Sunday, August 27, 2023

Electrical Power သမားများအတွက် မြို့ပြအင်ဂျင်နီယာပညာအကြောင်း

 မြို့ပြအင်ဂျင်နီယာအပိုင်းကလဲ ဘာသာရပ်သီးသန့်ရှိပြီး ကျယ်ပြန့်လို့ ၎င်းအင်ဂျင်နီယာများလိုတော့ မသိပါဘူး။ ဒါပေမယ့် Electrical Power သမားတစ်ယောက်အနေနဲ့တော့ သိထားသင့်တယ်ထင်တာ လေးတွေကို ရှာဖွေလေ့လာမိသလောက် စုစည်းတင်ပြလိုက်ရပါတယ်။

မြို့ပြအပိုင်းအနေနဲ့ Site Surveying, Foundation နဲ့ Structure အပိုင်းတွေက အဓိကအားဖြင့် ပါဝင်ပါတယ်။

Foundation ဒီဇိုင်းဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်ရမယ့်အဆင့်တွေက ဘူမိဗေဒနည်းပညာဆိုင်ရာ အချက်အလက်များကောက်ယူဆန်းစစ်ခြင်း (Geotechnical Investigation)၊ ဝန်အားသက်ရောက်မှု ဆန်းစစ်ခြင်း (Load Analysis)၊ အုတ်မြစ်အမျိုးအစားရွေးချယ်ခြင်း (Foundation Type Selection)၊ ဒီဇိုင်းနှင့် အရွယ်အစားပမာဏ တွက်ချက်ပြုလုပ်ခြင်း (Design and Sizing)၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆန်းစစ်လေ့လာခြင်း(Structure Analysis)၊ တည်ဆောက်ရေးပြုလုပ်နိုင်ရန် သုံးသပ်ပြင်ဆင်ခြင်း (Construction Consideration) တို့ပဲဖြစ်ပါတယ်။

ဘူမိဗေဒနည်းပညာဆိုင်ရာ အချက်အလက်များကောက်ယူဆန်းစစ်ခြင်း (Geotechnical Investigation) ပြုလုပ်ခြင်းဆိုသည်မှာ မိမိတည်ဆောက်လိုသော အဆောက်အဦ၊ ဆည်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအလိုက် တည်ဆောက်မည့်နေရာရှိ မြေသားကို နမူနာယူပြီး စမ်းသပ်ရတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ Foundation အမျိုးအစား၊ Bearing Capacity လိုအပ်ချက်၊ မြေသား (သို့) မြေလွှာ အပြောင်းအလဲ၊ လက်ရှိအခြေအနေအရ ရရှိနိုင်တဲ့အချက်အလက်များ မှန်ကန်မှုအဆင့် (level of accuracy) စသည်တို့အပေါ်မူတည်၍ မြေသားနမူနာ မည်သည့်အတိုင်းအတာ အနက်ပမာဏကို ယူရမည်ကို ဆုံးဖြတ်ပါသည်။ တည်ဆောက်လိုသည့် စီမံကိန်းအမျိုးအစားအလိုက် ဘူမိဗေဒလိုအပ်ချက် အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါသည်။

မြေသားနမူနာများရပါက laboratory tests များအနေဖြင့် မြေသားတွင် Particle အရွယ်အစား မည်မျှဖြင့် ဖွဲ့စည်းထားသည်ကို စိစစ်သည့် Particle Size Analysis ပြုလုပ်ခြင်း၊ Water Content အရ မြေသား မာ၊ စေး၊ ပျော့နိုင်သည့် အကန့်အသတ်အခြေအနေ Atterberg Limits စမ်းသပ်ခြင်း၊ မြေသား၏ Deformation ခုခံနိုင်မှုနှင့် ဝန်ခံနိုင်ရည် Shear Strength စမ်းသပ်ခြင်း၊ ရေဖြတ်သန်းနိုင်မှုနှုန်း Permeability စမ်းသပ်ခြင်းများကို ပြုလုပ်ရပါသည်။

Site Test အနေဖြင့်လည်း မြေသား၏ သိပ်သည်းဆ၊ တင်းမာမှု၊ ခုခံမှု စသည်တို့ကို သိရှိနိုင်ရန် In-Situ Testing ကို Penetration Test (PT) များ ပြုလုပ်ရပါသည်။

၎င်းအပြင် Geophysical Surveys အဖြစ် မြေငလျင်ဆိုင်ရာအချက်အလက်များအပါအဝင် ယခင်က စီမံကိန်းဧရိယာတွင် အခြားဖြစ်နိုင်ချေရှိသော သက်ရောက်မှု ဆိုင်ရာအချက်အလက်များကိုလည်း ကောက်ယူရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဌာနများ၏ သဘောထားများ နှင့် ယခင်မိမိစီမံကိန်း ဝန်းကျင်အနီး ဆောင်ရွက်ခဲ့ဖူးသည့် အခြားစီမံကိန်းများ၏ အချက်အလက်များကိုပါ ရရှိနိုင်ပါက ကောက်ယူသင့်ပါသည်။

ဝန်အားသက်ရောက်မှု ဆန်းစစ်ခြင်း (Load Analysis) မှာတော့ မြေဆွဲအားသက်ရောက်မှုကို ထည့်သွင်း စဉ်းစားသော Vertical Load(Live Load and Dead Load)၊ ဘေးတိုက်ပြင်ပသက်ရောက်မှုကို ထည့်သွင်း စဉ်းစားသော Lateral Load or Horizontal Load(Wind Load and Seismic Load)၊ အေးခဲဒေသ များအတွက် Ice Load၊ လေ၊ မော်တော်ယာဉ်နှင့် Fault စသည်တို့ကြောင့် ဖြစ်ပေါ်နိုင်သည့် Dynamic Load၊ ၊ ဓာတ်အားလိုင်းများတွင် တိုင်တစ်ဖက်မှ ကြိုးပြတ်ခြင်းကဲ့သို့ Eccentric Loads or Longitudinal Load စသည်တို့ကို အပူချိန်၊ လေတိုက်နှုန်း၊ Icing စသည့် သဘာဝအခြေအနေ သက်ရောက်မှုများ အလိုက် တွက်ချက်ဆန်းစစ်၍ မိမိတည်ဆောက်မည့် Structure၊ အဆောက်အဦးနှင့် ၎င်းမှတဆင့် Foundation သို့ သက်ရောက်နိုင်မှု Loading ပမာဏများကို ဆန်းစစ်တွက်ချက်ရပါသည်။

အုတ်မြစ်အမျိုးအစားရွေးချယ်ခြင်း (Foundation Type Selection) ကို ဆောင်ရွက်ရာမှာ အထက်က ဘူမိဗေဒအချက်အလက်များအရ မြေသားခံနိုင်ရည်အခြေအနေ Bearing Capacity နဲ့ တည်ဆောက်မည့် အရာ၏ Load Analysis အရ ရရှိလာသော သက်ရောက်ဝန်အားများကို နှိုင်းယှဉ်၍ သင့်တော်သည့် အုတ်မြစ်ဒီဇိုင်းကိုရွေးချယ်ကြရပါသည်။ Standard Bearing Capacity အနေနဲ့တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

(၁) Cohesive (Clay) Soil: Around 100 kN/m² (2,000 psf) to 300 kN/m² (6,000 psf)

(၂) Non-Cohesive (Sand) Soil: Around 150 kN/m² (3,000 psf) to 400 kN/m² (8,000 psf)

(၃) Rock: Above 400 kN/m² (8,000 psf)

မြေသားကောင်း၍ ပေါ့ပါးသော Structure များအတွက် Spread Footing, Multiple Load Point သက်ရောက်မှုရှိသည့် Structure များအတွက် Mat Foundation(Raft Foundation)၊ နံရံ နှင့် Column Line များအတွက် Strip Footing၊ တိုင်တစ်ခုတည်း Footing များအတွက် Isolated Footing၊ မြေသားညံ့ခြင်း၊ Water Table မြင့်မားခြင်း စသည့်အခြေအနေများအတွက် Drilled Shafts (Drilled Piers or Caissons) Footing၊ Pile FoundationHelical Piles(Screw-like Piles)၊ Caisson FoundationsPier FoundationsWell FoundationsFloating Foundation၊ မြေထိန်းနံရံများ၊ ခြံစည်းရိုးများအတွက် Trench Foundation စသည်ဖြင့် အမျိုးမျိုးရှိရာ လိုအပ်သလို ရွေးချယ်အသုံးပြုရ ခြင်းဖြစ်ပါသည်။

အရွယ်အစားပမာဏ တွက်ချက်ပြုလုပ်ခြင်း (Design and Sizing) တွင် မြေစမ်းသပ်ရရှိမှုနှင့် သက်ဆိုင်ရာ ဝန်အားတွက်ချက်ရရှိမှု အခြေအနေများအရ တည်ဆောက်ရမည့် အုတ်မြစ်ပါအစိတ်အပိုင်း များ၏ လိုအပ်သောအတိုင်းအတာ၊ မြေဝင်အနက်၊ အရွယ်အစားများကို တွက်ချက်ရပါသည်။ အထက် ဖော်ပြပါ Foundation အမျိုးအစားများအလိုက် သက်ဆိုင်ရာ ဒီဇိုင်းပြုလုပ်ရသည့်နည်းလမ်းနှင့် တွက်ချက်မှုများ ကွဲပြားမှု ရှိပါသည်။ Reinforcement ဒီဇိုင်းအနေဖြင့် အားသက်ရောက်မှုများကြောင့် Tensile Strength ခံနိုင်ရည်ရှိစေရန်နှင့် Concrete သား ဖွဲ့စည်းမှုကြံ့ခိုင်စေရန်၊ Concrete သားများ ကွဲအက်ခြင်း (Cracking)၊ ပုံပျက်ယွင်းခြင်း(Deformation) စသည်တို့ ဖြစ်ပေါ်ခြင်းကို ထိန်းချုပ်ပေး နိုင်ရန် စသည်တို့အတွက် သံကူစနစ် (Rebar System) ကို ပြုလုပ်၍အသုံးပြုကြပါသည်။

ဖွဲ့စည်းတည်ဆောက်ပုံဆန်းစစ်လေ့လာခြင်း (Structure Analysis) မှာတော့ သက်ရောက်မယ့်အားတွေ (Bearing Pressure) အရ Foundation ကနေ မြေသားကို အားတွေ ဘယ်လိုခွဲဖြန့်သက်ရောက်နိုင်တယ် ဆိုတာ အသေးစိတ် တွက်ချက်ရတာဖြစ်ပါတယ်။ သက်ရောက်တဲ့အားတိုင်းက မြေသားရဲ့ခံနိုင်ရည် သတ်မှတ်ချက်ကို မကျော် လွန်စေဖို့ စိစစ်ရပါတယ်။ ၎င်းအပြင် လေနှင့် မြေငလျင်များကြောင့် Lateral Load များ သက်ရောက်၍ Shear(ပြတ်ထွက်ခြင်း) နဲ့ Moment (ကွေးခြင်း) အားများ သက်ရောက်နိုင်မှု အခြေအနေများ၊ အားသက်ရောက်မှုများကြောင့် သတ်မှတ် အခြေခိုင်မြဲမှု ပမာဏဘောင်အတွင်း ရှိရမည့် အခြေအနေများ၊ မြေသားနှင့် Foundation အပြန်အလှန် သက်ရောက်မှုအခြေအနေများ စသည်တို့ ကိုလည်း တွက်ချက်ရပါသည်။ သုံးမယ့်ကွန်ကရစ်ရဲ့ ပါဝင်ပစ္စည်း၊ ရောစပ်မှုနဲ့ Rebar တွေရဲ့ Material Properties တွေကိုလည်း စိစစ်ရပါတယ်။

အဲဒီက ရွေးချယ်လိုက်တဲ့ Foundation မှာ အားတွေခွဲဖြန့် သက်ရောက်မှု (Stress Distribution), အားကြောင့် Foundation နဲ့ မြေသားတွေ ရွေ့ပြတ်နိုင်မှု (Displacement) နဲ့ ပုံပျက်နိုင်မှု (Deformation) စသည်တို့ကိုလည်း တွက်ချက်စိစစ်ရတာ ဖြစ်ပါတယ်။ ထိုသို့တွက်ချက်ရာတွင် သက်ဆိုင်ရာ ပြဌာန်း ထားသည့် Code, Standard နှင့် Guideline များကိုလည်း Reference ပြုလုပ်တွက်ချက်ရန် လိုအပ်ပါသည်။ Electrical Design များကဲ့သို့ လိုအပ်ပါက ရရှိသည့် Result များအပေါ် အပြန်ပြန် အလှန်လှန်သုံးသပ် တွက်ချက်ရနိုင်သော အင်ဂျင်နီယာဒီဇိုင်းလုပ်ငန်းလည်း ဖြစ်ပါသည်။ ဒါတွေပြီး ရင်တော့ Foundation ဒီဇိုင်းပုံထုတ်ခြင်း ဆက်လုပ်ကြရပါတယ်။ ဒါတွေကို Bentley Staad Pro Software နဲ့ Structure ရော၊ Foundation အတွက်ရော တပြိုင်တည်း တွက်ချက်နိုင်ပါတယ်။ Etab Software နဲ့တွက်တာလည်းရှိပါတယ်။

တည်ဆောက်ရေးပြုလုပ်နိုင်ရန် သုံးသပ်ပြင်ဆင်ခြင်း (Construction Consideration) မှာတော့ လက်တွေ့တည်ဆောက်ရေးပိုင်း ဖြစ်သွားပါပြီ။ လုပ်ငန်းခွင်မှာလုပ်ရမယ် ဧရိယာရှင်းလင်းခြင်း၊ အဝင် လမ်းဖောက်လုပ်ခြင်း၊ ဒီဇိုင်းလိုအပ်ချက်အရ မြေတူးခြင်း၊ မြေပြင်ခြင်း၊ သံကူစနစ်ပြုလုပ်ခြင်း၊ ကွန်ကရစ် လောင်းထည့်မည့် ပုံစံပြုလုပ်ခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ ကွန်ကရစ်လောင်စဉ် တပြိုင်နက် ထည့်ရန်လိုအပ်သည့် Anchor Bolt (သို့) အခြားလိုအပ်သည့် Structure များ ပြင်ဆင်ထည့်သွင်းခြင်း၊ မြေဖို့ခြင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်သက်ရောက်မှုများ မဖြစ်စေရန်ကာကွယ်ခြင်း၊ ဒီဇိုင်းပုံများ ပြင်ဆင်ပံ့ပိုးခြင်း၊ အရည်အသွေးစောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းခွင်လိုအပ်ချက်များကို ကြိုတင် သုံးသပ်စိစစ်လျာထားဆောင်ရွက်တာ ဖြစ်ပါတယ်။

တစ်စုံတစ်ခု အသုံးဝင်မယ်လို့ယူဆပါတယ်၊ ကျန်းမာချမ်းသာကြပါစေဗျာ……….

Monday, August 7, 2023

Lighting Design ပြုလုပ်ခြင်း

 

Lighting Design ပြုလုပ်ဖို့ Course တစ်ခုက Baisc လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

ပထမဦီးဆုံးတစ်ခုကတော့ အလင်းလှိုင်းဖြစ်တဲ့ Luminous Flux ()= Q/ t အကြောင်းပါ။ အလင်းထုတ်ပေးတဲ့ အရာဝတ္ထုတစ်ခုကနေ အချိန်ကာလတစ်ခု (t) အတွင်းမှာ ထုတ်လွှတ်လိုက်တဲ့ အလင်းအရေအတွက် (Q) ကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒါကိုတိုင်းတာတဲ့ယူနစ်ကို Lumens (သို့) Lm လို့ခေါ်ပါတယ်။

အလင်းတောက်ပမှုလို့ခေါ်တဲ့ Illumination (E) = /A ကတော့ တစ်စတုရန်းဧရိယာ (A) အပေါ်ကို ကျရောက်တဲ့ Lumens (သို့) Lm () အရေအတွက်ပမာဏကို ဆိုလိုပါတယ်။ အဲဒါကိုတိုင်းတာတဲ့ ယူနစ်ကို Lux လို့ခေါ်ပါတယ်။

အမှတ်တစ်ခုသို့ သက်ရောက်တဲ့ အလင်းတောက်ပမှု Eo = (I/ h2) Cos3 Ө ကတော့ အမှတ်တစ်ခုကို အလင်းပြင်းအား(I) သက်ရောက်မှု ပမာဏကို ဆိုလိုပါတယ်။ အလင်းပြင်အားကိုတော့ I = /4π နဲ့တွက်ယူပါတယ်။ Lumen ဘယ်လောက်ရောက်လဲပေါ့။

အလင်းထွက်အချိုး (Light Output Ratio- LOR)= actual/ ideal ကတော့ ထုတ်လုပ်သူကပြတဲ့ Lumens နဲ့ တကယ်ရတဲ့ Lumens ကြားအချိုးဖြစ်ပါတယ်။

Lamp efficiency သို့ Lamp efficacy “ɳ” = /Pele  ကတော့ ပေးလိုက်ရတဲ့ လျှပ်စစ် စွမ်းအား(Watt) နဲ့ ပြန်ရတဲ့ Lumen ကို အချိုးကို ဆိုလိုပြီး ယူနစ်ကတော့ Lm/ Watt ဖြစ်ပါတယ်။

အခု စာသင်ခန်းတစ်ခုရဲ့ Lighting System တစ်ခုကို ဒီဇိုင်းလုပ်ကြည့်ပါမယ်။

E Area = x N x LLF x UF ဆိုတဲ့ ဖော်မြူလာနဲ့လုပ်ပါတယ်။

LLF = LLD x LDD x LDF x RSDD x LBO x VVF

LLF = Light Loss Factor (အလင်းလျော့စေတဲ့ Maintenance Factor ဖြစ်ပါတယ်)

LLD = Lamp Lumen Depreciation (မီးချောင်း၏ အလင်းလျော့ကျမှု)

LDD = Laminar Dirt Depreciation (အခန်းတွင်းရှိ အရာများကြောင့် အလင်းလှိုင်း လျော့ကျစေမှု)

LDF = Lamp Dirt Factor (မီးချောင်းညစ်ပတ်လာမှုကြောင့် အလင်းလျော့ကျမှု)

LBO = Lamp Burn Out (မီးချောင်း ကျွမ်းလောင်ခြင်း)

VVF = Voltage Variation Factor (ဗိုအားပြောင်းလဲမှု)

UF = Utilization Factor (အခန်းတွင်း အလင်းကျရောက်မှုပမာဏနှင့် မီးချောင်းကထုတ်လွှတ်တဲ့ အလင်းပမာဏကြားအချိုး)

Light Loss Factor (LLF) ကိုတော့ ပုံမှန် ထိန်းသိမ်းမှုလုပ်တဲ့ နေရာတွေအတွက် ၀.၇၆ နဲ့ ၀.၉ အကြားထားပြီး ပုံမှန်ထိန်းသိမ်းမှု မလုပ်တဲ့နေရာတွေမှာတော့ ၀.၆ နဲ့ ၀.၇၅ အကြားထားပြီး တွက်ပါတယ်။

Utilization Factor (UF) ကိုတော့ ဂျာမနီ Standard မှာ ၀.၅ ထားပါတယ်။

ဥပမာ- အလျား(L)= 9 m, အနံ (W)= 6.5 m, အမြင့် (h)= 3 m, LLF Factor= 0.8, UF= 0.5

          3900 Lm ရှိတဲ့ မီးချောင်းကို သုံးမယ်လို့ယူဆပါမယ်။

         E တန်ဖိုးကတော့ CIE Standard အရ 300 Lx ယူရပါမယ်။

         



          Reference: Handbook of Lighting Design by Rüdiger Ganslandt, Harald Hofmann

          N= (E x Area)/ (x LLF x UF) = (300 x 6.5 x 9)/ (3900 x 0.8 x 0.5) = 11.25 12 Nos

          မီးချောင်း (၁၂) ချောင်း လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကတော့ Hand Calculation ပဲဖြစ်ပြီး Intenational မှာ သုံးတဲ့ပုံစံပါ။

အခန်းတွင်း လိုချင်တဲ့ Lumen ပမာဏကို နေရာတိုင်းအတွက် စစ်ဆေးပြီး တွက်ချက်ချင်ရင်တော့ DIALux ဆိုတဲ့ Software နဲ့ AutoCad Drawing တို့ကို တွဲဖက်ပြီးအသုံးပြုပါတယ်။

တစ်စုံတစ်ခုအသုံးဝင်မယ်လို့ ယူဆပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေဗျာ……….