လျှပ်စစ်ဓာတ်အားကို
ထုတ်လုပ်သည့်နေရာမှ မီးသုံးသူများထံအရောက် သယ်ယူပို့ဆောင်ဖြန့်ဖြူးပေးတဲ့နေရာမှာ အသုံးပြုတဲ့ပစ္စည်းကိရိယာများ
များစွာရှိရာမှာ အကြောင်းအမျိုးမျိုးကြောင့် အဲဒါတွေကို ပျက်စီးမှုမရှိစေရေး အတွက်
လျှပ်စစ်ဆိုင်ရာကာကွယ်ရေးစနစ် (Protection System) ကို မဖြစ်မနေအသုံးပြုကြရပါတယ်။ အဲဒီ
အကြောင်းနဲ့ ပတ်သက်ပြီး လေ့လာသိရှိသလောက် ဖော်ပြသွားမှာဖြစ်ပါတယ်။
လျှပ်စစ်ကဏ္ဍသုံး Protection
System များကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
(၁) Power Generation Protection System
(က)Generator
Protection
Overcurrent Protection
ဓာတ်အားပေးစက်အတွင်း ဝန်အားပိုမိုစီးဆင်းမှု(Overload)
နှင့် ရှော့ဖြစ်မှု (Short Circuit) တွေကို အဓိက ကာကွယ်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။
ဓာတ်အာပေးစက်ရဲ့ Phase နဲ့ Neutral တွေမှာရှိတဲ့ လျှပ်စီး (Current) ပမာဏကို
Current Transformer များနဲ့ ရယူပြီး Relay အတွင်းမှာ Preset Threshold Current (သတ်မှတ်ခံနိုင်ရည်
လျှပ်စီးပမာဏ)၊ တနည်းအားဖြင့် Setting ပြုလုပ်ထားတဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ပြီး Overcurrent
& Earth Fault Relay က အလုပ်လုပ်ပါတယ်။ သတ်မှတ်ချက်ထက်ကျော်ရင် Circuit
Breaker များကို Trip ဖြစ်စေပြီး ဓတ်အားပေးစက်မထိခိုင်အောင် ကာကွယ်မှာ ဖြစ်ပါတယ်။
Relay Characteristic အနေနဲ့ကတော့ Definite နဲ့ Inverse Definite Characteristic တွေနဲ့
အလုပ်လုပ်တာ ဖြစ်ပါတယ်။ နမူနာအနေနဲ့ သိချင်ရင်တော့ SEL ကထုတ်တဲ့ SEL-
751A Feeder Protection Relay လို့ Google မှာ ရိုက်ရှာကြည့်လိုက်ရင် သိရှိနိုင်ပါတယ်။
အဲအမျိုးအစားမှာတော့ Overcurrent Protection အတွက်သာမကဘဲ Neighboring Relay
Coordination, Directional, Automation Control, Synchronism, Auto-reclosing,
Ash- Flash, Breaker Failure, DC Fail, Optical Interface, RTU စတဲ့ Function တွေလဲ
ပါပါတယ်။ အဲဒါတစ်ခုချင်းအတွက်တော့ နောက် အလျဉ်းသင့်သလို့ ဆက်ရေးပါမယ်။ အခုကတော့
Protection အတွက်ပဲ ရည်ရွယ်တာမို့ ရောကုန်မှာ စိုးလို့ပါ။
Differential Protection
ဓာတ်အားပေးစက်အတွင်း Stator, Rotor
Winding များအပါအဝင် အတွင်းပိုင်းအပြစ်ဖြစ်ပေါ်မှု (Internal Fault) တွေကို ကာကွယ်ဖို့အတွက်
အသုံးပြုတာဖြစ်ပါတယ်။ ဓာတ်အားပေးစက်၏ အဝင်/ အထွက် Phase တွေမှာရှိတဲ့ နှစ်ဘက် လျှပ်စီး(Current)
ပမာဏကို Current Transformer များနဲ့ ရယူပြီး Relay အတွင်းမှာ နှစ်ဘက်လာတဲ့ လျှပ်စီးရဲ့
ကွာဟချက် (Difference) ကိုရှာပြီး Preset Threshold Differential Current (သတ်မှတ်ခံနိုင်ရည်
ကွာဟသည့်လျှပ်စီးပမာဏ) တန်ဖိုးနဲ့ နှိုင်းယှဉ်ပြီး Differential Relay က အလုပ်လုပ်
ပါတယ်။ Relay Characteristic အနေနဲ့ကတော့ Inverse Time Characteristic ဖြစ်ပြီး Characteristic
Curve ကို ထပ်ညှိ/ ထပ်ပြင်နိုင်ဖို့ Time Multiplier ထပ်ဖြည့်ကြပါတယ်။ နမူနာအနေနဲ့ကတော့
ABB ရဲ့ REM 615 Relay ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။ သူလဲပဲ အပေါ်ကလို
Differential Protection အတွက်သာမကဘဲ Neighboring Relay Coordination, Automation
Control, Breaker Failure, Ash- Flash, Optical Interface, RTU စတဲ့ Function တွေလဲ ပါပါတယ်။
Voltage and Frequency Protection
ဓာတ်အားပေးစက်များက ဓာတ်အားကွန်ယက်နဲ့ချိတ်ဆက်ထားတဲ့နေရာမှာ
တည်ငြိမ်စွာနဲ့ ချိတ်ဆက် မောင်းနှင်နိုင်ဖို့အတွက် ဓာတ်အားပေးစက်ရဲ့ ဗို့အားနဲ့
Frequency ထိန်းသိမ်းမောင်းနှင်နိုင် မှုကို ဓာတ်အား ကွန်ယက်ရဲ့ ဗို့အားနဲ့
Frequency နဲ့ Synchronization ဖြစ်နေဖို့ စောင့်ကြည့်ပြီး မကိုက်ရင် စက်ကိုထိခိုက်မှုမှ
ကာကွယ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ Relay Characteristic အနေနဲ့ကတော့ Frequency နဲ့
Voltage အခြေအနေနဲ့ ဓာတ်အားပေးစက်အမျိုးအစားများအရ Definite နဲ့ရော Inverse
Definite Characteristic အနေနဲ့ရော အလုပ်လုပ်တာ ဖြစ်ပါတယ်။ နမူနာအနေနဲ့တော့ GE ရဲ့
GE Multilin - UR Series Voltage and Frequency Protection Relays ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။
သူကတော့ Universal Relay ဖြစ်ပြီး Module Card များ လိုသလိုထည့်သွင်းပြီး လိုချင်တဲ့
Protection အတွက် သုံးနိုင်တဲ့အမျိုးအစား ဖြစ်ပါတယ်။ Protection အတွက်သာမကဘဲ အပေါ်က
Relay များလို Additional Function တွေ လုပ်ဆောင်နိုင်ပါတယ်။
Stator Winding Protection
ဓာတ်အားပေးစက်ရဲ့ Stator Winding တွေ
ဝန်အားပိုမိုစီးဆင်းမှု (Overload) ဖြစ်ပြီး အပူချိန်မြင့်တက်မှု (Overheating) ဖြစ်ပြီး
Winding တွေ လျှပ်ကာအရည်အသွေးပျက်ယွင်းမှု(Insulation Breakdown) မဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက်
ဖြစ်ပါတယ်။ Relay Characteristic အနေနဲ့ကတော့ Definite နဲ့ရော Inverse Definite
Characteristic အနေနဲ့ရော အလုပ်လုပ်တာ ဖြစ်ပါတယ်။ သူက Overheating အတွက်လို့ ပြောပေမယ့်
သုံးတာကတော့ Overcurrent Protection Relay ကိုပဲ သုံးတာဖြစ်ပါတယ်။ ဒီတော့ ဓာတ်အားပေးစက်၏
အဝင် လျှပ်စီး(Current) ပမာဏကို Current Transformer များနဲ့ ရယူပြီး အလုပ် လုပ်တာပဲဖြစ်ပါတယ်။
နမူနာအနေနဲ့တော့ SIEMENS ရဲ့ Siprotec 7SJ80 Overcurrent Protection Relay ကို
Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။ ရနိုင်တဲ့ Additional Function တွေကတော့ အပေါ်က
အမှတ်စဉ် (၁) ကနဲ့အတူတူပါပဲ။ အပေါ်က Relay ကို သုံးလဲရပါတယ်။
Loss of Excitation Protection
ဓာတ်အားပေးစက်ရဲ့ Field Winding အတွက်
Excitation System(ဗို့အားထုတ်စနစ်) အလုပ်လုပ်ဖို့ Input ပေးရတဲ့ Field Current မမှန်တာကြောင့်
ဗို့အားထုတ်စနစ်အလုပ်မလုပ်ခြင်း(Loss of Excitation) ဖြစ်ပြီး ဓာတ်အားပေးစက်ကို မထိခိုက်အောင်
ကာကွယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ Relay Characteristic အနေနဲ့ကတော့ time-field
characteristic သို့ Mho (Ω) characteristic ပဲ ဖြစ်ပါတယ်။ သူက အပေါ်က
Overcurrent Relay အမျိုးအစားပဲဖြစ်ပေမယ့် Overcurrent ထက် Field Current လျော့ကျမှု(Under)
ဖြစ်တာကို အဓိက စောင့်ကြည့် လုပ်ဆောင်တာဖြစ်ပါတယ်။ ဓာတ်အားပေးစက်၏ Field Current အဝင်
လျှပ်စီး(Current) ပမာဏကို Current Transformer များနဲ့ ရယူပြီး အလုပ် လုပ်တာပဲဖြစ်ပါတယ်။
နမူနာအနေနဲ့တော့ Schneider Electric ရဲ့ Sepam series, Sepam G40 ကို Google မှာ ရှာဖွေကြည့်
နိုင်ပါတယ်။ ရနိုင်တဲ့ Additional Function တွေကတော့ အပေါ်က အမှတ်စဉ် (၁) ကနဲ့ အတူတူပါပဲ။
(ခ)
Unit Transformer Protection
Buchholz Relay
ထရန်စဖော်မာရဲ့ Body အတွင်းမှာ ရှိတဲ့
ဆီနဲ့ Winding, Insulation, Core စတာတွေမှာ အပြစ်တစ်ခုခု ဖြစ်ပြီးပဲဖြစ်ဖြစ်၊ အရည်အသွေးကျဆင်းလာလို့ပဲဖြစ်ဖြစ်၊
Insulation ကျဆင်းလာလို့ပဲဖြစ်ဖြစ် ထရန်စဖော်မာ အတွင်းက ဆီနဲ့ ဓာတ်ငွေ့တွေ ပုံမှန်မဟုတ်တာကို
Buchholz Relay က လှမ်းမြင်ပြီး ထရန်စဖော်ကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက်ပဲ
ဖြစ်ပါတယ်။ ထရန်စဖော်မာရဲ့ Main Bodyနဲ့ အပေါ်က Conservator ကြားက ပိုက်လိုင်းမှာ တပ်ဆင်ထားပါတယ်။
နမူနာအနေနဲ့တော့ Siemens ရဲ့ SIPROTEC 7SR11 Buchholz Relay ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။
Differential Relay
ထရန်စဖော်မာဖီဒါမှာ Transformer Winding
များအပြင် ဖီဒါအတွင်းပိုင်းအပြစ်ဖြစ်ပေါ်မှု (Internal Fault) တွေကို ကာကွယ်ဖို့အတွက်
အသုံးပြုတာဖြစ်ပါတယ်။ အလုပ်လုပ်ပုံနဲ့ Relay Characteristic အနေနဲ့ကတော့ အပေါ်က
Generator Differential Relay နဲ့ အတူတူပဲဖြစ်ပါတယ်။ နမူနာအနေနဲ့ကတော့ Eaton ရဲ့ ETR-4000
transformer relay ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။ သူ့အမျိုးအစားကလဲ
Universal Relay ပုံစံပဲဖြစ်ပါတယ်။
Temperature Operated Relay
ထရန်စဖော်မာမှာ အပြစ်ဖြစ်ပေါ်ခြင်း(Fault)၊
ဝန်အားပိုမိုသယ်ဆောင်ရခြင်း(Overload) စတဲ့ အကြောင်း အမျိုးမျိုးကြောင့် အပူချိန်မြင့်တက်၍
ထရန်စဖော်မာပျက်စီးမှုကို ကာကွယ်နိုင်ရန်အတွက် အသုံးပြုတာ ဖြစ်ပါတယ်။ ထရန်စဖော်မာရဲ့
Top Oil, Bottom Oil နဲ့ Winding တွေရဲ့ အပူချိန်တွေကို Temperature Sensor များနဲ့
ရယူပြီးတော့ အလုပ်လုပ်တာပဲ ဖြစ်ပါတယ်။ Relay Characteristic အနေနဲ့ကတော့
Temperature Indicator မှာပဲ သတ်မှတ်အပူချိန်ထက်ကျော်ရင် Trip ဖြစ်အောင် Mechanical
Relay ပုံစံလုပ်ထားထာဖြစ်ပါတယ်။ ယခုနောက်ပိုင်းတော့ Real Time Monitoring နဲ့
Smart ပုံစံအထိ အသုံးပြုနေပြီ ဖြစ်ပါတယ်။ နမူနာအနေနဲ့တော့ Mitsubishi Electric ရဲ့
TC Series Temperature Monitoring Relays ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။
Gas and Oil Monitoring Relay
ထရန်စဖော်မာရဲ့လျှပ်ကာဆီတွေ ပုံမှန်စွမ်းဆောင်ရည်မရှိခြင်းကြောင့်
လျှပ်ကာအရည်အသွေး ပျက်ယွင်းခြင်း (Insulation Breakdown) ဖြစ်ပြီး ထရန်စဖော်မာပျက်စီးခြင်းမှ
ကာကွယ်နိုင်ရန်အတွက် အသုံးပြုတာ ဖြစ်ပါတယ်။ DGA (Dissolved Gas Analysis)
Monitoring Systems. ဖြစ်ပြီး Hydrogen, Carbon Monoxide, Methane, Acetylene, Ethylene,
Ethane, Carbon Dioxide, Oxygen, Nitrogen, Moisture စတာတွေကို စောင့်ကြည့်တာ ဖြစ်ပါတယ်။
သတ်မှတ်တန်ဖိုးကျော်ရင် Trip ဖြစ်အောင် လုပ်ထားတာ ဖြစ်ပါတယ်။ DGA Monitoring Device ထဲကို ထရန်စဖော်မာကနေ ဆီပိုက်နဲ့
အဝင်/အထွက်ချိတ်ထားပြီး အဲဒီ အဝင်/အထွက်ဆီကို စောင့်ကြည့်ပြီး အလုပ်လုပ်တာဖြစ်ပါတယ်။
နမူနာအနေနဲ့တော့ Doble Engineering Company ရဲ့ DGA (Dissolved Gas Analysis)
Monitoring Systems ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။ ဒီစနစ်ကလဲ Smart ပုံစံဖြစ်လို့
မြန်မာပြည်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် သုံးမယ် မထင်သေးပါဘူး။
(၂) Transmission Protection Systems
(က)
Transmission Line Protection
Distance
Protection
ဓာတ်အားလိုင်းပေါ်မှာဖြစ်တဲ့
Phase to Phase Fault နဲ့ Phase to Ground Fault အပြစ်တွေကြောင့် ဓာတ်အားလိုင်းနဲ့
ဓာတ်အားကွန်ယက်အတွင်း ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်နိုင်ရန်အတွက် အသုံးပြုတာ ဖြစ်ပါတယ်။
ဓာတ်အားလိုင်းရဲ့ ဗို့အားနဲ့ လျှပ်စီးကို Capacitive Voltage Transformer နဲ့ Current
Transformer တို့ကနေ ရယူပြီးတော့ Distance Relay ထဲမှာ Impedance တန်ဖိုးကို တွက်ထုတ်ပြီး
ပုံမှန်ကောင်းမွန်နေတဲ့ အချိန်မှာရှိတဲ့ Impedance နဲ့ အပြစ်ဖြစ်ပေါ်ချိန်မှာရှိတဲ့ Impedance တွေကို နှိုင်းယှဉ်ပြီး သတ်မှတ်တန်ဖိုး
ထက်ကျော်ရင် Trip ဖြစ်တာဖြစ်ပါတယ်။ ဓာတ်အားလိုင်းအပြစ်က ဓာတ်အားလိုင်းရဲ့ ဘယ်နားမှာဖြစ်တယ်
ဆိုတာကိုလည်း တစ်လိုင်းလုံးရဲ့ Impedance နဲ့ Fault ဖြစ်သွားတဲ့နေရာအထိ Impedance နဲ့
နှိုင်းယှဉ်ပြီး ဖော်ပြပေးနိုင်ပါတယ်။ Relay Characteristic အနေနဲ့ကတော့ Phase to
Phase Fault နဲ့ Phase to Ground Fault တွေရဲ့
Fault အမျိုးအစားအလိုက် Characteristic တွေရှိပါတယ်။ Mho Characteristic,
Rectangular Characteristic စသည်ဖြင့် ရှိပါတယ်။ အဓိကကတော့ လိုင်းအရှည်အကွာအဝေးပေါ်မူတည်ပြီး
Impedance- Time Characteristic ဖြစ်ပြီး Zone- Time Characteristic (Zone 1, 2,
3) လို့လဲ ပြောလို့ရပါတယ်။ နမူနာ အနေနဲ့ကတော့ Schweitzer Engineering Laboratories
(SEL) ရဲ့ SEL-421 Distance Protection Relay ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။
အဲဒီအမျိုးအစားရဲ့ Additional Function တွေကလဲ အပေါ်ကလို DC Fail, Automation,
RTU, Synchronization, Reclosing စတဲ့ Function တွေပါ ပါတယ်။
Overcurrent
Protection:
ဒါကတော့
အပေါ်က Overcurrent and Earth Fault Relay နဲ့အတူတူပါပဲ။
Pilot
Protection:
ဓာတ်အားလိုင်းပေါ်မှာရှိသော
Electrical parameters တွေဖြစ်တဲ့ Current, Voltage, Frequency, And Phase Angle တွေက
သတ်မှတ်ပမာဏအတွင်းမှာမရှိတဲ့အခါ ဓာတ်အားလိုင်းနဲ့ ဓာတ်အားကွန်ယက်ကို ထိခိုက်ပျက်စီးမှု
မရှိအောင် ကာကွယ်နိုင်ဖို့ အသုံးပြုတာ ဖြစ်ပါတယ်။ ဓာတ်အားလိုင်းရဲ့
ဗို့အားနဲ့ လျှပ်စီးကို Capacitive Voltage Transformer နဲ့ Current
Transformer တို့ကနေ ရယူပြီးတော့ Pilot Relay ထဲမှာ
သတ်မှတ်တန်ဖိုးတွေနဲ့ကိုက်/ ကိုက် နှိုင်းယှဉ်ပြီး
သတ်မှတ်တန်ဖိုး မကိုက်ညီရင် Trip ဖြစ်တာဖြစ်ပါတယ်။ နောက်
အဓိက ဖြစ်တဲ့ Function တစ်ခုကတော့ Pilot Wire သို့မဟုတ် အခြား Communication
Channel တွေအသုံးပြုပြီး Coordination လုပ်တာပါပဲ။ အပြစ်ဖြစ်တဲ့အပိုင်းကို တိတိကျကျ
ဖြတ်တောက်ဖယ်ရှားနိုင်ဖို့ အသုံးပြုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အခုကတော့ Pilot Relay
Function ကို သက်ဆိုင်ရာ Overcurrent Relay, Distance Relay, Differential Relay စတာတွေထဲမှာ
Module တစ်ခုအနေနဲ့ ထည့်ထားတာမို့ သူ့အတွက် သီးသန့် Relay မလိုတော့ပါဘူး။ ဓာတ်အားလိုင်းတွေမှာ
သူ့ထက်ပိုမိုထိရောက်တဲ့ Transmission Line Differential Relay တွေကို အသုံးပြုနေပြီးဖြစ်ပါတယ်။
လိုင်းအတွက် နမူနာအနေနဲ့ကတော့ ABB ရဲ့ REL670 Line Protection Relay. ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။ Distance Relay မှာ Function တစ်ခုအနေနဲ့
ပါဝင်ပြီးဖြစ်တာကို တွေ့ရမှာပါ။
(ခ)
Busbar Protection
Differential
Protection:
Busbar
ပေါ်မှာဖြစ်တဲ့ Fault တွေကြောင့် Busbar၊ Busbar ကိုချိတ်ဆက်ထားသော ဖီဒါများရှိ အခြား
Equipmentများနဲ့ ဓာတ်အားကွန်ယက်ကို ထိခိုက်ပျက်စီးမှုမရှိစေရန်အတွက် အသုံးပြုတာဖြစ်ပါတယ်။
ဒါက အပေါ်က Differential Relay နဲ့အတူတူပါပဲ။ မတူတာက Current Transformer တွေကနေ Relay Input ကို
ရယူရာမှာ Busbar ကို ချိတ်ဆက်ထားတဲ့ ဖီဒါအားလုံးရဲ့ Current Transformer ကနေ ရယူပြီး
Relay ထဲမှာ Busbar ကို အဝင်/ အထွက် Current Difference နဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။
နမူနာအနေနဲ့ကတော့ Schneider Electric ရဲ့ Sepam series, Sepam S81. ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။
Overcurrent
Protection:
ဒါလဲအပေါ်က
Overcurrent and Earth Fault Relay တွေနဲ့အတူတူပါပဲ။ မတူတာက Current Transformer တွေကနေ
Relay Input ကို ရယူရာမှာ Busbar Differential Relay ယူသလို ယူတာရယ်၊ Bus Fault ကို
တိတိကျကျမြင်နိုင်အောင် Directional Function အသုံးပြုပြီး အလုပ်လုပ်တာပဲကွာပါတယ်။
နမူနာအနေနဲ့ ကတော့ Siemens ရဲ့ Siprotec 7SJ80 Directional Overcurrent Protection
Relay ကို Google မှာ ရှာဖွေ ကြည့်နိုင်ပါတယ်။
(ဂ)
Transformer Protection
Differential
Relay
Generator
Protection က Transformer Differential Relay နဲ့ သဘောတရားအတူတူပဲဖြစ်ပါတယ်။
Buchholz
Relay
Generator
Protection က Transformer Buchholz Relay နဲ့ သဘောတရားအတူတူပဲဖြစ်ပါတယ်။
(၃) Distribution Protection Systems
(က)
Feeder Protection
ဓာတ်အားဖြန့်ဖြူးရေးလိုင်းဖီဒါများမှာ
ဝန်အားပိုမိုစီးဆင်းမှု(Overload) နှင့် ရှော့ဖြစ်မှု
(Short Circuit) တွေကို ကာကွယ်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ Overcurrent
Protection, Directional Overcurrent Protection, Earth Fault Protection တွေကို အသုံးပြုပြီး
အပေါ်က Relay များနဲ့ သဘောအတူတူပဲဖြစ်ပါတယ်။ နမူနာအနေနဲ့ Eaton ရဲ့ E-Series
Protective Relay၊ Siemens ရဲ့ Siprotec 7SJ80 Directional Overcurrent Protection
Relay၊ Schneider Electric ရဲ့ SEPAM Series Earth Fault Protection Relays. တွေကို
Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။ ဖြန့်ဖြူးရေးလိုင်းတွေမှာ
Directional အသုံးပြုတာကတော့ Main Source ယူတဲ့ ပင်ရင်းဓာတ်အားခွဲရုံကြီးနှစ်ခုအကြား
ကွန်ယက်ပြုလုပ်၍ နှစ်ဘက်ချိတ်ဆက်အသုံးပြုသည့်အခါနှင့် loop System ဖြင့် ဓာတ်အားဖြန့်ဖြူးပေးတဲ့အခါမျိုးတွေမှာ
Fault ဖြစ်တဲ့အပိုင်းကိုပဲ တိတိကျကျဖယ်ရှားနိုင်အောင် အသုံးပြုတာဖြစ်ပါတယ်။
(ခ)
Recloser and Sectionalizer Systems
ဒါတွေကတော့
ဖြန့်ဖြူးရေးဓာတ်အားလိုင်းများမှာ ယာယီဖြစ်ပေါ်သောအပြစ်(Temporary Fault) ဖြစ်လာခဲ့ရင်
အပြစ်ဖြစ်တဲ့နေရာကိုပဲ ချန်ပြီး ကျန်တဲ့နေရာတွေက မီးပြန်ရအောင် အလိုအလျောက် လိုင်းပြန်တင်တဲ့စနစ်ဖြစ်ပြီး
လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံ မီးအမြန်ရနိုင်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ အဓိကအားဖြင့်
Hydraulic Controller Type နဲ့ Electronic Controller Type ဆိုပြီးနှစ်မျိုးရှိပြီး
Hydraulic Controller Type မှာ Reclosing(လိုင်းပြန်တင်ခြင်း) နဲ့ Sectionalizing(အပြစ်ဖြစ်သည့်အပိုင်းကို
ပိုင်းဖြတ်ခြင်း) ကို ဆောင်ရွက်မယ့် Operating Procedure ကို Hydraulic Function နဲ့
ပြုလုပ်တာဖြစ်ပါတယ်။ Electronic Controller Type မှာတော့ Overcurrent and Earth
Fault Relay နဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။ Electronic ကတော့ ဈေးပိုကြီးတာပေါ့လေ။ Characteristic
အနေနဲ့ကတော့ Recloser မှာ Fast- Slow Characteristic (လိုင်းပြန်တင်တာ အမြန်၂ ကြိမ်၊
အနှေး ၂ ကြိမ်စသည်ဖြင့်) ဖြစ်ပြီး၊ Sectionalizer မှာတော့ Counting Characteristic
(နှစ်ကြိမ်ဆို section ဖြတ်မယ်စသည်ဖြင့်) ဖြစ်ပါတယ်။ Relay ကတော့ Overcurrent and
Earth Fault Relay ဆိုတော့ အပေါ်က Characteristic အတိုင်းပဲဖြစ်ပါတယ်။ နမူနာအနေနဲ့
Eaton ရဲ့ W Series Recloser ၊ SPEAR™ Electronically Controlled Recloser, GH
type Sectionalzer စတာတွေကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။
(ဂ)
Motor Protection
Thermal
Overload Protection:
မော်တာများမှာ
ဝန်အားပိုမိုစီးဆင်းမှု(Overload) နှင့် ရှော့ဖြစ်မှု
(Short Circuit) တွေကို ကာကွယ်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ Overcurrent and
Earth Fault Relay ကိုပဲ အသုံးပြုတာဖြစ်ပြီး သဘောတရား အတူတူပါပဲ။ Current
Transformer များတပ်ဆင်တာကတော့ မော်တာအဝင် ကြိုးတွေမှာ တပ်ပြီး လျှပ်စီး (Current)
ကို ရယူတာပါပဲ။ နမူနာအနေနဲ့ Eaton ရဲ့ Eaton - XT Electronic Overload Relays. ကို
Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။ ဒီအမျိုးအစားမှာတော့ Built-in
ပါပြီးသားဖြစ်ပါတယ်။
Under
and Overvoltage Protection and Voltage Regulation Protection:
မော်တာကို
Supply လုပ်တဲ့ ဗို့အားမပြည့်တာ၊ Variation ဖြစ်တာတွေကြောင့် မော်တာပျက်စီးမှု မဖြစ်အောင်
ကာကွယ်ဖို့အတွက် သုံးတာဖြစ်ပါတယ်။ Characteristic အနေနဲ့ကတော့ Voltage- Time Characteristic
ပဲဖြစ်ပါတယ်။ Relay Input Voltage ကို မော်တာရဲ့ Therminal မှာ တိုက်ရိုက်ချိတ်ဆက်တာဖြစ်ပါတယ်။
တပ်ဆင်အင်အားကြီးရင်တော့ Voltage Transformer ကို အသုံးပြုပါတယ်။ နမူနာအနေနဲ့ :
Lovato Electric ရဲ့ RGK Series Voltage Monitoring Relays. ကို Google မှာ ရှာဖွေကြည့်နိုင်ပါတယ်။
တစ်စုံတစ်ခုအသုံးဝင်မယ်လို့
ယူဆပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေဗျာ……….