ဆက်သွယ်ရေးနည်းပညာက အင်ဂျင်နီယာဘာသာရပ်တစ်ခုအနေနဲ့ သီးသန့်ရှိပြီး ကျယ်ပြန့်တဲ့ဘာသာရပ်မို့ ၎င်းအင်ဂျင်နီယာများကဲ့သို့တော့ မသိပါဘူး။ ဒါပေမယ့် Power သမားတစ်ယောက်အနေနဲ့တော့ နည်းနည်း သိထားဖို့လိုမယ်လို့ထင်ပါတယ်။ သိသလောက်လေး လေ့လာပြီး ဖော်ပြပေးလိုက်ပါတယ်။
လျှပ်စစ်ကွန်ယက်လို့ခေါ်တဲ့
ဓာတ်အားပေးစက်တွေ၊ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေချိတ်ဆက်ထားတဲ့
စနစ်ကြီးတစ်ခုလုံးက အချိန်နဲ့အမျှ လှုပ်ရှားနေတဲ့ စနစ်ကြီးတစ်ခုပါ။
ဒါကိုတည်ငြိမ်နေအောင်လုပ်ဖို့ ကွန်ယက်ထဲ မှာရှိတဲ့ သက်ဆိုင်ရာ ထိန်းကျောင်းနေတဲ့ပုဂ္ဂိုလ်များက
မိမိတို့အပိုင်းအလိုက် ထိန်းကျောင်း လုပ်ကိုင်လျက်ရှိပြီး တစ်နေရာနဲ့တစ်နေရာ
အချိန်နဲ့အမျှ ဆက်သွယ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ ဒီလိုထိန်းကျောင်းတဲ့နေရာမှာ
လူကလုပ်တာရှိသလို ယခုခေတ်မှာ စက်တွေက အလိုအလျောက်ထိန်းကျောင်းတဲ့ အပိုင်းတွေရှိလာပါပြီ။
ဒါကလဲ ဆက်သွယ်ရေးစနစ်ကို အသုံးချပြီးလုပ်လာကြတာပါ။
ဆက်သွယ်ရေးစနစ်များကို
အဓိကသုံးတဲ့အပိုင်းများကတော့ စကားပြောဆက်သွယ်ခြင်း(Speech)၊ အပြစ် ကာကွယ်ရေးစနစ်(Protection
System) နဲ့
အချက်အလက်ရယူပေးပို့ခြင်းစနစ်(Data transmitted and received System) တို့ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ လျှပ်စစ်ကွန်ယက်မှာ
အသုံးပြုတဲ့ ဆက်သွယ်ရေးစနစ်ကို လေ့လာပြီးဖော်ပြပေးလိုက်ပါတယ်-
(၁) MICROWAVE SYSTEMS
(၂) UHF/VHF SYSTEMS
(၃) RADIO LINK SYSTEMS
(၄) FIBRE OPTIC SYSTEMS
(၅) TELEPHONE CABLE SYSTEMS
(၆) POWER LINE CARRIER COMMUNICATION (PLCC) SYSTEMS
ဆက်သွယ်ရေးစနစ်မှာ ကျွန်တော်တို့
ကြိမ်နှုန်း (Frequency) အကြောင်း လေ့လာဖို့တော့လိုမယ်ထင်ပါတယ်။ Power ပိုင်းမှာ
သိပြီးဖြစ်တဲ့ လျှပ်စစ်ကွန်ယက်မှာရှိတဲ့၊ ကျွန်တော်တို့အိမ်မှာသုံးတဲ့မီးရဲ့
ကြိမ်နှုန်းက 50 Hz ဖြစ်ပါတယ်။ လူတွေစကားပြောရင်ထွက်တဲ့အသံ၊
ပတ်ဝန်းကျင်ကကြားနေရတဲ့ အသံတွေရဲ့ ကြိမ်နှုန်းက 20 Hz မှ 20
kHz ကြားရှိပါတယ်။ အလင်းကလည်း ကြိမ်နှုန်းပမာဏ တစ်ခုရှိတဲ့လှိုင်းပါပဲ။
အားလုံးက ဘာလှိုင်းတွေလဲ ဆိုတာ လေ့လာတော့ လျှပ်စစ်သံလိုက်လှိုင်း(Electromagnetic
Wave) တွေ ဖြစ်ကြောင်း တွေ့ရပါတယ်။
အပေါ်ကဖော်ပြတဲ့စနစ်တွေကတော့
လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ ကြိမ်နှုန်းပမာဏ အမျိုးမျိုးပေါ် အခြေခံတဲ့
နည်းပညာတွေပဲဖြစ်ပါတယ်။ အပေါ် (၃) မျိုးကတော့ ကြိုးမဲ့စနစ်တွေဖြစ်ပြီး အောက်က (၃)
ခုကတော့ ကြိုးနဲ့ဆက်သွယ်အသုံးပြုရတာဖြစ်ပါတယ်။ တစ်ခုချင်းစီတိုင်းက နည်းပညာမျိုးဆက်တစ်ခုစီမို့
သက်ဆိုင်ရာ လုပ်ဆောင်တဲ့ နည်းပညာပုံစံတွေရှိပါတယ်။
ဒီနေရာမှာ ကြိမ်နှုန်းများတဲ့လှိုင်းတွေက
ဝေးဝေးမြန်မြန်ရောက်ပြီး နည်းတဲ့လှိုင်းတွေက နီးနီးနှေးနှေးပဲရောက် တယ်ဆိုတာ
တွေ့ရပါတယ်။ Data ပမာဏကတော့ အသုံးပြုတဲ့အမျိုးအစားရဲ့ တပ်ဆင်ထားတဲ့ အရွယ်အစားပမာဏ အပေါ်မူတည်ပါတယ်။
အမြန်ဆုံးကတော့ အားလုံးသိကြတဲ့အတိုင်း လေဆာအလင်းကို အသုံးချတဲ့ FIBRE OPTIC SYSTEMS ဖြစ်ကြောင်းပါ။
နောက်တစ်မျိုးသိရတာက တစ်ဘက်ကို စကားနဲ့
Data တွေပို့တဲ့အချိန်မှာ
သုံးတဲ့ Analog နဲ့ Digital အကြောင်းပါ။
Analog ပုံစံနဲ့ပို့ရင် စကားနဲ့ Data တွေကို
သယ်ဆောင်တဲ့ လျှပ်စစ်သံလိုက်လှိုင်းဖြစ်တဲ့ Carrier Wave ပေါ်
ပေါင်းပြီးတင်ပေးပြီး ပို့ပါတယ်။ Digital ပုံစံနဲ့ပို့တာကတော့
Package လေးတွေလုပ်ပြီး Carrier Wave ပေါ်တင်ပို့တာလို့
သိရပါတယ်။
POWER LINE CARRIER COMMUNICATION (PLCC) SYSTEMS စနစ်အကြောင်း ရှင်းပြထားတာလေး You Tube က တွေ့လို့ လင့်ချထားပေးပါတယ်။
တစုံတစ်ခုအကျိုးရှိကြပါစေဗျာ............
No comments:
Post a Comment