လာမယ့်
Current ရော မြေကြီးထဲချပစ်ဖို့ တပ်ရတာပေါ့။ သူကတော့မြေကြီးရဲ့ Soil Resitivity ကို
စမ်းရသေးတယ်။ ဓာတ်အားခွဲရုံ Switchyard ရဲ့အောက်မှာ လေးထောင့်ကွက်နဲ့ Earthing
Grid ခင်းရတယ်။ နီးစပ်ရာပစ္စည်းကနေ Earth ချနိုင်အောင်ပေါ့ကွာ။ အကျဉ်းအကျယ်ကတော့ ဒီဇိုင်းလုပ်ရတယ်ကွ။
Grid တစ်ခုလုံးအနေနဲ့တွက်ရသလို၊ Grid တစ်ခုလုံးမှာရှိတဲ့ Ground Potential၊ Step
Voltage၊ Touch Voltage တွေကိုလည်း တွက်ယူရတယ်ကွ။ ဒီနေရာမှာ Ground Potential တွက်တာကတော့
Computer Software သုံးပြီးတွက်မှ ရတာကွ။ Node တွေကများတာကိုး။” ဟု ဆက်ရှင်းပြလေသည်။
ဓာတ်တိုင်က “ကိုငှက်ကြီးရာ၊ ဗဟုသုတလဲရပါတယ်။
ရှုပ်လဲအတော်ရှုပ်သွားပြီ။ အဆောင်ပြန်ရောက်မှ ကိုငှက်ပြောတာတွေနဲ့ စာတွေနဲ့ ပြန်ကြည့်
ကြည့်အုံးမယ်ဗျာ။ ကိုငှက်ကြီးလဲမောရောပေါ့။ ဆက်မေးချင်တာတွေ တော့အများကြီးပဲ။ လောလောဆယ်
ကိုငှက်ကို မြို့ထဲမှာ လိုက်ပြုစုမယ်လေဗျာ။ သွားရအောင်” ဟု ပြောလိုက်လေသည်။
ကိုငှက်ကြီးက “ဟ… ငါကအလုပ်ရှိတဲ့သူပါကွ။
ငါလိုက်ကျွေးပါ့မယ်။ သွားရအောင်လေ…..ညီလေးတို့အားလုံးပဲ …လာ… လာ..” ဟုပြောရင်း စီမံကိန်းမှ
ပေးထားသောကားသော့ကို လှမ်းယူကာ ဓာတ်တိုင်တို့အဖွဲ့နှင့် ကားပေါ် တက်၍ မြို့ထဲသို့ ထွက်ခဲ့လေတော့သည်။
(ဆက်ပါအုံးမည်……)
No comments:
Post a Comment