Thursday, July 27, 2023

ဓာတ်အားလိုင်းအူကြောင်း ဆာဗေးပြုလုပ်ခြင်း (Line Route Survey)

 

ဓာတ်အားလိုင်းဆာဗေးပြုလုပ်ရာတွင် ကနဦးလိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်း (Preliminary Route Surveying) နှင့် အသေးစိတ်လိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်း (Detailed Route Surveying) ဟူ၍ (၂) ဆင့် ဆောင်ရွက်ရပြီး ကနဦးလိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်းကို ဓာတ်အားလိုင်းအကောင်အထည်ဖော်တည် ဆောက်ရန် အကန့်အသတ်များ(မြေမျက်နှာသွင်ပြင်၊ အဆောက်အဦ၊ လမ်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ သစ်တော၊ ရေဝပ်မြေ၊ ရှေးဟောင်းအမွေအနှစ်မြေ စသည်) မည်မျှရှိနေသည်ကို သိရှိရန်နှင့် ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ရပါသည်။ ၎င်းအချက်အလက်များကို စိစစ်၍ တိုင်၊ အုတ်မြစ်နှင့်ဓာတ်အားလိုင်းကြိုး လိုအပ်ချက်များကို ခန့်မှန်းတွက်ချက်ရပါသည်။

အသေးစိတ်လိုင်းအူကြောင်း ဆာဗေးပြုလုပ်ခြင်းကို ဓာတ်အားလိုင်းအား စီးပွားရေးအရ တွက်ချေကိုက် အကောင်အထည်ဖော်တည်ဆောက်နိုင်ရန်၊ လျှပ်စစ်အန္တရာယ် ကင်းလွတ်အကွာအဝေး၊ လေတိုက်ဒဏ်ခံအကွာ အဝေး (Wind Span)၊ အလေးချိန်ဒဏ်ခံအကွာအဝေး (Weight Span)၊ လိုင်းအူကြောင်းပြောင်းလဲမှု ထောင့်ချိုး ပမာဏ (Angles of deviation) စသည့် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကိုက်ညီစေရန်၊ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ပစ္စည်းသယ်ယူပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ဖြစ်နိုင်ချေရှိသော အထက်အပိုဒ်ပါ အကန့်အသတ်များ မြေပြင်တွင်အနည်းဆုံးဖြစ်စေရန်၊  ထိန်းသိမ်းပြုပြင်ခြင်းများ အဆင်ပြေလွယ်ကူစွာဆောင်ရွက် နိုင်ရန်တို့အတွက် အသေးစိတ် လက်တွေ့အချက်အလက်များကို ရရှိနိုင်ရန် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ကနဦးလိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်းကို Google Earth, ArcGIS Earth အစရှိသော ဂြိုလ်တုစနစ်သုံး ကောင်းကင်ဓာတ်ပုံများရိုက်ယူဆောင်ရွက်လေ့ရှိကြပြီး အချို့နိုင်ငံများတွင် ဓာတ်အားလိုင်းသုံး လေယာဉ်ငယ်များ၊ ရဟတ်ယာဉ်များ၊ Drone များ အသုံးပြု၍ ရိုက်ယူကြရပါသည်။ ၎င်းမှတဆင့် အချက်အလက်များရရှိပါက လူမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဖြစ်ပေါ်နိုင်သောနေရာများကို ရှောင်ရှား၍ ကုန်ကျစရိတ်အနည်းဆုံးဖြစ်သည့် အသင့်တော်ဆုံးလိုင်းအူကြောင်းကို ရွေးချယ်ရပါသည်။ ၎င်းကို 1: 10 000 စကေးရှိသော မြေပုံတွင် ရေးဆွဲဖော်ပြ ရပါမည်။ ရွေးချယ်ရရှိသော လိုင်းအူကြောင်းအကွာအဝေးအရ သယ်ယူမည့်ဓာတ်အားပမာဏပေါ် မူတည်၍ သင့်တော်သည့် ဗို့အားပမာဏ ရွေးချယ်ခြင်း၊ ဗို့အားအရ အသုံးပြုနိုင်မည့် ကြိုးအရွယ်အစားရွေးချယ်ခြင်းများ ဆောင်ရွက်ရပါသည်။ ၎င်းနောက် ဓာတ်အားလိုင်းတိုင်များပြုစုနိုင်ရန် ပျမ်းမျှအကွာအဝေး(Ruling Span) ကို ရွေးချယ်သတ်မှတ်ရပါသည်။

တစ်ဘက်တွင်လည်း အသင့်တော်ဆုံးလိုင်းအူကြောင်း ရွေးချယ်ပြီးစီးသည်နှင့်တစ်ပြိုင်နက် ကနဦးရွေးချယ်ထား သော လမ်းကြောင်းတစ်လျောက် အသေးစိတ်လိုင်းအူကြောင်းဆာဗေးပြုလုပ်ခြင်းကို မြေပုံများ၊ GPS၊ သံလိုက် အိမ်မြောင်၊ မှန်ဘီလူး၊ Theodolite၊ တူ၊ သုတ်ဆေး၊ Peg ငုတ်ရိုက်တံများ၊ Ranging rods တိုင်များကို တပါတည်း ယူဆောင်၍ ပြုလုပ်ကြရပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်း၏ အသေးစိတ်အချက်အလက်များ ဖြစ်သော မြေမျက်နှာပြင် အနိမ့်အမြင့်အချက်အလက်များ၊ လိုင်းလမ်းအူကြောင်း(Right of Way or Wayleave) ရရှိနိုင်ခြင်းရှိ/ မရှိကို လည်းကောင်း၊ ရရှိနိုင်ရေး လိုအပ်ချက်သည် ဓာတ်အားလိုင်းတန်ဖိုးထက် ပိုမိုနေခြင်းရှိ/ မရှိကို လည်းကောင်း၊ လိုင်းအူကြောင်းသို့သွားရောက်၍ ရ/မရကို လည်းကောင်း၊ မြေပြင်အခြေအနေ အရ တိုင်စိုက်ထူ၍ ရ/ မရကို လည်းကောင်း၊ လူနေထိုင်မှုအခြေအနေကို လည်းကောင်း၊  ညစ်ညမ်းမှုအဆင့် (Pollution Level) အခြေအနေကိုလည်းကောင်း၊ တည်ဆောက်ရန်လွယ်ကူသော်လည်း ထိန်းသိမ်းပြုပြင်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်း ရှိ/ မရှိ ကိုလည်းကောင်း၊ အများအားဖြင့် လိုင်းအူကြောင်းဖြောင့်တန်းနေခြင်း ရှိ/ မရှိ ကို လည်းကောင်း၊ လိုင်းအူကြောင်းအနီး အခြား ဓာတ်ငွေ့ပိုက်လိုင်းများ၊ ဆက်သွယ်ရေးလိုင်းများ၊ ရေပိုက်လိုင်းများ စသည်တို့နှင့် ကင်းလွတ်ခြင်းရှိ/ မရှိကို လည်းကောင်း၊ အုတ်မြစ်ချမည့်နေရာများတွင် Peg ငုတ်တိုင်များ စိုက်ထူ ခြင်းနှင့် တိုင်အမှတ်များ ရေးဆွဲခြင်းကိုလည်းကောင်း၊ စသည်တို့ကို တစ်ပါတည်း ရယူ ဆောင်ရွက်ရပါသည်။ အုတ်မြစ်ပြုလုပ်နိုင်ရန်နှင့် မြေဓာတ်ချနိုင်ရန်အတွက် မြေနမူနာရယူ စမ်းသပ်ခြင်းများကိုလည်း ဆောင်ရွက်ရန် လိုအပ်ပါသည်။

အသေစိတ်ဆာဗေးပြုလုပ်သည့်အတိုင်းအတာများ မှန်ကန်မှုလိုအပ်ချက်မှာ အလျားလိုက် ± 0.5 m နှင့် ထောင်လိုက် ± 0.1 m ဖြစ်ပါသည်။ မြေမျက်နှာပြင်အနိမ့်အမြင့်ကွာဟချက်  ± 0.3 m ထက်ပိုသော နေရာများ အားလုံးကို မှတ်သားရမည်ဖြစ်ပါသည်။ ထောက်တိုင် (Suspension) များသည် ဓာတ်အားလိုင်းတိုင်အားလုံး၏ ၈၀ ရာခိုင်နှုန်းဖြစ်ရန်လိုအပ်ပြီး နေရာချထားမှုများကိုလည်း အသင့်တော်ဆုံး(Optimize) ဖြစ်အောင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ လေတိုက်ဒဏ်ခံအကွာ အဝေး (Wind Span)နှင့် အလေးချိန်ဒဏ်ခံအကွာအဝေး (Weight Span) များသည်လည်း ဓာတ်အားလိုင်းတိုင်ဒီဇိုင်းကို များစွာသက်ရောက်စေခြင်းမရှိအောင် အသင့်တော်ဆုံး ရွေးချယ် မည်ဖြစ်ပါသည်။ ဓာတ်အားလိုင်း၏ ကောက်ကြောင်းပုံ (Profile) ရေးဆွဲရာတွင် အလျားလိုက်စကေး ၁ : ၂၀၀၀ ဖြင့်လည်းကောင်း၊ ထောင်လိုက်စကေး ၁ : ၂၀၀ ဖြင့်လည်းကောင်း ရေးဆွဲရမည်ဖြစ်ပါသည်။ ၎င်းတွင် ကြိုးအိကျမှု အခြေအနေ (Sag Curve) များကို  တပါတည်း ဖော်ပြရန်လိုအပ်ပါသည်။

အလားတူ ဓာတ်အားလိုင်းကြိုး ဆွဲသားခြင်း၊ ကြိုးတင်းခြင်း၊ ကြိုးချိတ်ခြင်း(Clipped-in)၊ စသည်တို့အတွက် ပတ်ဝန်းကျင်အပူချိန်၊ အနည်းဆုံးနှင့် အများဆုံးဖြစ်ပေါ်နိုင်သည့် အပူချိန်များအလိုက် ကြိုးအိကျမှုနှင့်  ကြိုးချိတ် ဆွဲမှုအရ အချိန်ကာလအလိုက် တအိအိဖြင့်အများဆုံး ကြိုးအိကျနိုင်မှု (Creep) တို့ကို  တွက်ချက်ဖော်ပြထားသည့် ဇယား (Sag Table) များကိုလည်း စာရင်းပြုစုရန် လိုအပ်ပါသည်။ တိုင်အမျိုးအစား၊ တိုင်နံပါတ်၊ အရေအတွက်၊ တိုင်များအကွာအဝေးနှင့် အနိမ့်အမြင့် ကိုဩဒိနိတ်များ၊ တောင်စောင်းများတွင်အနိမ့်အမြင့်မတူညီမှုကို ချိန်ညှိ ချိတ်ဆက်သည့် တိုင်ခြေဆက်များ(Leg Extensions) အတိုင်းအတာနှင့် အရေအတွက်ပမာဏများ၊ လိုင်း ထောင့်ချိုး ပမာဏများ စသည်တို့ကို ဖော်ပြသည့် တိုင်စာရင်း(Tower List) များ ပြုစုရန်လည်း လိုအပ်ပါသည်။

အထက်ပါအချက်အလက်များ ဆောင်ရွက်ခြင်းကို ကွန်ပြူတာအသုံးချ Software များဖြစ်သည့် Powerline, Powercard, PowerSite, Towerline, TowerCad, Towerlog, TowerSite, PoleLine, PoleCad, PoleLog and PoleSite, PLS-CADD စသည်တို့ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း လေ့လာသိရှိသမျှ မျှဝေလိုက်ရပါပါသည်…..






Image Sources: (Power Systems) Dr.-Ing. Friedrich Kiessling, Dipl.-Ing. Peter Nefzger, Dipl.-Ing. João Felix Nolasco, Dipl.-Ing. Ulf Kaintzyk (auth.)-Overhead Power Lines_ Planning, Design, Construction-Springer-Ver

Thursday, July 13, 2023

ဓာတ်တိုင်နှင့်သူငယ်ချင်းများ(၂) Substations

 (ဖတ်ရအဆင်ပြေအောင် တပေါင်းတည်း ပြန်တင်ပေးလိုက်ပါတယ်)

ဒီတစ်ခေါက်တော့ ဓာတ်တိုင်တို့အဖွဲ့ မနှစ်က ကျောင်းပြီးသွားသည့် စီနီယာအကိုကြီး ကိုငှက်ကြီး၏ စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိနေသည်။ကိုငှက်ဖုန်းထဲပြောသလိုပဲလက်တွေ့လုပ်ငန်းခွင်အကြောင်းလေး သိချင်လို့ လာကြတာပါ။ စာတွေ့လေးနဲ့ ဆက်စပ်ပြီး ရှင်းပြလို့ရရင်ရှင်းပြပါအုံးဗျဟု ဓာတ်တိုင်ကပြောလိုက်ရာ ကိုငှက်ကြီးကမင်းတို့က ဓာတ်အားလိုင်းအကြောင်းသိချင်လို့လာတာ။ အခုငါတို့ Site က ဓာတ်အားခွဲရုံ တည်ဆောက်တာကွ။ အဲတာအရင်ပြောမယ်လေ။ မင်းတို့လဲ အအေးသောက်ကြပါအုံး။ လိုင်းအတွက်တော့ ငါ တခြား Site ကိုခေါ်သွားမယ်။ အဲကျမှ ရှင်းပြတာပေါ့….” ပြောရင်း မှတ်စုအချို့ကို လှမ်းယူလိုက်လေသည်။ ဓာတ်တိုင်ကရပါတယ်ကိုငှက်ကျွန်တော်တို့က ဘာသိရ သိရပါဗျ။ ခေါ်ရှင်းပြတာကို ပဲ ကျေးဇူးတင်နေပါပြီ။ဟု ပြောလိုက်လေသည်။

အေးကွဓာတ်အားခွဲရုံနဲ့ပတ်သက်တာကို ကျောင်းမှာသင်ရတုန်းကတော့ ဒီလိုပြောထားတယ်ကွာ….. ပထမဦးဆုံး ကိုယ်ဓာတ်အားဖြန့်မယ့်နေရာရဲ့ Center လောက်ဖြစ်မယ့်နေရာ၊ ဓာတ်အားလိုင်းတွေအဝင်/ အထွက် လုပ်ဖို့ အဆင်ပြေမယ့်နေရာနဲ့ ကိုယ်လိုအပ်တဲ့နေရာအကျယ်အဝန်း စတာတွေကို အဓိကထားရွေးမယ်။ လူနေတဲ့ နေရာတွေနဲ့ တအားနီးလို့မရသလို ဝေးလို့လဲမရဘူး၊ Operation လုပ်မယ့်လူတွေအတွက်ရော ထည့်စဉ်းစားရတာ ပေါ့ကွာ။ နောက်တစ်ခုက ဓာတ်အားပေးစက်ရုံ၊ ဒါမှမဟုတ် ဓာတ်အားကွန်ယက်ကနေယူမယ်ဆိုလဲ အနီးဆုံး ဓာတ်အားကွန်ယက်နေရာ စတာတွေကနေ ဘယ်လိုဗို့အားနဲ့ ဓာတ်အားလိုင်းသွယ်ပြီး ဒီကိုရအောင်ယူမလဲ။ ဒါက ကိုဖြန့်ဖြူးမယ့်ပမာဏနဲ့ တွက်ပြီး သင်တော်တဲ့ ဗို့အားစနစ်ကို ရွေးရမယ်။ ပြီးရင်တော့ ဓာတ်အားခွဲရုံ အတွင်းပိုင်း ကို စစဉ်းစားရမှာပေါ့ဟု တစ်ချက်နားရင်း ကွမ်းတစ်ယာ ထုတ်ဝါးလိုက်လေသည်။

အရှည်ကြီးကကိုငှက်ကြီးပိတ်ရက်သာပြောတယ် ဖုန်တလုံးလုံးနဲ့ အလုပ်တွေတော့ရှိနေတာပဲနော်ဟု မေးလိုက်ရာ ကိုငှက်ကြီးကဒီနေ့တော့နားတယ်ကွဒါပေမယ့် ဓာတ်အားခွဲရုံပစ္စည်းတွေက ခုမှရောက်လာလို့ ပစ္စည်းချနေကြတာပါ။ဟု ပြန်ဖြေလိုက်လေသည်။

ကိုငှက်ကြီးမှ ဆက်၍အစောကဟာပြန်ပြောမယ်.. ဓာတ်အားခွဲရုံရဲ့ မြေနေရာအကျယ်အဝန်းကို တွက်လို့ရဖို့ တို့က ဒီထဲမှာတပ်ဆင်မယ့် Equipment တွေ…Busbar, Transformer, Lightning Arrester, Wave Trap, Capacitive Voltage Transformer, Current Transformer, Circuit breaker, Disconnecting Switch/ Earth Switch, Station Transformer, Shunt Reactor, Shunt Capacitor စတာတွေကို ဘယ်လိုနေရာချမလဲဆိုတာကို Layout ချရမှာပေါ့ကွာ။ အဲတာတွေကို Control လုပ်မယ့် Control BuildingCable DuctStore၊ မီးစက်ထားမယ့်နေရာ၊ လုံခြုံရေး အဆောက်အဦးစတာတွေ အကုန်ထည့်စဉ်းစား Layout နေရာချပြီးမှ အကျယ်အဝန်းရတာပေါ့ကွာ။ ဓာတ်အားခွဲရုံ Control Building ထဲမှာလဲ ကိုယ်ထည့်မယ့် Control Panel, Switchgear, Battery Bank and Charger, Communication Panel, Store, Meeting Room, Rest Room, စတဲ့ဟာတွေကိုလဲ Layout ချပြီး Control Building အရွယ်အစားတွက်ရတယ်။ အဲတာတွေကို စဉ်းစားပြီး ရင်တော့ ဓာတ်အားခွဲရုံ အကျယ်အဝန်းကို ကောင်းကောင်းတွက်လို့ရပြီပေါ့ဟုပြောရင်း ခဏနားလိုက်လေသည်။

ပြီးမှတို့ကျောင်းမှာသင်တဲ့ Load Flow, Short Circuit, Transient, Insulation Coordination, Earthing, Overhead Grounding, Protection, စတာတွေကိုကို ဒီမှာ အကုန်ထည့်စဉ်းစားပြီး ဒီဇိုင်းလုပ်ရတာကွ၊ ကျောင်းစာတွေတော့ မမေ့လိုက်ကြနဲ့၊ အဲဒါတွေကိုပဲ လက်တွေ့မှာသုံးကြတာ၊ တစ်ခုတော့ရှိတာပေါ့၊ ကိစ္စရပ် တိုင်းတော့ တွက်စရာမလိုပါဘူး။ နိုင်ငံတကာမှာတော့ ကိုယ့်နေရာဒေသရဲ့ ရာသီဥတု၊ မြေအမျိုးအစား၊ မိုးကြိုးပစ် အကြိမ်ရေ၊ လေတိုက်နှုန်း၊ ပင်လယ်ရေမျက်နှာပြင်အမြင့်စတဲ့ သက်ရောက်နိုင်တဲ့ Design Condition တွေကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ ဗို့အားပမာဏ၊ သယ်ယူမယ့်ပမာဏအလိုက် Standard သတ်မှတ်ထားတော့ အဲအတိုင်း Follow လုပ်ပြီး တိုက်ရိုက်အသုံးချလို့ရတယ်။ ဒီမှာလဲ အဲလိုပါပဲ။ မြန်မာ Standard အနေနဲ့တော့ မထွက်သေးပေမယ့် တို့အင်ဂျင်နီယာလောကမှာတော့ သတ်မှတ်ပြီးသုံးတာတွေ ရှိပါတယ်။ အချိန်တိုင်း Detailed Analysis လုပ်စရာမလိုတော့ဘူးပေါ့။ မင်းတို့ဒီအထိ နားလည်လားမသိဘူးဟုမေးလိုက်ရာ မှန်ကြောင်ကအများကြီးပဲ ကိုငှက်…. ချက်ချင်းတော့လိုက်မမှီဘူး၊ စာတွေကလဲ ဒီနှစ်အတွက်ပဲ မှတ်ထားတာ.. ဟဲဟဲ…” ဟု ပြန်ဖြေလိုက်လေရာ ကိုငှက်ကြီးကအေး တို့လဲအဲလိုပါပဲကွာ၊ အလုပ်ထဲရောက်မှာ စာတွေ့နဲ့လက်တွေ့ ပြန် ပေါင်းကြည့်နေရတာကွဟားဟား…” ဟုပြောကြရင်း ခဏမျှ တိတ်ဆိတ်သွားလေသည်။ ဓာတ်တိုင်တို့ အဖွဲ့က အတွေးတွေနဲ့ အရင်ကမှတ်မိသမျှတွေဖြင့် ပုံဖော်နေကြသည်။

ကိုငှက်ကြီးမှမင်းတို့ကို ဒီနေရာမှာ မြို့ပြအင်ဂျင်နီယာအပိုင်းကို မပြောရသေးဘူး၊ မြို့ပြအင်ဂျင်နီယာ အပိုင်းအနေနဲ့ တို့တပ်မယ့် ပစ္စည်းတွေရဲ့အလေးချိန်၊ Busbar ကြိုးတွေရဲ့ ဆွဲအား၊ လေတိုက်နှုန်း၊ မြေငလျှင်၊ မိုးရေချိန်၊ မြေမျက်နှာပြင်အနိမ့်အမြင့်၊ မြေအမျိုးအစား စတာတွေကို အချက်အလက်ရယူပြီး မြေပြင်ခြင်း၊ Foundation ပြုလုပ်ခြင်း၊ ထရန်စဖော်မာအတွက် ဆီစုကန်ပြုလုပ်ခြင်း၊ လမ်းခင်းခြင်း၊ မြေထိန်းနံရံလိုအပ်ရင် ထည့်သွင်းပြုလုပ်ခြင်းနဲ့  ခြံစည်းရိုး၊ ရေ/ မီး စတာတွေကို လုပ်ကြရတယ်။ သူတို့လဲ လုပ်ငန်းအားလုံးကို ဒီဇိုင်းတွေ အသေးစိတ်တွက်ချက်ပြီး လုပ်ကြရတာပဲ……..နောက်ဆုံးကတော့ လူမှုပတ်ဝန်းကျင်နဲ့သဘာဝပတ်ၒန်းကျင် ထိခိုက်မှုမရှိဖို့ပေါ့။ ဒီလုပ်ငန်းတွေမစခင်ကတည်းက စီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ငန်းပမာဏ၊ လျာထားကာလ၊ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်နိုင်ခြေတွေ၊ လူထုနဲ့သဘာဝပတ်ဝန်းကျင်အတွက် စီမံဆောင်ရွက်ပေးနိုင် တာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စတာတွေကို လူထုကိုချပြရှင်းလင်းပြီး ဆောင်ရွက်ရတာပေါ့။ ကမ္ဘာက ပူးနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုတွေဖြစ်နေတာဆိုတော့ ဒီအချက်ကလည်း စဉ်းစားလုပ်ဆောင်ဖို့ လိုတဲ့ အချက်ပဲကွ….အေးငါပြောပြခဲ့တာတွေကတော့ တို့ဓာတ်အားခွဲရုံစီမံကိန်းနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းရှင်းပြ တာ။ မင်းတို့ သိချင်တာရှိရင်မေးပေါ့။ဟုပြောလိုက်ရာ ဖက်တီးကမေးစရာတွေတော့ ပုံလို့ပဲ၊ ကိုငှက်ကြီးအချိန်ရပါ့မလားလို့……တော်ကြာ ကျတော်တို့မေးတာတွေများလို့ စိတ်ညစ်သွားမယ်…” ဟု ပြန်ဖြေ လိုက်ရာရပါတယ်ကွ….သိတာတွေဖြေမှာပေါ့။ မေးစရာရှိရင်မေးပါ။ အချိန်ရပါတယ်ကွာ…” ဟု ကိုငှက်ကြီးမှ ပြောလေသည်။

ဖက်တီးကဆက်၍ “Busbar ဆိုတာကနေစရမှာပဲ ကိုငှက်ကြီး၊ ကျွန်တော်တို့သင်ရတာတော့  Single bus, Double bus, double breaker, Main and transfer (inspection) bus, Double bus, single breaker, Ring bus, Breaker and a half ဆိုပြီးသင်ရတယ်၊ ကိုငှက်ကြီးတို့က ဘယ်လို Bus သုံးမှာလဲဟုမေးရာ..ဖက်တီးကဘယ်ဆိုးလို့တုန်း၊ အေး….တို့သုံးမှာက Double bus, single breaker ကိုသုံးမှာကွ။ အကောင်းဆုံးကတော့ Double bus, double breaker ပေါ့ကွာ။ ဒါပေမယ့် ဖီဒါတိုင်းမှာ Circuit Breaker တစ်လုံးပိုတော့ ဈေးပိုကြီးတာပေါ့။ Single bus ကတော့ ကုန်ကျစရိတ်သက်သာပေမယ့် Reliable မဖြစ်ဘူးကွ။ တစ်ခုခုဖြစ်ရင် ခွဲရုံတစ်ခုလုံးပိတ်ပြစ်ရမှာ။ အဲတော့ ဆက်ထားတဲ့လိုင်းတွေ Link မရှိတော့ဘူး။ ဓာတ်အားပြတ်ချိန်များတာပေါ့ကွာ။ Breaker and a half ကတော့ Double bus, double breaker ထက် ကုန်ကျစရိတ်သက်သာပေမယ့် Double bus, single breaker လောက်တော့လဲ မသက်သာပြန်ဘူး။ နှစ်ဖီဒါကို Breaker တစ်ခု အပိုပေါင်းထားတာပေါ့။ Ring bus ကတော့ တို့ Transmission မှာ သုံးခဲတယ်ကွ။ Distribution တွေ၊ ဓာတ်အားပေးစက်ရုံတွေမှာ သုံးတယ်။ Bus Section ဖြတ်ပြီး လိုသလိုလုပ်လို့ရတော့ Maintenance အတွက်တော့ ကောင်းတယ်ကွ။ နေရာတော့ယူတာပေါ့ကွာ။ Main and transfer (inspection) bus ကတော့ သူများနိုင်ငံတွေမှာသုံးတယ်ကွ။ ဒီမှာတော့ သိပ်မသုံးကြဘူး။ ဒီကောင်ကတော့ ကုန်ကျစရိတ်က Single bus ထက် နဲနဲပဲပိုကုန်ပြီး Maintenance အတွက်ပိုအဆင်ပြေတယ်။ Transfer Bus ပေါ် လိုင်းတွေ ခဏတင်ထား ချိန်တော့ Protection အခက်အခဲလေး နဲနဲရှိတာပေါ့ကွာ။ Double bus, single breaker လောက်တော့ Reliable မဖြစ်ပေမယ့် Grid ထဲက ခွဲရုံမဟုတ်ရင်တော့ သုံးသင့်တယ်ကွ။ဟု ရှင်းပြ၏။

အညာသားကဒါဆိုရင် ကိုငှက်ကြီး ကြိုးကိုသုံးတဲ့ဟာနဲ့ ပိုက်ကိုသုံးတဲ့ဟာကရော ဘာကွာလဲကိုငှက်ကြီး။ ကိုငှက်ကြီးတို့ကရော ဘာသုံးမှာလဲဟုမေးရာတို့သုံးမှာကတော့ ကြိုးကွ၊AAC လို့ခေါ်တယ်။ All Aluminum Conductor ပေါ့ကွာ။ ပိုက်ကလဲ Aluminum ပါပဲ။ အားသာချက် အားနဲချက်ကတော့ ကိုယ်စီပါပဲကွာ။ ကြိုးက တပ်ရတာ၊ လဲရတာ၊ သိမ်းဆည်းရတာ လွယ်ကူတယ်ကွ။ ပိုက်ကတော့ သူ့လောက်မလွယ်ပေမယ့် ခက်တော့မခက်ပါဘူး။ Surface Current စီးတဲ့နေရာကျတော့ ကြိုးကသာတယ်။ သူ့ကို Bus Gantry ပေါ်မှာ ကြွေသီးနဲ့ Beam တွေကြားမှာ ချိတ်တဲ့အခါ ကြိုးက ပေါ့တယ်၊ တင်းအား၊ အလေးချိန်သက်သာတယ်။ ပိုက်ကျတော့ ပိုလေးတာပေါ့ကွာ။ နောက်တစ်ခုက ဗို့အားမြင့်တွေသုံးတဲ့နေရာမှာ Corona Effect ဆိုတာရှိသေးတယ်။ အဲတာကို ကြိုးမှာ Bundle(၂ ကြိုး၊ သုံးကြိုးစသည်) များများသုံးပြီး ဖြေရှင်းလို့ရပေမယ့် ပိုက်ကို အဲလိုသုံးရင်တော့ အဆင်မပြေဘူး။ ကောင်းတာတော့ ပိုက်တွေကို ဗို့အားလတ်၊ ဗို့အားနိမ့်တွေမှာ သုံးတာကောင်းတာပေါ့ကွာ။ အဲလိုပြောလို့ ဗို့အားမြင့်မှာ မသုံးဘူးလားဆိုတော့လဲ မဟုတ်ပါဘူး။ အစောကပြောတဲ့ ဟာတွေကို ဖြေရှင်းနိုင်ရင် သုံးလို့ရပါတယ်။ သုံးလဲသုံးကြတယ်။ဟု ပြန်လည် ရှင်းပြလေသည်။

ဓာတ်တိုင်ကဆက်၍ကိုငှက်ကြီး Gantry တွေ Beam တွေကျတော့ရော။ ကိုငှက်ကြီးတို့ကဘယ်လို လုပ်မှာလဲ။ အဲဒီဟာက Overhead Ground Wire၊ တိုင်ခြေမှာ Earthwire တွေတပ်သေးတယ်မို့လား။ နောက်ပြီး ကြိုးတွေချိတ်တော့ရော ဘယ်လိုတွက်ချက်ပြီး လုပ်လဲဗျ။ ရှင်းပြပါအုံးတောင်းဆိုလိုက်ရာ ကိုငှက်ကြီးမှမင်းမေးတာ ဖြေရရင်တော့ ရှည်မယ်ကွ။ Electrical ရော Mechnical အပိုင်းတွေရောပါတယ်။ တို့က Busbar တည်ဆောက်ဖို့ Gantry တွေ၊ Beam တွေ၊ ကြိုးနဲ့ Insulation Accessories တွေသုံးတဲ့အခါ () ဖီဒါစာ နေရာချဖို့ Beam အကျယ် ဘယ်လောက်ထားမလဲ။ Gantry အမြင့်ကိုဘယ်လောက်ထားမလဲ ဆိုတာတွေကို တို့သုံးမယ့် ဗို့အားပမာဏ အလိုက် Electrical Clearence လို့ခေါ်တဲ့ လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေးကို စဉ်းစားရတယ်ကွ။ ဒီနေရာမှာ တို့က တို့သုံးမယ့် ဗို့အားပမာဏရဲ့ ပုံမှန် Normal အခြေအနေမှာရှိတဲ့ ဗို့အားနဲ့ ပုံမှန်မဟုတ်တဲ့ Abnormal အခြေအနေမှာ ရှိတဲ့ ဗို့အားအခြေအနေကို ပေါင်းစဉ်းစားရတယ်ကွ။ ပုံမှန်အတွက် Rated Voltage, ပုံမှန်မဟုတ်တဲ့အခြေအနေအတွက် Power Frequency Withstand Voltage, Lighting Impulse Withstand Voltage နဲ့ Switching Impulse Withstand Voltage စတာတွေကို တွက်ချက်ရတယ်ကွ။ ဒါကတော့ အသစ် စလုပ်တဲ့ ဗို့အားစနစ်တွေမှာတွက်တာပေါ့ကွာ။ ငါအရင်ပြောခဲ့သလို တို့သက်ဆိုင်ရာ Standard တွေရှိရင်၊ အရင်လုပ်ပြီးသားတွေရှိရင် အဲဒါကိုပဲ Follow လုပ်လိုက်ရုံပါပဲ။ အဲဒီဗို့အားတွေနဲ့ လွတ်တဲ့ အကွာအဝေး ကိုတွက်ပြီး Beam အရှည်ကို တွက်ရတာကွ။ ဒါကအရှည်နဲ့ Phase တစ်ခုနဲ့တစ်ခုကြား အကွာအဝေး ရတာပဲရှိသေးတယ်။ အဲဒီ Beam နဲ့ သူ့ကိုထောက်မယ့် Gantry တွေကို Sizing လုပ်ဖို့ကျတော့ Mechnical ပိုင်းပါလာပြီ။ သူ့ကို သက်ရောက်မယ့် Vertical Load, Longitudinal Load, Transverse Load ဆိုတဲ့ သက်ရောက်အားတွေကို တွက်ရတယ်ကွ။ Vertical Load(ထောင်လိုက်သက်ရောက်အား) တွက်တဲ့အခါ သူ့ Beam, Gantry ရဲ့အလေးချိန်၊ ချိတ်ဆွဲမယ့် ကြိုး၊ ကြေသီးနဲ့ Insulation Accessories တို့ရဲ့အလေးချိန်နဲ့ Installation & Maintenance လုပ်တဲ့အခါမှာ အဲအပေါ်ကို တက်မယ့်လူ၊ တင်မယ့်ပစ္စည်း စတာတွေရဲ့ အလေးချိန်ပေါင်းကို တွက်ရတယ်။ Longitudinal Load(အလျားလိုက်သက်ရောက်အား) ကိုကျတော့ သူတို့ကို သွယ်ချိတ်မယ့် ပုံမှန်အခြေအနေမှာရှိတဲ့ ကြိုးဆွဲတင်းအား၊ ပုံမှန်မဟုတ်တဲ့ တစ်ဖက်က ကြိုးပြတ်သွားတဲ့ အခြေအနေ၊ Electrical Fault ဖြစ်တဲ့အခြေအနေမှာရှိတဲ့ ဆွဲတင်းအား၊ လေတိုက်တဲ့အားနဲ့ အဲကြိုးတွေပေါ်ကို တက်ပြီး Installation & Maintenance လုပ်တဲ့အခါမှာ အဲအပေါ်ကို တက်မယ့်လူ၊ တင်မယ့်ပစ္စည်း စတာ တွေရဲ့အလေးချိန်ပေါင်းကို တွက်ရတယ်။ Transverse Load (ဘေးတိုက်သက်ရောက်အား) ကိုကျတော့ အစောကချိတ်ဆွဲထားတဲ့ ကြိုး၊ ကြေသီးနဲ့ Insulation Accessories တွေ၊ Beam, Gantry တွေကို လေတိုက်တဲ့ အားပေါ့ကွာ။ ဒီမှာ လေတိုက်အားဆိုတာက ယူတဲ့အခါ တို့က ကိုယ်တည်ဆောက်မယ့် ဧရိယာထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်အတွင်း အများဆုံးတိုက်ခဲ့ဖူးတဲ့ လေတိုက်နှုန်း ဆိုတာမျိုးကို ယူတယ်။ အဲဒါကို Reliablity စဉ်းစားတယ်ခေါ်တာပေါ့ကွာ။ နှစ်များများ ပြန်ယူရင် ပို Reliablity ဖြစ်တယ်ပေါ့။ အဲဒီအားတွေရတဲ့အခါမှ Beam တွေ Gantry တွေကို ဘယ်လောက်ကြံ့ခိုင်အားရှိတဲ့ဟာ လုပ်ရမလဲ ဆိုတာပေါ်တယ်။ Gantry တွေရဲ့အမြင့်ကို တွက်တာကျတော့ အောက်မှာထားမယ့် Electrical Equipment ရဲ့အမြင့်, အပေါ်မှာတွဲလောင်းဖြစ်နေမယ့် Busbar ရဲ့ ကြိုးအိကျမှုအရှည်၊ ချိတ်ဆွဲမယ့်ကြွေသီးတွဲရဲ့ အရှည်၊ လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေး စတာတွေပေါင်းပြီးရတဲ့ တန်ဖိုးပေါ့။ ကြိုးကို ဓာတ်အားစီးသွားတဲ့အခါ အိကျလာမယ့် အရှည်ကိုလဲ ထည့်တွက်ရ သေးတယ်။ အဲဒါဆိုရင်တော့ Gantry နဲ့ Beam အကြောင်းစုံသလောက်ဖြစ်ပြီထင်တယ်။ဟု စိတ်ရှည်ရှည်ဖြင့် ဖြည်းဖြည်းချင်းရှင်းပြလေသည်။

အသေးစိတ် လုပ်ရတာပဲ ကိုငှက်ကြီးအဲဒါတွေရတော့ Gantry နဲ့ Beam တွေကို ဘယ်လိုလုပ်လဲဗျဟု မှန်ကြောင်ကဆက်မေးရာ ကိုငှက်ကြီးမှတို့တော့မလုပ်တော့ဘူးကွ။ ပစ္စည်းထုတ်တဲ့သူတွေကို အဲဒါတွေ ပေးပြီးအပ်တာပဲ။ ဒါပေမယ့် တကယ်မဖြစ်မနေလုပ်ဖို့လိုလာရင်တော့ Structure Design Software တွေသုံးပြီး ဒီဇိုင်းလုပ်ရတာပေါ့ကွာ။ ကိုယ်လိုချင်တဲ့ပုံစံလေးကို Structure လေးလုပ်ကြည့်။ ရရင်အစောက Load တွေ ထည့်ပြီး Run ကြည့်။ မရင်ရင်ဆက်လုပ်ပေါ့။ စိတ်ကျေနပ်တဲ့ ဒီဇိုင်းရပြီး သင့်တော်တယ်ဆိုရင် အဲဒါကို ပစ္စည်းထုတ်တဲ့ဆီကိုအပ်တာပေါ့ကွာ။ ရှားတော့ရှားတယ်ကွ။ ဒီမှာက မြို့ပြအင်ဂျင်နီယာပိုင်းတွေပဲ အဲလို တွက်ကြတယ်လို့ထင်တယ်၊ Electrical က မဖွံ့ဖြိုးသေးဘူးကွ။ နောက်တော့ပေါလာမယ်ထင်ပါတယ်…” ဟု ပြန်ဖြေလေသည်။

ဒါဆိုရင် Lattice လို့ခေါ်တဲ့ သံဘောင်တွေသုံးတာနဲ့ Pole တွေသုံးတာကျတော့ကော ဘယ်လိုကွာလဲဗျ။ဟု ဖက်တီးကဆက်မေးရာ ကိုငှက်ကြီးက “Electrical သီးသန့်ပြောရင်တော့ မကွာပါဘူးကွ။ တပ်ဆင်ရေးပိုင်း ကျတော့ သံဘောင်တွေနဲ့က သယ်ရတာ၊ တပ်ရတာ လွယ်တာပေါ့။ Pole တွေ သုံးတာကျတော့ Heavy Mechinery တွေရှိမှ မြန်မြန်လွယ်လွယ်လုပ်နိုင်မှာ။ ရှင်းတာကတော့ Pole တွေကတော့ တိုင်ထီးထီးကြီးဆိုတော့ အမြင်ရှင်းတာပေါ့ကွာ။ သယ်ပို့ရခက်ရင်တော့ သံဘောင်လုပ်တာအကောင်းဆုံးပဲ။ Structure Design လုပ်ရမှာ၊ ဒီဇိုင်းအပ်ရမှာ အလုပ်ရှုပ်သက်သာချင်ရင်တော့လဲ Pole သုံးပေါ့ကွာ။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။ ဘယ်ဟာသုံးသုံး ရပါတယ်..” ဟုရှင်းပြလေသည်။

ကိုငှက်ကြီးမှ ဆက်၍မင်းတို့မေးတဲ့ Overhead Ground Wire အကြောင်းပြောရရင်တော့ အဲဒါက မိုးကြိုး ပစ်တဲ့အခါ အောက်က Equipment တွေကို မထိခိုက်အောင်ကာကွယ်ဖို့ပေါ့ကွာ။ အဲဒီကောင်ကိုတော့ ခုနောက်ပိုင်း Popular အဖြစ်ဆုံး Rolling Sphere Method နဲ့တွက်လိုက်ရင် Gantry ပေါ်မှာ ဘယ်နေရာတွေ ဆွဲထားလိုက်ရင် မိုးကြိုးကာကွယ်နိုင်တေယ်ဆိုတာပေါ်ပါတယ်။ အဆောက်အဦးအတွက်လဲ တွက်ရပါတယ်။ ကြိုး Size တွက်တာကတော့ အဲဒီဧရိယာမှာရှိတဲ့ ဖြစ်လေ့ရှိတဲ့မိုးကြိုးရဲ့ Lightning Stroke Current ကို နိုင်တဲ့ကြိုးဆို ရပါတယ်။ သုံးလေ့ရှိတာကတော့ 200 kA/s နဲ့တွက်တယ်။ အများဆုံးပေါ့ကွာ။ တို့ဆီမှာတော့ Analysis တွေ Experiment တွေ မရှိပါဘူး။ British Standard ကိုပြောတာပါ။ဟု ရှင်းပြရင်းနောက်ဆုံးမေးတဲ့ Earthwire ကတော့ အပေါ်ကမိုးကြိုးကြောင့်ဖြစ်တဲ့ Current ရော၊ ဓာတ်အားခွဲရုံထဲကပစ္စည်းတွေက ထွက်လာမယ့် Current ရော မြေကြီးထဲချပစ်ဖို့ တပ်ရတာပေါ့။ သူကတော့မြေကြီးရဲ့ Soil Resitivity ကို စမ်းရသေးတယ်။ ဓာတ်အားခွဲရုံ Switchyard ရဲ့အောက်မှာ လေးထောင့်ကွက်နဲ့ Earthing Grid ခင်းရတယ်။ နီးစပ်ရာပစ္စည်းကနေ Earth ချနိုင်အောင်ပေါ့ကွာ။ အကျဉ်းအကျယ်ကတော့ ဒီဇိုင်းလုပ်ရတယ်ကွ။ Grid တစ်ခုလုံးအနေနဲ့တွက်ရသလို၊ Grid တစ်ခုလုံးမှာရှိတဲ့ Ground Potential Step Voltage Touch Voltage တွေကိုလည်း တွက်ယူရတယ်ကွ။ ဒီနေရာမှာ Ground Potential တွက်တာကတော့ Computer Software သုံးပြီးတွက်မှ ရတာကွ။ Node တွေကများတာကိုး။ဟု ဆက်ရှင်းပြလေသည်။

ဓာတ်တိုင်ကကိုငှက်ကြီးရာ၊ ဗဟုသုတလဲရပါတယ်။ ရှုပ်လဲအတော်ရှုပ်သွားပြီ။ အဆောင်ပြန်ရောက်မှ ကိုငှက်ပြောတာတွေနဲ့ စာတွေနဲ့ ပြန်ကြည့် ကြည့်အုံးမယ်ဗျာ။ ကိုငှက်ကြီးလဲမောရောပေါ့။ ဆက်မေးချင်တာတွေ တော့အများကြီးပဲ။ လောလောဆယ် ကိုငှက်ကို မြို့ထဲမှာ လိုက်ပြုစုမယ်လေဗျာ။ သွားရအောင်ဟု ပြောလိုက်လေသည်။

ကိုငှက်ကြီးကငါကအလုပ်ရှိတဲ့သူပါကွ။ ငါလိုက်ကျွေးပါ့မယ်။ သွားရအောင်လေ…..ညီလေးတို့အားလုံးပဲလာလာ..” ဟုပြောရင်း စီမံကိန်းမှ ပေးထားသောကားသော့ကို လှမ်းယူကာ ဓာတ်တိုင်တို့အဖွဲ့နှင့် ကားပေါ် တက်၍ မြို့ထဲသို့ ထွက်ခဲ့လေတော့သည်။

ကိုငှက်ကြီးနှင့် ဓာတ်တိုင်တို့အဖွဲ့ မြို့ထဲက စားသောက်ဆိုင်မှ စားသောက်ပြီး ကိုငှက်ကြီး၏ စီမံကိန်း လုပ်ငန်းခွင်သို့ ပြန်လာခဲ့လေသည်။ စီမံကိန်း၏ ရှင်းလင်းဆောင်တွင် လွတ်လွတ်လပ်လပ် ဝိုင်းဖွဲ့ထိုင်လိုက် ကြရင်း ကိုငှက်ကြီးအား သိချင်တာတွေ ဆက်၍ မေးလေသည်။

ဓာတ်တိုင်ကကိုငှက်ကြီး……ဖီဒါ(Feeder) တစ်ခုမှာ ဘာပစ္စည်းတွေ ပါတာလည်းဗျ။ ဘယ်လိုအလုပ်လုပ် ကျတာလဲ ဆိုတာလဲ ရှင်းပြပေးပါအုံးမေးလိုက်ရာ ကိုငှက်ကြီးကဖီဒါက တစ်ခုနဲ့တစ်ခုမတူဘူးကွ။ ဓာတ်အားလိုင်းအဝင် ဖီဒါတွေဆိုရင် Lightning Arrester(LA), Capacitive Voltage Transformer(CVT) သို့မဟုတ် Voltage Transformer, Line Disconnecting & Earth Switch (DS & ES), Circuit Breaker(CB), Current Transformer(CT) နဲ့ Bus Disconnecting Switch (DS) တွေပါတယ်။ ထရန်စဖော်မာ၊ Reactor, Capacitor စတဲ့ ဖီဒါကျတော့ Voltage Transformer နဲ့ Line Disconnecting Switch (DS) လိုဟာမျိုးလျှော့ထားတယ်။ Bus ကနေ Bus DS, CB, CT, LA ချိတ်ပြီးဝင်တယ်။ Bus Metering ဖီဒါမှာကျတော့ DS, CVT ဒါမမဟုတ် VT, LA တွေကိုပဲတပ်တယ်။ မင်းတို့ ဟိုမှာပြထားတဲ့ Single Line Diagram ကိုကြည့်လိုက်ရင် မြင်ပါလိမ့်မယ်” ဟု ဆိုကာ ရှင်းလင်းဆောင်နံရံတွင် ကပ်ထားသော ဓာတ်အားခွဲရုံစီမံကိန်း၏ Single Line Diagram ကို လက်ညှိုးထိုးပြလိုက်လေသည်။ ဓာတ်တိုင်တို့အဖွဲ့လည်း အားလုံးမတ်တပ်ထ၍ သွားကြည့်လိုက်ကြလေသည်။

မှန်ကြောင်က “ ကိုငှက်ကြီး တစ်ခုချင်းရဲ့အလုပ်လုပ်ပုံလေးလဲ ရှင်းပြပါအုံး” ဟု လှမ်းပြောလိုက်ရာ ကိုငှက်ကြီးက “အေး….. ဒီမှာ Lightning Arrester ဆိုတာကတော့ တို့ဓာတ်အားခွဲရုံထဲက ပစ္စည်းတွေဆီကို ဓာတ်အားလိုင်းနဲ့ခွဲရုံထဲမှာ မိုးကြိုးပစ်တာ၊ Fault ဖြစ်တာ၊ Circuit Breaker(CB) တွေ ON/ OFF လုပ်တာနဲ့ Power Swing ဖြစ်တာ စတဲ့ အချိန်တွေမှာ ဖြစ်လာတက်တဲ့ High Voltage Surge တွေ မဝင်အောင်လို့ တားထားတာပေါ့ကွာ။ အဝင်ကို လိုင်းနဲ့ချိတ်ထားပြီး အောက်က Earth ချထားတယ်။ ဒီဇိုင်းလုပ်ရင်တော့ Phase Voltage Maximum ကို သူ့ရဲ့ Rated Voltage အနေနဲ့ထားတာပေါ့။ Capacitive Voltage Transformer(CVT) နဲ့ Current Transformer(CT) ကတော့ မီတာတွေအတွက်နဲ့ Protection အတွက်ပေါ့။ မီတာနဲ့ Protection Relay တွေက High Voltage နဲ့ တိုက်ရိုက်မှ ချိတ်လို့မရတာကိုး။ အဲတော့ High Voltage, High Current ကို လျော့ဖို့အတွက် သုံးတာပေါ့။ ဒီဇိုင်းလုပ်ရင်တော့ မီတာနဲ့ Protection Relay က ဘယ်လောက်အထိ တိကျအောင် ယူမလဲဆိုတဲ့ Accuracy Class, Ratio Error တွေ၊ အဲဒါတွေနဲ့သွယ်မယ့်ကြိုးရဲ့ ဝန်အားသုံးစွဲမှု Burden တွေကို အဓိကတွက်ရတယ်။ သုံးမယ့် Metering နဲ့ Protection အမျိုးအစားအရေအတွက် ပေါ်မူတည်ပြီး Secondary Core ကို ဘယ်နှစ်ခုထားမလဲ ဆိုတာလဲ တွက်ရတယ်။ Line Disconnecting & Earth Switch (DS & ES) နဲ့ Bus Disconnecting Switch (DS) တွေကတော့ တို့ဓာတ်အားခွဲရုံကို မောင်းနှင်တဲ့အခါ ထိန်းသိမ်းပြုပြင်ရေးတွေ လုပ်ဖို့လိုရင် မီးရှိတဲ့ဘက်နဲ့ မရှိတဲ့ဘက်ကို ခြားထားဖို့သုံးတာပေါ့ကွာ။ Earth Switch ကတော့ Conductor တွေပေါ်လူတွေ တက်အလုပ်လုပ်ရတဲ့အခါ ဓာတ်မလိုက်အောင်မြေဓာတ်ချတာ….။ လျှပ်စစ်ကထူးဆန်းတယ်ကွ မှန်ကြောင်ရ.. တခါတလေလိုင်းကို ပိတ်ထားရင်တောင် အဲအပေါ်မှာ မီးရှိနေတက်တယ်ကွ။ မင်းတို့လဲသိမှာပါ… တို့ကမ္ဘာကြီးက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို Magnetic Flux တွေဖြစ်နေတယ်ဆိုတာ။ တို့မြေကြီးက နေအထက် မီတာအလိုက် ဗို့အားတွေရှိနေတယ်ဆိုတာတွေလေ… အဲဒီ Effect တွေက တို့လိုင်းကို မီးပိတ်ထားလဲ လျှပ်စစ်ကစီးတယ်ကွ။ နောက်တစ်ခုက တို့လိုင်းရဲ့ အောက်တို့၊ ဘေးတို့မှာ မီးရှိတဲ့ ဓာတ်အားလိုင်းရှိနေရင် တို့လိုင်းကို Induce ဝင်ပြီး လျှပ်စစ်စီးပြန်ရော.. ဒါကြောင့် ထိန်းသိမ်းပြုပြင်ရေးတွေလုပ်ရင် Earth ကမဖြစ်မနေ ချရတယ်ကွ” ဟု ပြောရင်း တစ်ချက်နားလိုက်လေသည်။

ကိုငှက်ကြီးမှ ဆက်၍ “Circuit Breaker(CB) ကတော့ တို့ပုံမှန်အခြေအနေ ထိန်းသိမ်းပြုပြင်ရေးလုပ်တဲ့အချိန်၊ လိုအပ်လို့ ဖွင့်ဖို့ ပိတ်ဖိုလိုလာရင် အဖွင့်/ အပိတ်လုပ်ဖို့နဲ့ ပုံမှန်မဟုတ်တဲ့ Fault ဖြစ်တဲ့အခြေအနေတွေမှာ Protection Relay တွေကနေ ဖြတ်ချဖို့သုံးတာပေါ့ကွာ။ အိမ်မှာသုံးတဲ့ Breaker နဲ့တော့ သဘောတရားအတူတူပါပဲ။ တစ်ခုပဲ အိမ်က Breaker တွေလိုတော့ Fault ဖြစ်ရင်သူ့အလိုလို မပြုတ်ဘူး။ Fault ဖြစ်တဲ့ Current နဲ့ Voltage ကို CT, VT, CVT တွေကနေ Relay ကိုရောက်……Relay ကတွက်ချက်ပြီး သတ်မှတ်ချက်ထက်ကျော်ရင် CB ကို ဖြုတ်ချ (Open) လုပ်တာပေါ့ကွာ။ ဒီ DS, DSE, CB တွေကို ဒီဇိုင်းလုပ်ရင်တော့ သူတို့ ဖြုတ်ချရမယ့် Normal Current နဲ့ Fault Current ကို တန်ဖိုးကို အဓိကကြည့်ရတာကွ။ ရှိသမျှ Equipment တွေအကုန်လုံးကတော့ အဲဒါကြည့်ရပေမယ့် CB က ကျတော့ ဖြုတ်ချမယ့် အချိန်ဘယ်လောက် မီလီစက္ကန့်ရှိရမလဲ၊ Single Pole Operation(1phase) လား၊ Three Pole Operation(3phase) လား ဆိုတာကိုပါ ကြည့်ရတယ်။ နောက် Equipment တွေအကုန်လုံးကို နောက်စဉ်းစားရတဲ့အချက်က ငါအရင်ပြောခဲ့သလိုပဲ Power Frequency Withstand Voltage, Lighting Impulse Withstand Voltage နဲ့ Switching Impulse Withstand Voltage စတာတွေကို ထည့်စဉ်းစားရတယ်ကွ…” ဟုပြောရင်း နားလိုက်လေသည်။

ဖက်တီးက “ကိုငှက်ကြီးပြောသွားတဲ့အထဲမှာ Voltage ကို ရယူတာကို CVT နဲ့ VT လို့ နှစ်မျိုးပြောသွားတယ်။ ဘာကွာတာလဲ ကိုငှက်ကြီး..” ဟုမေးရာ ကိုငှက်ကြီးက “ အဲ… ဖီဒါမှာပါတဲ့ပစ္စည်းပြောတုန်းက Wave Trap ဆိုတာ ကျန်သွားတယ်ကွ။ Voltage ကို ရယူတဲ့ Function ကတော့ CVT နဲ့ VT က အတူတူပါပဲ။ CVT မှာပိုသွားတာက Communication အတွက်ပေါ့ကွာ။ Power Line Carrier Communication လို့ခေါ်တယ်ကွ။ တို့ကျောင်းမှာ EC ဘာသာရပ်မှာသင်တဲ့ Wave Filter ပုံစံလုပ်ထားတာပေါ့ကွာ။ တို့နိုင်ငံသုံးတဲ့ ဓာတ်အားကွန်ယက်ရဲ့ Frequency 50 Hz နဲ့ Communication Frequency ကို ခွဲဖို့ Wave Trap က Inductor အနေနဲ့သုံးပြီး CVT ကတော့ Capacitor အနေနဲ့သုံးတာပေါ့” ဟု ရှင်းပြလေသည်။

“ကိုငှက်ရှင်းပြတာတွေတော့စုံနေပါပြီ။ ထရန်စဖော်မာတွေ၊ Shunt Reactor တွေ၊ Capacitor တွေ အကြောင်းလဲ ပြောပြပါအုံးဗျ” ဟု အညာသားမှ ဆက်မေးလိုက်ရာ “ကိုငှက်ကြီးမှ “ဓာတ်အားခွဲရုံထဲက ပစ္စည်းတွေကတော့ တစ်ခုချင်း အသေးစိတ်ပြောပြရင်တော့ ပြောမကုန်ပဲကွ။ တို့ ၅ နှစ်သင်ခဲ့တာတွေတောင် ကုန်မှ မကုန်ပဲ။ မင်းတို့မြင်သာအောင် ထရန်စဖော်မာရဲ့ Nameplate လေးနဲ့ပြောပြမယ်။ ဒီမှာကြည့်…ကြည့်..” ဟုဆိုကာ Google မှ Nameplate တစ်ခုကို Tablet နှင့် ပြလိုက်လေသည်။



Image Source: https://www.quora.com/Why-isn%E2%80%99t-an-autotransformer-used-instead-of-a-power-transformer

 

“ဒါက အိန္ဒိယနိုင်ငံကထုတ်တဲ့ Transformer ရဲ့ Nameplate ပေါ့။ ဒီမှာကြည့်ရင် Auto- Transformer ဆိုတာတွေ့ရမယ်။ ရိုးရိုးထရန်စဖော်မာ(Conventional Transformer) နဲ့ Auto- Transformer ရဲ့ကွာခြားချက် တော့ မင်းတို့လဲသိပြီးသားဖြစ်မှာပါ။ Primary နဲ့ Secondary ကို Coil တစ်ခုတည်းပဲ အစတွေထုတ်ပြီး သုံးတာကို Auto- Transformer လို့ ခေါ်တယ်ဆိုတာ။ နောက် ON-LOAD Tap Changer ဆိုတာလေးပြထားတယ်။ ထရန်စဖော်မာကို မီးလွှတ်ထားရင်း Tap Position ပြောင်းလို့ရတယ်ပေါ့။  OFF-LOAD Tap Changer ပဲ ပါတယ်ဆိုရင်တော့ မီးပိတ်ပြီးမှပဲ ပြောင်းလို့ရမယ်။ တပ်ဆင်အင်အား(kVA) ကို ဒီမှာ (၃) မျိုးတွေ့မှာပေါ့။ ထရန်စဖော်မာတစ်လုံးတည်းကို တပ်ဆင်အင်အား (၃) ခုဖြစ်နေရတာက သူတို့ရဲ့ အအေးခံတဲ့စနစ်တွေ (၃) မျိုးသုံးထားတာမို့ပါ။ ONAN(Oil Neutral Air Neutral), ONAF (Oil Neutral Air Force), ODAF(Oil Driven Air Force) လို့ မင်းတို့တွေ့မှာပါ။ ထရန်စဖော်မာကို Fan တွေနဲ့လှည့်ပြီးအေးအောင်လုပ်တာ၊ ထရန်စဖော်မာဆီကို မော်တာနဲ့အတွင်းအပြင်လှည့်နေတာတွေပေါ့။ ဒီမှာမပါတဲ့ ရေနဲ့လှည့်တာတို့ Gas နဲ့အအေးခံတာတို့လဲ ရှိသေးတယ်ကွ။ တို့သုံးရင်တော့ ONAN/ ONAF (၂) မျိုးလောက်ပဲ သုံးမှာပါ။ လျှပ်စစ်ရဲ့သဘောတရားအရ အပူချိန်များလာရင် Resistance ပိုများလာတတ်တာဆိုတော့ အပူကိုလျှော့၊ Resistance ကျအောင်လုပ်ပြီး Power ပိုသယ်တဲ့သဘောပေါ့ကွာ။ တပ်ဆင်အင်အား၊ ဗို့အား၊ အမ်ပီယာ ဖော်ပြတာတွေမှာ HV, MV, TV လို့ပြထား တာတွေလဲ မင်းတို့သိမယ်ထင်ပါတယ်။ High Voltage, Medium Voltage, Tertiary Voltage သုံးမျိုးပေါ့။ ဒီမှာကြည့်ရင် 400 kV နဲ့ Primary အဝင်၊ 220 kV နဲ့အထွက်၊ Step Down Transformer ပေါ့.။  33 kV ကတော့ Primary Star, Secondary Star Connection ကြားမှာ Delta Connection နဲ့ Stabilizing Winding အနေနဲ့သုံးတာကွ။ သူကတော့ Winding သပ်သပ်ပေါ့။ အဲဒီ Tertiary ကနေ ခွဲရုံအတွက်နဲ့ လိုအပ်တဲ့ တခြား Load အတွက်သုံးတယ်ကွ။ Long Distance တော့ ဓာတ်အားလွှတ်သုံးဖို့မသင့်တော်ဘူး။ Fault ဖြစ်တဲ့အခါ ထရန်စဖော်မာကို ထိခိုက်နိုင်လို့ကွ။ ဒီပုံထဲက ထရန်စဖော်မာမှာ No of Phases ကို (3) လို့ပြထားတာတွေ့မှာပေါ့။ ထရန်စဖော်မာအိုးထဲမှာ Phase သုံးခုစလုံးအတွက် Winding သုံးခုပါတဲ့ တစ်လုံးတည်းအနေနဲ့သုံးတဲ့ပုံစံပေါ့။ တချို့ကျတော့ Alternative အနေနဲ့ Single Phase (၃) လုံးကို တွဲသုံးတာလဲ ရှိတယ်ကွ။ အဲမှာတော့ အိုးတစ်လုံးကို တစ် Phase စာ Winding ပဲပါတယ်။ Star/ Delta ကို အပြင်ရောက်မှ ချိတ်တာပေါ့။ အဲတာကတော့ တစ်ခုကောင်းတာ တစ် phase ပဲ ချို့ယွင်းပျက်စီးတဲ့အခါ 3 Phase စာလုံး လဲစရာမလိုတော့ဘူးပေါ့” ဟုရှင်းပြရင်း ခဏမျှနားလိုက်လေသည်။

ဖက်တီးက “ကိုငှက်ကြီး ပြောတဲ့ Connection ဆိုတာ ဒီထဲက Connection Symbol ကို ပြောတာလားဗျ” ဟုမေးလိုက်ရာ ကိုငှက်ကြီးမှ “အေး ဟုတ်တယ်ကွ (Yna0d11) ဆိုတဲ့ဟာလေးပေါ့၊ (Yn) က Star- Earth၊ (a) က Auto-Transformer၊ (0) က Primary နဲ့ Secondary ကြား Phase Difference Zero၊ (d) က Delta နဲ့ (11) ဆိုတာကတော့ Primary, Secondary နဲ့ Tertiary ကြား Phase Difference 11 hr လို့ပြောတာကွ” ဟု ပြန်ရှင်းပြရင်း ဆက်၍ “အဲဒီအပေါ်က Impedance Voltage ကိုရောတွေ့လား၊ အဲဒါက Transformer ရဲ့ လျှပ်ဟန့်တားမှု(Impedance) ကိုပြောတာကွ။ ဒါကို ရာခိုင်နှုန်းနဲ့ပြထားတယ်။ အင်ဂျင်နီယာလိုပြောရင်တော့ Per- Unit တန်ဖိုးပေါ့ကွာ။ တို့ Power System Analysis မှာ Z တန်ဖိုးအနေနဲ့သုံးတာပေါ့၊ Positive/ Negative Sequence Value ပေါ့ကွာ။ အဲဒီအောက်က အလေးချိန်တွေ၊ ဆီပမာဏတွေနဲ့ ဆီ၊ လေ Force သုံးရင် လည်ပတ်နှုန်းတွေပေါ့။ အောက်ကဆက်ကြည့်ရင် အရင်ငါပြောတဲ့ Equipment တွေအားလုံးအတွက် Insulation Coordination စဉ်းစားရတဲ့ Switching, Lightning နဲ့ Power Frequency Voltage တွေပြထားတယ်။ တို့ System နဲ့ High Voltage Analysis တွေ လုပ်လိုက်ရင် အဲဒီတန်ဖိုးရတယ်။ နိုင်ငံတကာမှာတော့ Standard Value တွေရှိတယ်။ တို့လဲအဲဒါကိုမှီငြှမ်းရတာပါပဲ။ ဒီမှာပြထားတာကတော့ ထရန်စဖော်မာထုတ်ပြီးသွားရင် High Voltage Injection လုပ်ပြီး ရတာတွေနဲ့စမ်းထားတာကွ။ သူတို့စမ်းရတဲ့ ပမာဏကို ပြထားတာကွ။ တို့တွက်ထား၊ ခန့်မှန်းထားတာနဲ့ကိုက်ရင် ကွက်တိပေါ့ကွာ။ အောက်မှာ ဆက်ပြီး Transformer Tapping တွေနဲ့ Connection တွေပြထားတယ်။ Tap အနေနဲ့ (၁၇) ခုရှိတယ်၊ Normal Tap ကတော့ (၉) မှာထားတာပေါ့ကွာ။ Ratio အကြောင်းတော့ မပြောတော့ဘူး။ မင်းတို့သိပြီးသားဖြစ်မှာပါ။ အောက်ဆုံးမှာပြထားတာကတော့ Transformer Bushing မှာ Built-in ပါပြီးဖြစ်တဲ့ Current Transformer ရဲ့ အချက်အလက်တွေကွ။ Secondary Coil အရေအတွက်တွေ၊ Primary/ Secondary အချိုးတွေ၊ Secondary Value မှန်ကန်နိုင်မှုအဆင့် Accuracy Class တွေ၊ ခံနိုင်ရည်ဝန်အား(Burden- VA) တွေ၊ Overcurrent Saturation ပမာဏဖြစ်တဲ့ Instrument Safety Factor(ISF) တွေ၊ သူရဲ့ Voltage(Knee Point) တွေ၊ Knee Point မှာရှိမယ့် Excitation Current တွေ နဲ့ Winding ရဲ့ ခုခံမှုတွေပြထားတာကွ၊ ဒီ Name Plate မှ တစ်ခုမပါတာက Transformer Losses ကွ။ ကျန်တဲ့အပိုင်း ရိုက်မတင်ထားတော့မတွေ့ရဘူး။ Losses မှာ Core မှာဆုံးရှံးသွားတဲ့ No Load Losses နဲ့ ကွိုင်မှာ ဆုံးရှံးသွားတဲ့ Load Losses လို့ရှိတယ်။ Iron Losses နဲ့ Copper Losses လို့လဲခေါ်တာပေါ့ကွာ။” ဟု အသေစိတ်ရှင်းပြလေသည်။

ကိုငှက်ကြီးမှ ဆက်၍ “တစ်ဆက်တည်းပြောရရင် Shunt Reactor မှာ သူက အဝင်ကို HV နဲ့ဝင်ပြီး အထွက်ကို Star Point လုပ်ပြီး Earth ချလိုက်တာကွ။ သူ့ရဲ့ တပ်ဆင်အင်အားကိုတော့ MVAR နဲ့ပြတယ်၊ Primary Winding တစ်ခုတည်းပါတယ်ပေါ့ကွာ၊ Coil လို့ပြောတဲ့ အတိုင်း Milihenery(mH) တန်ဖိုးကိုလဲ ကြည့်ရတယ်ကွ။ ကျန်တာတော့ Transformer နဲ့ အတူတူပါပဲ။ သူတို့ကို Installation လုပ်တဲ့အခါ အထဲမှာ ဆီပါတော့ တစ်ခုခုဖြစ်ရင် ဆီတွေပေါက်ကျတာကို ပြန်စုလို့ရအောင် ဆီစုကန်ကို ဘေးမှာ လုပ်ထားရတယ်ကွ။ Fire Fighting System တွေကိုလဲ တပ်ရတာပဲ” ဟု ရှင်းပြလေသည်။

ကိုငှက်ကြီး၏ရှင်းပြနေမှုကို ဓာတ်တိုင်တို့အဖွဲ့နားထောင်နေကြရင်း ခပ်လှမ်းလှမ်းမှပစ္စည်းများချနေကြသော ကရိမ်းများကိုလှမ်းကြည့်၍ ဖက်တီးက “ကိုငှက်ကြီး အဲဒီ ကြိုးဘီးလုံးတွေက ဘာအတွက်လဲ။ အများကြီးပဲဗျ” ဟုမေးလိုက်ရာ ကိုငှက်ကြီးက “အော် ဟိုမှာမြင်နေရတဲ့ဘီးလုံးတွေလား။ အဲဒါတွေက Busbar လုပ်ဖို့အတွက် Conductor ကြိုးတွေ၊ Transformer အထွက် Distribution Line တွေထွက်ဖို့နဲ့ Tertiary Connection လုပ်ဖို့အတွက် Power Cable တွေနဲ့ Switchyard Equipment တွေကို Control လုပ်ဖို့ Control Cable တွေကွ။ Control Cable ဆိုလို့ အဲဒီအကြောင်းလေးဆက်ပြောပြမယ်။ Switchyard ထဲမှာရှိတဲ့ Circuit Breaker၊ Disconnecting Switch တွေကို Operation လုပ်ဖို့ အဲဒီပစ္စည်းတွေမှာပါတဲ့မောင်းတံတွေကို Operation ဖြစ်အောင် Magnetic Contactor Coil တွေကို ပစ္စည်းအောက်ခြေက Mechanism Box တွေထဲမှာ တပ်ထားတယ်ကွ။ တို့ခေါ်တာ‌တော့ Opening Coil(Tripping Coil), Closing Coil ပေါ့ကွာ။ အဲဒါတွေကို မောင်းဖို့ အဲဒီ Mechanism Box မှာ ON/ OFF ခလုတ်တွေတပ်ထားသလို Control ခန်းထဲကနေထိန်းလို့ရအောင် အစောက Control Cable တွေနဲ့ချိတ်ပြီး Control Panel တွေရဲ့ခလုတ်တွေနဲ့ချိတ်ထားတာပေါ့ကွာ။ ဒီမှာ တစ်ခုမှတ်ထားရမှာက အဲလို Control လုပ်တာကို Direct Current(DC) နဲ့လုပ်တာကွ။ ခွဲရုံထဲမှာ Battery Bank နဲ့ Charger တွေကို တပ်ဆင်ထားပြီး Control & Protection အတွက် သုံးတာကွ။ Opening Coil ကို ငါ Tripping Coil လို့ပြောတာ မင်းတို့သတိထားမိမှာပေါ့။ Tripping ဆိုတာကတော့ တို့က ON/ OFF လုပ်တာမဟုတ်ဘဲနဲ့ ဓာတ်အားလိုင်း၊ ထရန်စဖော်မာ စတဲ့ဟာတွေမှာ အပြစ်ဖြစ်လာခဲ့ရင် Protection Relay တွေနဲ့ Circuit Breaker ကို Open ဖြစ်အောင်လုပ်တာကို ပြောတာကွ။ အဲတော့ Circuit Breaker တွေကို Control ဒီဇိုင်းစဉ်းစားရင် SCADA စနစ်၊ Protection စနစ်၊ Control Panel၊ Local Mechanism Box  စတာတွေကနေ Operation လုပ်လို့ရအောင် စဉ်းစားလုပ်ရတယ်ကွ” ဟုရှင်းပြရင်း ခဏမျှနားလိုက်လေသည်။

အညာသားကဆက်၍ “ကိုငှက်ကြီး Protection စနစ်တွေက ကျောင်းမှာသင်တဲ့ဟာတွေပဲလား၊ ဘာတွေ ထပ်ပါသေးလဲဗျ” ဟုမေးရာ ကိုငှက်ကြီးမှ “အဲဒီအတိုင်းပါပဲကွာ။ အသစ်မရှိပါဘူး။ Differential Protection Relay , Overcurrent and Earth Fault Protection Relay (Directional and Non Directional), Pilot Protection Relay , Distance Protection Relay, Auto Reclose Protection relay, Over/ Under Voltage Protection Relay, Over/ Under Frequency Protection Relay, Synchronizing Relay, စတာတွေနဲ့ ထရန်စဖော်မာတွေမှာ ပိုတာက Restricted earth fault relay, Buchholz relays, Pressure Relief Valve (PRV), Winding Temperature/ Oil Temperature Protection စတာတွေပေါ့ကွာ။ Relay တွေရဲ့ Characteristic နဲ့ Coordination တွေကတော့ ကိုယ့်ရဲ့ Requirement တွေပေါ်မူတည်ပြီး သုံးရ ထားရတာကွ။ ”

“ကဲ…..ဒီလောက်ဆိုရင် မင်းတို့လည်း ခွဲရုံအကြောင်း လက်တွေ့နဲ့ စာတွေ့ တီးမိခေါက်မိတော့ဖြစ်ပြီထင်တာပဲ။ အသေးစိတ်ကတော့ ကျယ်ပြန့်တယ်ကွ။ နောက်မှ ပစ္စည်းတွေဆင်ပြီးရင် တစ်ခေါက်လာကြပေါ့။ အဲ့ကျ ပိုပြီးလက်တွေ့သုံးတဲ့ဟာတွေ ငါထပ်ရှင်းပြမယ်လေ” ဟုပြောလိုက်ရာ ဓာတ်တိုင်က “ ကျေးဇူးတင်ပါတယ် ကိုငှက်ကြီးရာ။ ကျွန်တော်တို့လဲ တော်တော်ဗဟုသုတရပါတယ်။ ကိုငှက်ကြီးပြောသလို နောက်မှထပ်လာပါ အုံးမယ်။ ကိုငှက်ကြီးလဲ နားပါအုံးဗျ။ ကျွန်တော်တို့လဲပြန်တော့မယ်” ဟုဆိုကာ ကိုငှက်ကြီး၏ စီမံကိန်းလုပ်ငန်း ခွင်မှ ဓာတ်တိုင်တို့အဖွဲ့လည်း ပြန်လာခဲ့ကြလေတော့သည်။

ဓာတ်တိုင်နှင့်သူငယ်ချင်းများ (၂-၅)- Substations

 ကိုငှက်ကြီး၏ရှင်းပြနေမှုကို ဓာတ်တိုင်တို့အဖွဲ့နားထောင်နေကြရင်း ခပ်လှမ်းလှမ်းမှပစ္စည်းများချနေကြသော ကရိမ်းများကိုလှမ်းကြည့်၍ ဖက်တီးက “ကိုငှက်ကြီး အဲဒီ ကြိုးဘီးလုံးတွေက ဘာအတွက်လဲ။ အများကြီးပဲဗျ” ဟုမေးလိုက်ရာ ကိုငှက်ကြီးက “အော် ဟိုမှာမြင်နေရတဲ့ဘီးလုံးတွေလား။ အဲဒါတွေက Busbar လုပ်ဖို့အတွက် Conductor ကြိုးတွေ၊ Transformer အထွက် Distribution Line တွေထွက်ဖို့နဲ့ Tertiary Connection လုပ်ဖို့အတွက် Power Cable တွေနဲ့ Switchyard Equipment တွေကို Control လုပ်ဖို့ Control Cable တွေကွ။ Control Cable ဆိုလို့ အဲဒီအကြောင်းလေးဆက်ပြောပြမယ်။ Switchyard ထဲမှာရှိတဲ့ Circuit Breaker၊ Disconnecting Switch တွေကို Operation လုပ်ဖို့ အဲဒီပစ္စည်းတွေမှာပါတဲ့မောင်းတံတွေကို Operation ဖြစ်အောင် Magnetic Contactor Coil တွေကို ပစ္စည်းအောက်ခြေက Mechanism Box တွေထဲမှာ တပ်ထားတယ်ကွ။ တို့ခေါ်တာ‌တော့ Opening Coil(Tripping Coil), Closing Coil ပေါ့ကွာ။ အဲဒါတွေကို မောင်းဖို့ အဲဒီ Mechanism Box မှာ ON/ OFF ခလုတ်တွေတပ်ထားသလို Control ခန်းထဲကနေထိန်းလို့ရအောင် အစောက Control Cable တွေနဲ့ချိတ်ပြီး Control Panel တွေရဲ့ခလုတ်တွေနဲ့ချိတ်ထားတာပေါ့ကွာ။ ဒီမှာ တစ်ခုမှတ်ထားရမှာက အဲလို Control လုပ်တာကို Direct Current(DC) နဲ့လုပ်တာကွ။ ခွဲရုံထဲမှာ Battery Bank နဲ့ Charger တွေကို တပ်ဆင်ထားပြီး Control & Protection အတွက် သုံးတာကွ။ Opening Coil ကို ငါ Tripping Coil လို့ပြောတာ မင်းတို့သတိထားမိမှာပေါ့။ Tripping ဆိုတာကတော့ တို့က ON/ OFF လုပ်တာမဟုတ်ဘဲနဲ့ ဓာတ်အားလိုင်း၊ ထရန်စဖော်မာ စတဲ့ဟာတွေမှာ အပြစ်ဖြစ်လာခဲ့ရင် Protection Relay တွေနဲ့ Circuit Breaker ကို Open ဖြစ်အောင်လုပ်တာကို ပြောတာကွ။ အဲတော့ Circuit Breaker တွေကို Control ဒီဇိုင်းစဉ်းစားရင် SCADA စနစ်၊ Protection စနစ်၊ Control Panel၊ Local Mechanism Box  စတာတွေကနေ Operation လုပ်လို့ရအောင် စဉ်းစားလုပ်ရတယ်ကွ” ဟုရှင်းပြရင်း ခဏမျှနားလိုက်လေသည်။

အညာသားကဆက်၍ “ကိုငှက်ကြီး Protection စနစ်တွေက ကျောင်းမှာသင်တဲ့ဟာတွေပဲလား၊ ဘာတွေ ထပ်ပါသေးလဲဗျ” ဟုမေးရာ ကိုငှက်ကြီးမှ “အဲဒီအတိုင်းပါပဲကွာ။ အသစ်မရှိပါဘူး။ Differential Protection Relay , Overcurrent and Earth Fault Protection Relay (Directional and Non Directional), Pilot Protection Relay , Distance Protection Relay, Auto Reclose Protection relay, Over/ Under Voltage Protection Relay, Over/ Under Frequency Protection Relay, Synchronizing Relay, စတာတွေနဲ့ ထရန်စဖော်မာတွေမှာ ပိုတာက Restricted earth fault relay, Buchholz relays, Pressure Relief Valve (PRV), Winding Temperature/ Oil Temperature Protection စတာတွေပေါ့ကွာ။ Relay တွေရဲ့ Characteristic နဲ့ Coordination တွေကတော့ ကိုယ့်ရဲ့ Requirement တွေပေါ်မူတည်ပြီး သုံးရ ထားရတာကွ။ ”

“ကဲ…..ဒီလောက်ဆိုရင် မင်းတို့လည်း ခွဲရုံအကြောင်း လက်တွေ့နဲ့ စာတွေ့ တီးမိခေါက်မိတော့ဖြစ်ပြီထင်တာပဲ။ အသေးစိတ်ကတော့ ကျယ်ပြန့်တယ်ကွ။ နောက်မှ ပစ္စည်းတွေဆင်ပြီးရင် တစ်ခေါက်လာကြပေါ့။ အဲ့ကျ ပိုပြီးလက်တွေ့သုံးတဲ့ဟာတွေ ငါထပ်ရှင်းပြမယ်လေ” ဟုပြောလိုက်ရာ ဓာတ်တိုင်က “ ကျေးဇူးတင်ပါတယ် ကိုငှက်ကြီးရာ။ ကျွန်တော်တို့လဲ တော်တော်ဗဟုသုတရပါတယ်။ ကိုငှက်ကြီးပြောသလို နောက်မှထပ်လာပါ အုံးမယ်။ ကိုငှက်ကြီးလဲ နားပါအုံးဗျ။ ကျွန်တော်တို့လဲပြန်တော့မယ်” ဟုဆိုကာ ကိုငှက်ကြီး၏ စီမံကိန်းလုပ်ငန်း ခွင်မှ ဓာတ်တိုင်တို့အဖွဲ့လည်း ပြန်လာခဲ့ကြလေတော့သည်။

(ပြီးပါပြီ)