ကိုငှက်ကြီးနှင့် ဓာတ်တိုင်တို့အဖွဲ့ မြို့ထဲက စားသောက်ဆိုင်မှ စားသောက်ပြီး ကိုငှက်ကြီး၏ စီမံကိန်း လုပ်ငန်းခွင်သို့ ပြန်လာခဲ့လေသည်။ စီမံကိန်း၏ ရှင်းလင်းဆောင်တွင် လွတ်လွတ်လပ်လပ် ဝိုင်းဖွဲ့ထိုင်လိုက် ကြရင်း ကိုငှက်ကြီးအား သိချင်တာတွေ ဆက်၍ မေးလေသည်။
ဓာတ်တိုင်က “ကိုငှက်ကြီး……ဖီဒါ(Feeder) တစ်ခုမှာ ဘာပစ္စည်းတွေ ပါတာလည်းဗျ။ ဘယ်လိုအလုပ်လုပ်
ကျတာလဲ ဆိုတာလဲ ရှင်းပြပေးပါအုံး” မေးလိုက်ရာ ကိုငှက်ကြီးက
“ဖီဒါက တစ်ခုနဲ့တစ်ခုမတူဘူးကွ။ ဓာတ်အားလိုင်းအဝင် ဖီဒါတွေဆိုရင်
Lightning Arrester(LA), Capacitive Voltage Transformer(CVT) သို့မဟုတ်
Voltage Transformer, Line Disconnecting & Earth Switch (DS & ES),
Circuit Breaker(CB), Current Transformer(CT) နဲ့ Bus
Disconnecting Switch (DS) တွေပါတယ်။ ထရန်စဖော်မာ၊ Reactor,
Capacitor စတဲ့ ဖီဒါကျတော့ Voltage Transformer နဲ့ Line Disconnecting Switch (DS) လိုဟာမျိုးလျှော့ထားတယ်။ Bus ကနေ
Bus DS, CB, CT, LA ချိတ်ပြီးဝင်တယ်။ Bus Metering ဖီဒါမှာကျတော့ DS, CVT ဒါမမဟုတ်
VT, LA တွေကိုပဲတပ်တယ်။ မင်းတို့ ဟိုမှာပြထားတဲ့ Single Line Diagram ကိုကြည့်လိုက်ရင်
မြင်ပါလိမ့်မယ်” ဟု ဆိုကာ ရှင်းလင်းဆောင်နံရံတွင် ကပ်ထားသော ဓာတ်အားခွဲရုံစီမံကိန်း၏
Single Line Diagram ကို လက်ညှိုးထိုးပြလိုက်လေသည်။ ဓာတ်တိုင်တို့အဖွဲ့လည်း အားလုံးမတ်တပ်ထ၍
သွားကြည့်လိုက်ကြလေသည်။
မှန်ကြောင်က “ ကိုငှက်ကြီး တစ်ခုချင်းရဲ့အလုပ်လုပ်ပုံလေးလဲ
ရှင်းပြပါအုံး” ဟု လှမ်းပြောလိုက်ရာ ကိုငှက်ကြီးက “အေး….. ဒီမှာ Lightning
Arrester ဆိုတာကတော့ တို့ဓာတ်အားခွဲရုံထဲက ပစ္စည်းတွေဆီကို ဓာတ်အားလိုင်းနဲ့ခွဲရုံထဲမှာ
မိုးကြိုးပစ်တာ၊ Fault ဖြစ်တာ၊ Circuit Breaker(CB) တွေ ON/ OFF လုပ်တာနဲ့ Power
Swing ဖြစ်တာ စတဲ့ အချိန်တွေမှာ ဖြစ်လာတက်တဲ့ High Voltage Surge တွေ မဝင်အောင်လို့
တားထားတာပေါ့ကွာ။ အဝင်ကို လိုင်းနဲ့ချိတ်ထားပြီး အောက်က Earth ချထားတယ်။ ဒီဇိုင်းလုပ်ရင်တော့
Phase Voltage Maximum ကို သူ့ရဲ့ Rated Voltage အနေနဲ့ထားတာပေါ့။ Capacitive Voltage
Transformer(CVT) နဲ့ Current Transformer(CT) ကတော့ မီတာတွေအတွက်နဲ့ Protection အတွက်ပေါ့။
မီတာနဲ့ Protection Relay တွေက High Voltage နဲ့ တိုက်ရိုက်မှ ချိတ်လို့မရတာကိုး။ အဲတော့
High Voltage, High Current ကို လျော့ဖို့အတွက် သုံးတာပေါ့။ ဒီဇိုင်းလုပ်ရင်တော့ မီတာနဲ့
Protection Relay က ဘယ်လောက်အထိ တိကျအောင် ယူမလဲဆိုတဲ့ Accuracy Class, Ratio
Error တွေ၊ အဲဒါတွေနဲ့သွယ်မယ့်ကြိုးရဲ့ ဝန်အားသုံးစွဲမှု Burden တွေကို အဓိကတွက်ရတယ်။
သုံးမယ့် Metering နဲ့ Protection အမျိုးအစားအရေအတွက် ပေါ်မူတည်ပြီး Secondary
Core ကို ဘယ်နှစ်ခုထားမလဲ ဆိုတာလဲ တွက်ရတယ်။ Line Disconnecting & Earth
Switch (DS & ES) နဲ့ Bus Disconnecting Switch (DS) တွေကတော့ တို့ဓာတ်အားခွဲရုံကို
မောင်းနှင်တဲ့အခါ ထိန်းသိမ်းပြုပြင်ရေးတွေ လုပ်ဖို့လိုရင် မီးရှိတဲ့ဘက်နဲ့ မရှိတဲ့ဘက်ကို
ခြားထားဖို့သုံးတာပေါ့ကွာ။ Earth Switch ကတော့ Conductor တွေပေါ်လူတွေ တက်အလုပ်လုပ်ရတဲ့အခါ
ဓာတ်မလိုက်အောင်မြေဓာတ်ချတာ….။ လျှပ်စစ်ကထူးဆန်းတယ်ကွ မှန်ကြောင်ရ.. တခါတလေလိုင်းကို
ပိတ်ထားရင်တောင် အဲအပေါ်မှာ မီးရှိနေတက်တယ်ကွ။ မင်းတို့လဲသိမှာပါ… တို့ကမ္ဘာကြီးက တောင်ဝင်ရိုးစွန်းနဲ့
မြောက်ဝင်ရိုးစွန်းကို Magnetic Flux တွေဖြစ်နေတယ်ဆိုတာ။ တို့မြေကြီးက နေအထက် မီတာအလိုက်
ဗို့အားတွေရှိနေတယ်ဆိုတာတွေလေ… အဲဒီ Effect တွေက တို့လိုင်းကို မီးပိတ်ထားလဲ လျှပ်စစ်ကစီးတယ်ကွ။
နောက်တစ်ခုက တို့လိုင်းရဲ့ အောက်တို့၊ ဘေးတို့မှာ မီးရှိတဲ့ ဓာတ်အားလိုင်းရှိနေရင်
တို့လိုင်းကို Induce ဝင်ပြီး လျှပ်စစ်စီးပြန်ရော.. ဒါကြောင့် ထိန်းသိမ်းပြုပြင်ရေးတွေလုပ်ရင်
Earth ကမဖြစ်မနေ ချရတယ်ကွ” ဟု ပြောရင်း တစ်ချက်နားလိုက်လေသည်။
ကိုငှက်ကြီးမှ ဆက်၍ “Circuit
Breaker(CB) ကတော့ တို့ပုံမှန်အခြေအနေ ထိန်းသိမ်းပြုပြင်ရေးလုပ်တဲ့အချိန်၊ လိုအပ်လို့
ဖွင့်ဖို့ ပိတ်ဖိုလိုလာရင် အဖွင့်/ အပိတ်လုပ်ဖို့နဲ့ ပုံမှန်မဟုတ်တဲ့ Fault ဖြစ်တဲ့အခြေအနေတွေမှာ
Protection Relay တွေကနေ ဖြတ်ချဖို့သုံးတာပေါ့ကွာ။ အိမ်မှာသုံးတဲ့ Breaker နဲ့တော့
သဘောတရားအတူတူပါပဲ။ တစ်ခုပဲ အိမ်က Breaker တွေလိုတော့ Fault ဖြစ်ရင်သူ့အလိုလို မပြုတ်ဘူး။
Fault ဖြစ်တဲ့ Current နဲ့ Voltage ကို CT, VT, CVT တွေကနေ Relay ကိုရောက်……Relay ကတွက်ချက်ပြီး
သတ်မှတ်ချက်ထက်ကျော်ရင် CB ကို ဖြုတ်ချ (Open) လုပ်တာပေါ့ကွာ။ ဒီ DS, DSE, CB တွေကို
ဒီဇိုင်းလုပ်ရင်တော့ သူတို့ ဖြုတ်ချရမယ့် Normal Current နဲ့ Fault Current ကို တန်ဖိုးကို
အဓိကကြည့်ရတာကွ။ ရှိသမျှ Equipment တွေအကုန်လုံးကတော့ အဲဒါကြည့်ရပေမယ့် CB က ကျတော့
ဖြုတ်ချမယ့် အချိန်ဘယ်လောက် မီလီစက္ကန့်ရှိရမလဲ၊ Single Pole Operation(1phase) လား၊
Three Pole Operation(3phase) လား ဆိုတာကိုပါ ကြည့်ရတယ်။ နောက် Equipment တွေအကုန်လုံးကို
နောက်စဉ်းစားရတဲ့အချက်က ငါအရင်ပြောခဲ့သလိုပဲ Power Frequency Withstand Voltage,
Lighting Impulse Withstand Voltage နဲ့ Switching Impulse
Withstand Voltage စတာတွေကို ထည့်စဉ်းစားရတယ်ကွ…” ဟုပြောရင်း
နားလိုက်လေသည်။
ဖက်တီးက “ကိုငှက်ကြီးပြောသွားတဲ့အထဲမှာ
Voltage ကို ရယူတာကို CVT နဲ့ VT လို့ နှစ်မျိုးပြောသွားတယ်။ ဘာကွာတာလဲ ကိုငှက်ကြီး..”
ဟုမေးရာ ကိုငှက်ကြီးက “ အဲ… ဖီဒါမှာပါတဲ့ပစ္စည်းပြောတုန်းက Wave Trap ဆိုတာ ကျန်သွားတယ်ကွ။
Voltage ကို ရယူတဲ့ Function ကတော့ CVT နဲ့ VT က အတူတူပါပဲ။ CVT မှာပိုသွားတာက
Communication အတွက်ပေါ့ကွာ။ Power Line Carrier Communication လို့ခေါ်တယ်ကွ။ တို့ကျောင်းမှာ
EC ဘာသာရပ်မှာသင်တဲ့ Wave Filter ပုံစံလုပ်ထားတာပေါ့ကွာ။ တို့နိုင်ငံသုံးတဲ့ ဓာတ်အားကွန်ယက်ရဲ့
Frequency 50 Hz နဲ့ Communication Frequency ကို ခွဲဖို့ Wave Trap က Inductor အနေနဲ့သုံးပြီး
CVT ကတော့ Capacitor အနေနဲ့သုံးတာပေါ့” ဟု ရှင်းပြလေသည်။
(ဆက်ပါအုံးမည်)