ဓာတ်အားပေးစက်ရုံရှိ ဗို့အားထိန်းစနစ်အား ဂျင်နရေတာ၏ ဗို့အားထွက်ရှိမှုကို ထိန်းချုပ်ရန် အသုံးပြုပါသည်။ ၎င်းသည် ဂျင်နရေတာ၏ Rotor သို့ ပေးပို့သော တိုက်ရိုက်လျှပ်စီးကြောင်း (DC Current) ပမာဏကို ထိန်းချုပ်ခြင်းဖြင့် အလုပ်လုပ်သည်။ ၎င်းလျှပ်စီးကြောင်းကို rotor သို့ပို့ပြီး သံလိုက်စက်ကွင်း(Magnetic Field) ဖန်တီး၍ လျှပ်ညှို့မှုဖြင့် stator အတွင်း လျှပ်စီးကြောင်းအပါအဝင် ဓာတ်အားများကို ထုတ်လုပ်ပေးသည်။ သံလိုက်စက်ကွင်း၏ သံလိုက်အမှုန် လှိုင်း(Magnetic Flux) များသည် ဗို့အားနှင့် တိုက်ရိုက်အချိုးကျပြီး Rotor အဝင်လျှပ်စီးကြောင်းကို ထိန်းချုပ်ခြင်းဖြင့် ဓာတ်အားပေးစက်အထွက်ဗို့အားကို ထိန်းချုပ်နိုင်ပါသည်။ ဗို့အားထိန်းကိရိယာ(Exciter) တွင် AC သို့ DC သို့ပြောင်းရန် Rectifier နှင့် DC ဗို့အားအထွက်ကို ထိန်းချုပ်စနစ်တို့ ပါဝင်ပါသည်။ ၎င်းကို ပုံမှန်အားဖြင့် သီးခြား တာဘိုင် သို့မဟုတ် ပင်မဓာတ်အားထုတ်စက်(Main Generator) ဝင်ရိုးဖြင့် ချိတ်ဆက်မောင်းနှင်ပြီး ဓာတ်အားပေးစက်၏ လိုချင်သောအထွက်ဗို့အားကို ထိန်းသိမ်းရန် စက်ရုံ၏ ထိန်းချုပ်မှုစနစ်(Control System) ဖြင့် ထိန်းချုပ်ထားပါသည်။ ပုံမှန် အထွက်ဗို့အားထိန်းသည့် ရာခိုင်နှုန်းသည် ဓာတ်အားပေးစက်ရုံအမျိုးအစားနှင့် ဒီဇိုင်းအပေါ်မူတည်ပြီး စက်၏ဗို့အား(Rated Voltage) ၏ +/- 1- 5% ကြား ဖြစ်ပါသည်။
ဗို့အားထိန်းစနစ်ချို့ယွင်းမှုဖြစ်ပေါ်ပါက
လျှပ်စီးကြောင်းထုတ်မပေးနိုင်တော့သဖြင့် ဓာတ်အားပေးစက်မှ ဗို့အား အပါအဝင် ဓာတ်အားထွက်ရှိတော့မည်
မဟုတ်ပါ။ စက်လည်နေရုံသာရှိမည်ဖြစ်ပါသည်။ သို့ရာတွင် မလိုလားအပ်သော နောက်ဆက်တွဲ သက်ရောက်မှုများ
မရှိစေရန် ဗို့အားကျော်လွန်မှု(Overvoltage)၊ ဗို့အားလျော့ကျမှု(Undervoltage) ကာကွယ်သည့်စနစ် (Protection
System)များကို တပ်ဆင်ကြပါသည်။
ဗို့အားနဲ့ဆက်စပ်ပြီး ဓာတ်အားပေးစက်တွေမှာ
Leading(စော)/
Lagging(နောက်ကျ) ဖြစ်တဲ့ Reactive Power/
Power Factor အခြေအနေတွေကိုလည်း သိထားသင့်တယ်လို့ယူဆပါတယ်။ Leading
ဖြစ်တဲ့အခြေအနေမှာ Reactive Power ကို ထုတ်ပေးပြီးတော့
Power Factor ကို Leading ဖြစ်စေတာ ကောင်းသော်လည်းပဲ
ဗို့အားကို မြင့်မားစေတာက အတိုင်းအတာတစ်ခုထက်ကျော်လာရင် ဗို့အားပိုထုတ်မိခြင်း(Overexcitation) ဖြစ်တက်ပြီး ဓာတ်အားပေးစက်ကို ပျက်စီးစေနိုင်ပါတယ်။ Electrical
Power သီးသန့်သမားတွေအတွက် မျှဝေပေးခြင်းဖြစ်ပါတယ်။ အားလုံး ကျန်းမာ
ချမ်းသာကြပါစေဗျာ...............
No comments:
Post a Comment