မော်တော်ယာဉ်၊ ရထား၊ အိမ်၊ မီးလိုင်း၊ ဖုန်းလိုင်း စတာတွေ တည်ဆောက်တဲ့အခါနဲ့ ကိုယ့်မီးလိုင်းက အဲဒီနေရာတွေကို ဖြတ်သန်းတည်ဆောက်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေးတွေ ဖြစ်ပါတယ်။ ဒီအကွာအဝေးတွေအတွင်း ရှိနေတဲ့ မည်သည့်အရာမဆို လျှပ်စစ်လှိုင်းသက်ရောက်မှု၊ လျှပ်ကူးမှုနဲ့ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားလိုင်းများ ပြိုလဲမှု ဖြစ်ပါက ထိခိုက်မှုများ ရှိလာနိုင်သဖြင့် အဆိုပါ သတ်မှတ်အကွာ အဝေးအပြင်ဘက်တွင်သာ ရှောင်ရှား တည်ဆောက်၊ နေထိုင်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်...........
Wednesday, October 12, 2022
Saturday, September 10, 2022
ဆိုလာစနစ်တပ်ဆင်ခြင်း
ယခုနောက်ပိုင်း ဆိုလာစနစ်ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့ မီးတွေပျက်နေတာတွေကြောင့် အိမ်တွေ၊ ရုံးတွေ၊ စက်ရုံတွေမှာ ဆိုလာစနစ်တပ်ဆင်ဖို့ စိတ်ကူးလာကြတာတွေ့ရပါတယ်။ အခြားနိုင်ငံတွေမှာတော့ စွမ်းအင်စျေးနှုန်းကြီးမြင့်လာမှုနဲ့အတူ ဆိုလာစနစ်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တွေကို အရှိန်အဟုန်နဲ့ တိုးမြှင့်အသုံးချလာနေပြီဖြစ်ပါတယ်။ IEA ရဲ့ အချက်အလက်များအရဆို ၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံးစွမ်းအင်ရဲ့ (၂၃.၂%) အထိ ရောက်ရှိပါပြီဖြစ်ပါတယ်။
မီးအတွက် ဆိုလာစနစ်ကို
အသုံးချနေကြရာမှာ မီးလိုင်းစနစ်(Grid)
နဲ့ချိတ်ဆက်ပြီးသုံးတာနဲ့ မီးလိုင်းနဲ့မချိတ်တဲ့စနစ် (Off
Grid) တွေကို အသုံးချကြပါတယ်။ မီးလိုင်းစနစ်နဲ့ချိတ်တဲ့စနစ်မှာ
တပ်ဆင်အင်အားများများနဲ့ ဓာတ်အားထုတ်လုပ်၊ ဖြန့်ချီသူများကို ရောင်းချကြတာရှိသလို
အိမ်တွေ၊ ရုံးတွေ၊ အလုပ်ရုံတွေမှာ တပိုင်တနိုင် တပ်ဆင်အသုံးပြုကြတာလဲရှိပါတယ်။
မီးလိုင်းမချိတ်တဲ့စနစ်ကတော့ များသောအားဖြင့် မီးလိုင်းမရောက်သေးတဲ့ နေရာဒေသတွေ၊
လုပ်ငန်းခွင်တွေမှာ တပ်ဆင်အသုံးပြုကြတာပါ။
ဒီမှာတော့ တစ်ကိုယ်ရေ အိမ်တွေ၊
ရုံးတွေ၊ အလုပ်ရုံတွေမှာ သုံးတဲ့အကြောင်းလေးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဒီလိုနေရာတွေမှာသုံးတဲ့ ဆိုလာစနစ်မှာ အဓိကပါဝင်တာတွေကတော့ ဆိုလာပြား၊
ဆိုလာပြားတပ်မဲ့ဖရိမ်၊ အင်ဗာတာ၊ Panel
ပုံး၊ AC/ DC မီးကြိုးစနစ်၊ ယူနစ်မီတာနဲ့
ဘတ္ထရီတို့ပဲဖြစ်ပါတယ်။
စျေးကွက်ထဲမှာ ဆိုလာပြားတွေကို silicon နဲ့လုပ်ထားတဲ့
Monocrystalline, Polycrystalline, thin film နဲ့ Quantum
Cell ဆိုပြီး ထုတ်လုပ်ရောင်းချနေကြပါတယ်။ Monocrystalline နဲ့ Polycrystalline ကတော့အသုံးများကြပါတယ်။ Monocrystalline က စွမ်းရည်ပိုကောင်းပေမယ့် စျေးနည်းနည်းများပါတယ်။ Polycrystalline ကတော့ စွမ်းရည်နည်းနည်းလျော့ပေမယ့် စျေးနည်းနည်းသက်သာပါတယ်။ လိုချင်တဲ့ ပါဝါချင်းတူရင်
သူကနေရာပိုယူပါတယ်။ ခြုံကြည့်ရင်တော့ နေရာတတ်နိုင်ရင် အတူတူပဲလို့ ပြောလို့ရပါတယ်။
Thin Film ကတော့စျေးပေါ၊ သယ်ရလွယ်ပေမယ့် စွမ်းရည်ကတော့
အပေါ်ကနှစ်ခုထက်နည်းပါတယ်။ Quantum Cell ကတော့
စွမ်းရည်အကောင်းဆုံးနောက်ဆုံးနည်းပညာဖြစ်ပြီး စျေးလည်းကြီးပါတယ်။
ဆိုလာပြားတပ်မယ့်ဖရိမ်ကတော့
ခေါင်မိုးတွေ၊ နံရံတွေမှာတပ်ရင် အလူမီနီယမ်က အသင့်တော်ဆုံးဖြစ်ပြီး မြေပြင်မှာတော့
သံဖရိမ်တပ်တာ သင့်တော်ပါတယ်။
အင်ဗာတာ(Inverter) ကိုတော့ MPPT(Maximum
Power Point Tracking) Inverter ကိုပဲအသုံးများကြပါတယ်။ တခုရှိတာက
အင်ဗာတာကို ဆိုလာပြားအားလုံးအတွက် တစ်ခုတည်း (သို့) နှစ်ခုထားမလား၊ ဆိုလာပြားအရေအတွက်တစ်စုစီအတွက်
အင်ဗာတာတစ်ခုစီထားမလား၊ ဆိုလာတစ်ပြားချင်းစီအလိုက် တစ်ခုထားမလား
ဆိုတာကိုပဲစဉ်းစားရမှာပါ။ ဆိုလာပြားပေါ်အရိပ်ကျတဲ့အခါ ကျန် အရိပ်မကျတဲ့
ဆိုလားပြားတွေက ဆက်ပြီး ဓာတ်အားရသလောက် ထုတ်ယူရရှိနိုင်ဖို့ဆိုတဲ့ အချက်ကို
စဉ်းစားတာပါ။ ဆိုလာပြားအားလုံးအတွက် တစ်ခုတည်း (သို့) နှစ်ခု ဆိုတာကိုတော့
အရွယ်အစားကြီးတဲ့ ဆိုလာဓာတ်အားပေးစက်ရုံလိုမျိုးမှာ သင့်တော်ပါတယ်။ ဆိုလာတစ်ပြားချင်းစီအလိုက် တစ်ခုထားတာကတော့ အရွယ်အစားအသေးရော
အလတ်ရောမှာသုံးနိုင်ပြီး ဆိုလာပြားအရေအတွက် တစ်စုစီအတွက် အင်ဗာတာတစ်ခုစီထားတာကတော့
အရွယ်အစားသေးတဲ့နေရာတွေမှာသုံးပါတယ်။ အိမ်တွေ၊ ရုံးတွေ အတွက်သင့်လျော်ပါတယ်။
မီးလိုင်း(Grid) နဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုရင်တော့
အင်ဗာတာကို မီးလိုင်းတွဲချိတ်သည့်အရာ (AC synchronization Function)
ပါတဲ့ အင်ဗာတာမျိုး တပ်ဆင်ရမှာဖြစ်ပါတယ်။
Panel ပုံးကတော့
အင်ဗာတာတွေကထွက်လာတဲ့ ဓာတ်အားတွေကို ဘတ္ထရီ၊ မီးလိုင်းနဲ့ အိမ်တွင်း၊ ရုံးတွင်း
ချိတ်မယ့် လိုင်းတွေအတွက် ဖြစ်ပါတယ်။ ဒါကိုတော့ သီးသန့်ပြောစရာမရှိပါဘူး။
အရည်အသွေးကောင်းတဲ့ပစ္စည်းကို ရွေးချယ်အသုံးပြုရမှာဖြစ်ပြီး မီးကြိုးအဝင်အထွက်
မှန်ကန် သပ်ရပ်လှပနေအောင်လုပ်ဖို့ပဲရှိပါတယ်။
ယူနစ်မီတာကိုတော့ Two Way Energy Meter
တပ်တာအကောင်းဆုံးပါ။ Grid က ဝင်လာတဲ့ယူနစ်၊ ဆိုလာပြားက
ထုတ်ပေးတဲ့ယူနစ်ကို သဲသဲကွဲကွဲသိရအောင်ပါ။ တခြားနိုင်ငံတွေမှာတော့ Feed- In
Tarrif ဆိုပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စနစ်သုံးစွဲမှု
မြင့်တက်လာအောင်လို့ မီးကုမ္ပဏီတွေက Grid ထဲ
ပြန်ဝင်တဲ့ဓာတ်အားကို စျေးနှုန်းတစ်မျိုးနဲ့ ဝယ်ယူပေးတာပါ။ ဒီမှာလဲ
ဖြစ်မလာနိုင်ဘူးလို့ ပြောမရပါဘူး။ ကြိုတင်စဉ်းစားတပ်ထားတာ အကောင်းဆုံးပါ။
ကုန်ကျစရိတ်အားလုံးစုစုပေါင်းနဲ့တွက်ရင် သိပ်မသိသာပါဘူး။
ဘတ္ထရီကတော့ Lead Acid Battery နဲ့
Lithium- Ion Battery တို့က အသုံးများပါတယ်။ Lithium-
Ion Battery ကတော့ စျေးသုံးဆလောက်များပြီး သက်တမ်းပိုရပါတယ်။
အက်ဆစ်လဲရတာမျိုးလဲမရှိပါဘူး။ ဆိုလားစနစ်သုံးရင် ဘတ္ထရီစျေးနှုန်းက များတာကြောင့်
များသောအားဖြင့် မီးလိုင်းနဲ့ချိတ်သုံးတဲ့နေရာတွေမှာ တပ်ဆင်လေ့မရှိပါဘူး။
မီးလိုင်းမရောက်နိုင်တဲ့ဒေသတွေမှာပဲ သုံးကြပါတယ်။
ဒါပေမယ့်လည်း မီးမှန်နေရင်
ပြဿနာမဟုတ်ပေမယ့် မီးပျက်တဲ့အခါ ကိုယ့်အိမ်၊ ရုံးက ဆိုလာမီးက မီးလိုင်းထဲကို
ဝင်သွားနိုင်ပါတယ်။ နည်းပညာပိုင်းအရ မီးလိုင်းကို ဆိုလာမီးက
ပို့လွှတ်နိုင်စွမ်းမရှိတာမို့ ဝန်ပိုစီးဆင်းမှု(Overload) ဖြစ်ပြီး ဆိုလာစနစ်
ပျက်စီးနိုင်တာနဲ့ မီးရောက်သွားနဲ့နေရာတွေမှာ ဓာတ်လိုက်နိုင်တဲ့
အန္တရာယ်တွေရှိပါတယ်။ ဒါကြောင့် မီးပျက်နေချိန် ဆိုလာက မီးထွက်နေသေးရင် အထက်က Panel
ပုံးမှာ ဖြတ်တောက်တဲ့စနစ်တွေ တပ်ဖို့လိုသလို တချို့ ပညာရှင်တွေကတော့
မီးတွေ အလဟဿ မဖြစ်အောင် ဘတ္ထရီကိုပါ တပ်သင့်ကြောင်း အကြံပြုကြပါတယ်။
အားလုံးပဲ တစ်စုံတစ်ခု
အကျိုးရပါစေဗျာ............
Thursday, September 1, 2022
လျှပ်စစ်ဌာန(EPC)
|
၁ |
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (Electricity Supply Board- ESB)၊ စက်မှုလက်မှုဝန်ကြီး ဌာန |
၁.၁၀.၁၉၅၁
|
|
၂ |
လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC) ၊ စက်မှုလက်မှု ဝန်ကြီးဌာန |
၁၆.၃.၁၉၇၂ |
|
၃ |
လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC) ၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန |
၁.၄.၁၉၇၅ |
|
၄ |
လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC) ၊ စွမ်းအင်ဝန်ကြီး ဌာန |
၁၂.၄.၁၉၈၅ |
|
၅ |
မြန်မာ့ လျှပ်စစ် ဓာတ်အားလုပ်ငန်း Myanma Electric Power Enterprise(MEPE)၊ စွမ်းအင်ဝန်ကြီးဌာန |
၁.၄.၁၉၈၉ |
|
၆ |
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (Ministry of Electric Power- MOEP) |
၁၅.၁၁.၁၉၉၇ |
|
၇ |
အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(Ministry of Electric Power(1)- MOEP(1) )နှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (Ministry of Electric Power(2)- MOEP(2) ) |
၁၅.၃.၂၀၀၆ |
|
၈ |
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (Ministry of Electric Power- MOEP) |
၅.၉.၂၀၁၂ |
|
၉ |
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (Ministry of Electricity and Energy) |
၁.၄.၂၀၁၆ |
Monday, August 29, 2022
မီးအားနည်းခြင်း (သို့) ဗို့အားနည်းခြင်း
လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် စျေးကွက်အတွင်းဝယ်ယူရရှိသော လျှပ်စစ်ပစ္စည်းများ၏ မီးအား(ဗို့အား) ပမာဏ လိုအပ်ချက်ကို ပြင်ပဓာတ်အားလိုင်းအဝင်က ရောက်ရှိလာသည့် မီးအား(ဗို့အား) ပမာဏက ပြည့်မီခြင်း မရှိပါက မီးအားနည်းခြင်း (သို့) ဗို့အားနည်းခြင်းဖြစ်သည်ဟု ဆိုကြပါတယ်။
အကြမ်းအားဖြင့် ထိုသို့ဆိုနိုင်သော်လည်း နည်းပညာပိုင်းသတ်မှတ်ချက် စံချိန်စံညွှန်းများအရ မီးအား(ဗို့အား) အတိုး/ အလျော့ ခွင့်ပြုတန်ဖိုးမှာ (၈% မှ ၁၀%) ရှိသဖြင့် ၎င်းပမာဏအတွင်းရှိပါက မီးအား(ဗို့အား)နည်းသည်ဟု မဆိုနိုင်ပါ။ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများသည် ၎င်းပမာဏအတွင်းတွင် အလုပ် လုပ်နိုင်ရမည်ဖြစ်ပါတယ်။ ထို့ကြောင့် ပစ္စည်းများဝယ်ယူသည့်အခါ ၎င်းတန်ဖိုးကို စိစစ်ဝယ်ယူရန် လိုအပ် ပါတယ်။
၎င်းအပြင် အချို့သော လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများဆိုလျှင် ဖော်ပြပါ အတိုးအလျော့ ပမာဏ ထက်ပင် ခွင့်ပြုတန်ဖိုး ပိုမိုများပြား သည်ကို တွေ့ရရာ အဆိုပါပစ္စည်းများအတွက်လည်း မီးအား(ဗို့အား) လျော့သည် ဟု မဆိုနိုင်ပါ။ နည်းပညာပိုင်းနှင့် ပစ္စည်းများ၏ စွမ်းဆောင်နိုင်ရည်အရ တင်ပြခြင်းဖြစ်ပါတယ်။
သို့ရာတွင် စံသတ်မှတ်ချက်တစ်ခုအနေဖြင့်ဆိုပါက အတိုး/ အလျော့ ခွင့်ပြုတန်ဖိုး (၈% မှ ၁၀%) အတွင်းရှိပါက မီးအား(ဗို့အား) လျော့ကျခြင်းမရှိဟု သတ်မှတ်နိုင်ပါသည်။ ဥပမာ-
|
ဗို့အား |
၈% |
၁၀% |
|
၂၃၀ ဗို့ |
၂၄၈~ ၂၁၂ |
၂၅၃ ~ ၂၀၇ |
|
၄၀၀ ဗို့ |
၄၃၂ ~ ၃၆၈ |
၄၄၀ ~ ၃၆၀ |
ဒီလို အတိုး/ အလျော့တန်ဖိုးတွေ ထားရတာလဲဆိုတော့ ဓာတ်အားသုံးစွဲတဲ့သူတွေဆီကို ဓာတ်အားပေးစက်ရုံ များက ဓာတ်အားတွေရောက်ရှိအောင် ပို့ဆောင်ပေးတဲ့နေရာမှာ ဓာတ်အားပေးစက်ရုံများကနေ ဓာတ်အား ကွန်ယက်ကို ဦးစွာပို့ဆောင်ပြီး အဲဒီကမှတဆင့် ဗို့အားမြှင့်၊ ဗို့အားလတ်၊ ဗို့အားနိမ့် ဓာတ်အားလိုင်းတွေနဲ့ ဓာတ်အားခွဲရုံတွေကို အဆင့်ဆင့်ဖြတ်သန်းသယ်ဆောင်လာပြီးမှ ဓာတ်အားသုံးစွဲသူများရှိတဲ့နေရာက ထရန် စဖော်မာလေးဆီကို ရောက်ရှိလာပြီး အဲဒီကမှ ၄၀၀ ဗို့နဲ့ ၂၃၀ ဗို့ ဓာတ်အားလိုင်းလေးတွေနဲ့ ပို့လွှတ် ဖြန့်ဖြူးပေး ကြတာ ဖြစ်ပါတယ်။
ဗို့အားမြှင့်၊ ဗို့အားလတ်ဓာတ်အားလိုင်းတွေကိုအသားထားပြီး မိမိထရန်စဖော်မာလေးအထိ ဓာတ်အားက မီးအား(ဗို့အား) အပြည့်ရောက်တယ် ဆိုရင်တောင်မှ အဲဒီက ဆက်သွယ်တန်းတဲ့ ဓာတ်အားလိုင်းလေးတွေမှာ ဆိုရင် လည်း သူက သွယ်တန်းပို့လွှတ်ရတဲ့ အကွာအဝေးနဲ့ ဓာတ်အားလိုင်းကြိုးအရွယ်အစားပေါ်မူတည်ပြီး မီးအား (ဗို့အား)နည်းခြင်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဓာတ်အားလိုင်းလေးတွေ သွယ်တန်းတဲ့အခါ သုံးမည့်ဝန်အား ပမာဏနဲ့ ဝန်အားအမျိုးအစားတွေကို သေချာစိစစ်တွက်ချက်ပြီးမှ သွယ်တန်းဖို့လိုအပ်ပါတယ်။
အကောင်းဆုံးကတော့ သေချာတတ်ကျွမ်းတဲ့သူတွေနဲ့တိုင်ပင်ပြီး သက်ဆိုင်ရာက သတ်မှတ်ချက်တွေအတိုင်း တပ်ဆင်မယ်ဆိုရင်တော့ မီးအားနည်းခြင်း (သို့) ဗို့အားနည်းခြင်းကို ရှောင်ရှားနိုင်မယ်လို့ တင်ပြလိုပါတယ်။ အချိန်ရရင် ရသလို ချင့်ချိန်စဉ်းစားလို့ရအောင် သိသမျှနည်းပညာပိုင်းအနည်းငယ်နဲ့ ဆက်လက်တင်ပြပေး ပါအုံးမယ်။
အားလုံးပဲ ကျန်းမာ ချမ်းသာပြီး ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေဗျာ……….
Sunday, August 28, 2022
ELEVERSE
ELEVERSE ကို ဝင်ရောက်ကြည့်ရှုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်........
ELEVERSE ကတော့ လျှပ်စစ်နဲ့ပတ်သက်တာတွေ တက်နိုင်သလောက် ရှာဖွေလေ့လာတင်ပြသွားမယ့် Blog ပဲဖြစ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်ပြီး ဗဟုသုတရှာဖွေနေသူတွေအတွက် တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းမယ် ဆိုရင် ဒီ Blog ကို ဖန်တီးရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်။
လျှပ်စစ်က အားလုံးအတွက် မဖြစ်မနေလိုအပ်တဲ့အရာဖြစ်သလို အင်မတန်မှလည်း ကျယ်ပြန့်တဲ့ဘာသာရပ် ဖြစ်ပါတယ်။ ထုတ်လုပ်မှုကစလို့ သုံးစွဲသူတွေအထိ အဆင့်ဆင့် လိုက်နာရမယ့် အချက်တွေများစွာလည်းရှိပြီး အထူးသတိထားကိုင်တွယ်ဆောင်ရွက်ရမယ့်အရာလည်း ဖြစ်ပါတယ်။ သတိမမူရင် အသက်အန္တရာယ် ဆုံးရှုံးနိုင် တဲ့အထိ ထိခိုက်မှုကြီးမားပါတယ်။
ဒါကြောင့် လေ့လာမိသမျှတွေ၊ လေ့လာနိုင်သမျှတွေကို အချိန်ရလျှင် ရသလို တင်ပြပေးသွားမှာဖြစ်ပါတယ်။
အားလုံးပဲ ကျန်းမာ ချမ်းသာပြီး ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ ခင်ဗျာ.....................
ဓာတ်အားကွန်ယက်များတွင် အသုံးပြုလေ့ရှိသော WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း
ဒီတစ်ခေါက်တော့ လျှပ်စစ်ဓာတ်အားကွန်ယက်မှာ SCADA စနစ်အပြင် အခြားသုံးတဲ့ WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း လေ့လ...
-
ဒီတစ်ခေါက်ဖော်ပြသွားမှာကတော့ သဘာဝဓာတ်ငွေ့သုံးစက်ရုံများ (Gas Turbine Plants) အကြောင်းပဲ ဖြစ်ပါတယ်။ ဒီစက်ရုံတွေက လောင်စာကို များသောအားဖြင...
-
လျှပ်စစ်ဓာတ်အားထုတ်ပေးတဲ့ ဓာတ်အားပေးစက်ရုံအမျိုးအစားများကတော့ အဓိကအားဖြင့် (၁) Steam plants using coal, oil or nuclear fission. ...





