Sunday, August 28, 2022

ELEVERSE

ELEVERSE ကို ဝင်ရောက်ကြည့်ရှုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်........

ELEVERSE ကတော့ လျှပ်စစ်နဲ့ပတ်သက်တာတွေ တက်နိုင်သလောက် ရှာဖွေလေ့လာတင်ပြသွားမယ့် Blog ပဲဖြစ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်ပြီး ဗဟုသုတရှာဖွေနေသူတွေအတွက် တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းမယ် ဆိုရင် ဒီ Blog ကို ဖန်တီးရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်။ 

လျှပ်စစ်က အားလုံးအတွက် မဖြစ်မနေလိုအပ်တဲ့အရာဖြစ်သလို အင်မတန်မှလည်း ကျယ်ပြန့်တဲ့ဘာသာရပ် ဖြစ်ပါတယ်။ ထုတ်လုပ်မှုကစလို့ သုံးစွဲသူတွေအထိ အဆင့်ဆင့် လိုက်နာရမယ့် အချက်တွေများစွာလည်းရှိပြီး အထူးသတိထားကိုင်တွယ်ဆောင်ရွက်ရမယ့်အရာလည်း ဖြစ်ပါတယ်။ သတိမမူရင် အသက်အန္တရာယ် ဆုံးရှုံးနိုင် တဲ့အထိ  ထိခိုက်မှုကြီးမားပါတယ်။

ဒါကြောင့် လေ့လာမိသမျှတွေ၊ လေ့လာနိုင်သမျှတွေကို အချိန်ရလျှင် ရသလို တင်ပြပေးသွားမှာဖြစ်ပါတယ်။

အားလုံးပဲ ကျန်းမာ ချမ်းသာပြီး ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ ခင်ဗျာ.....................


No comments:

Post a Comment

ဓာတ်အားကွန်ယက်များတွင် အသုံးပြုလေ့ရှိသော WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း

  ဒီတစ်ခေါက်တော့ လျှပ်စစ်ဓာတ်အားကွန်ယက်မှာ SCADA စနစ်အပြင် အခြားသုံးတဲ့ WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း လေ့လ...